Skip to main content
အရက္အတူေသာက္လာေသာ အမ်ိဳးသား ၂ ဦး ေနာက္ေျပာင္ရာမွ ဓားထိုးမႈျဖစ္ပြားၿပီး ၁ ဦးေသဆုံး
Ads Block

အရက္အတူေသာက္လာေသာ အမ်ိဳးသား ၂ ဦး ေနာက္ေျပာင္ရာမွ ဓားထိုးမႈျဖစ္ပြားၿပီး ၁ ဦးေသဆုံး

ျပည္ႀကီးတံခြန္ၿမိဳ႕နယ္တြင္ အရက္ေသာက္ၿပီးျပန္လာသည့္ အမ်ဳိးသား ၂ ဦး အျပန္အလွန္ေနာက္ေျပာင္ရာမွ စကားမ်ားရန္ျဖစ္ၿပီး ဓားထိုးမႈျဖစ္ပြားကာ ၁ ဦးေသဆုံးသြားေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ မႏၲေလးတိုင္းေဒသႀကီး၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ေတာင္ျမင့္ရပ္ကြက္၊ အကြက္(၉)ေန ထြန္းထြန္းဝင္း၊ (၃၉) ႏွစ္ႏွင့္ တစ္ရပ္ကြက္တည္းေန ေအာင္ေဇာ္ေဇာ္၊ (၂၄)ႏွစ္တို႔သည္ ဇြန္လ ၂၀ ရက္၊ ည ၉ နာရီခြဲခန္႔က အရက္ ဆိုင္၌ အရက္ေသာက္စားၿပီး အတူျပန္လာစဥ္ “မစု” လက္ဖက္ရည္ဆိုင္အေရွ႕အေရာက္ တစ္ဦးႏွင့္တစ္ဦး ေနာက္ေျပာင္ရာမွ စကားမ်ားရန္ျဖစ္ၾကေၾကာင္း ရဲတပ္ဖြဲ႔၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ယင္းသို႔စကားမ်ားရန္ျဖစ္စဥ္ ေအာင္ေဇာ္ေဇာ္က ထြန္းထြန္းဝင္းအား ဓားျဖင့္ထိုးခဲ့ရာ ထိုးသြင္းဒဏ္ရာမ်ားရရွိခဲ့၍ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ေအာင္ေဇာ္ေဇာ္၊ (၂၄)ႏွစ္ကို ျပည္ႀကီးတံခြန္ၿမိဳ႕မရဲစခန္း၌ (ပ)၆၈၃/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ-၃၀၂ ျဖင့္အမႈဖြင့္ထားေၾကာင္း သိရသည္။

- ႏိုင္မင္းလြင္( အကုန္သိ သတင္းဌာန )  | ဓာတ္ပုံ- Kaung Thu Hein

Unicode Version

 

ပြည်ကြီးတံခွန်မြို့နယ်တွင် အရက်သောက်ပြီးပြန်လာသည့် အမျိုးသား ၂ ဦး အပြန်အလှန်နောက်ပြောင်ရာမှ စကားများရန်ဖြစ်ပြီး ဓားထိုးမှုဖြစ်ပွားကာ ၁ ဦးသေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ တောင်မြင့်ရပ်ကွက်၊ အကွက်(၉)နေ ထွန်းထွန်းဝင်း၊ (၃၉) နှစ်နှင့် တစ်ရပ်ကွက်တည်းနေ အောင်ဇော်ဇော်၊ (၂၄)နှစ်တို့သည် ဇွန်လ ၂၀ ရက်၊ ည ၉ နာရီခွဲခန့်က အရက် ဆိုင်၌ အရက်သောက်စားပြီး အတူပြန်လာစဉ် “မစု” လက်ဖက်ရည်ဆိုင်အရှေ့အရောက် တစ်ဦးနှင့်တစ်ဦး နောက်ပြောင်ရာမှ စကားများရန်ဖြစ်ကြကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းသို့စကားများရန်ဖြစ်စဉ် အောင်ဇော်ဇော်က ထွန်းထွန်းဝင်းအား ဓားဖြင့်ထိုးခဲ့ရာ ထိုးသွင်းဒဏ်ရာများရရှိခဲ့၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အောင်ဇော်ဇော်၊ (၂၄)နှစ်ကို ပြည်ကြီးတံခွန်မြို့မရဲစခန်း၌ (ပ)၆၈၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။

- နိုင်မင်းလွင်( အကုန်သိ သတင်းဌာန ) | ဓာတ်ပုံ- Kaung Thu Hein

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။