Skip to main content
တြံေတးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးကို အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္လွစ္
Ads Block

တြံေတးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးကို အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္လွစ္

ေျမပိုင္ဆိုင္မႈအျငင္းပြားခဲ့ျခင္းႏွင့္ပတ္သက္၍ ေငြေတာင္းၿခိမ္းေျခာက္သည့္ တြံေတးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမိုးခိုင္ထြန္းကို အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒျဖင့္အမႈဖြင့္လွစ္ခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ရန္ကုန္တိုင္းေဒသႀကီး၊ တြံေတးၿမိဳ႕နယ္၊ ခေလာက္ခ်ဳိက္ကြင္းေက်း႐ြာအုပ္စု၊ ကြင္းအမွတ္ (၁၅၂)၊ ခေလာက္ ခ်ဳိက္ကြင္း၊ ဦးပိုင္(၈/က)ဧရိယာ ၂၀.၈၂ ဧကကို ေျမပိုင္ဆိုင္မႈအျငင္းပြားခဲ့ျခင္းႏွင့္ပတ္သက္၍ ၿမိဳ႕နယ္အုပ္ခ်ဳပ္ ေရးမွဴးမွ ဖြဲ႕စည္းသည့္ စစ္ေဆးေရးအဖြဲ႕ျဖင့္ စစ္ေဆးခဲ့ရာတြင္ စစ္ေဆးေရးအဖြဲ႕၏ ေရးသားခ်က္မ်ား အမွန္ျဖစ္ ေစေရးအတြက္ ေငြက်ပ္သိန္း ၁၂၀ ေပးခဲ့ရျခင္းႏွင့္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးႏွင့္ အဖြဲ႕သည္ မွန္မွန္ကန္ကန္ေဆာင္႐ြက္ေပးခဲ့ျခင္း မရွိသည့္အျပင္ အသက္အႏၲရာယ္ရွိေၾကာင္း ၿခိမ္းေျခာက္ ေျပာဆိုျခင္းကို အေရးယူေပးပါရန္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္သို႔ တိုင္ၾကားခဲ့ေၾကာင္း သိရသည္။
တိုင္ၾကားစာအရ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕စည္းစစ္ေဆးခဲ့ရာ ရန္ကုန္တိုင္းေဒသႀကီး၊ တြံေတးၿမိဳ႕နယ္၊ ခေလာက္ခ်ိဳက္ေက်း႐ြာအုပ္စု၊ ကြင္းအမွတ္(၁၅၂)၊ ဦးပိုင္အမွတ္ (၈/က)ရွိ လယ္ေျမ ဧရိယာ(၂၀.၈၂)ဧက ေျမယာပိုင္ဆိုင္မႈအျငင္းပြားသည့္ကိစၥတြင္ တြံေတးၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးမိုးခိုင္ထြန္းသည္ နစ္နာသူထံမွ ၂၀၁၈ ခုႏွစ္ ေမလ ၁၅ ရက္၌ တိုင္ၾကားစာေရးသားေပးရန္ ေငြက်ပ္ ၅ သိန္းႏွင့္ တင္ျပလိုသည့္သက္ေသထြက္ဆိုခ်က္မ်ားကို စစ္ေဆးေရးအစီရင္ခံစာတြင္ ထပ္မံ ထည့္သြင္းေပးရန္ ၂၀၁၈ ခုႏွစ္၊ ဇြန္လ ၂၅ ရက္တြင္ ေငြက်ပ္သိန္း ၁၂၀ တို႔ကို ေတာင္းခံရယူခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့ေၾကာင္း ေကာ္မရွင္၏ ဇြန္လ ၂၁ ရက္ ထုတ္ျပန္ခ်က္အရ သိရသည္။
ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ရန္ကုန္တိုင္းေဒသႀကီး၊ တြံေတးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး (ပ/၅၃၈၃) ဦးမိုးခိုင္ထြန္းအေပၚ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၆ အရ ရန္ကုန္တိုင္းေဒသႀကီး၊ တြံေတးၿမိဳ႕မရဲစခန္းတြင္ ဇြန္လ ၂၁ ရက္၌ ပထမသတင္းေပး တိုင္ၾကားခ်က္ဖြင့္လွစ္၍ တရားစြဲဆိုႏိုင္ေရး ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

- ႏိုင္မင္းလြင္( အကုန္သိ သတင္းဌာန )

Unicode Version

 

မြေပိုင်ဆိုင်မှုအငြင်းပွားခဲ့ခြင်းနှင့်ပတ်သက်၍ ငွေတောင်းခြိမ်းခြောက်သည့် တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့်အမှုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ခလောက်ချိုက်ကွင်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၅၂)၊ ခလောက် ချိုက်ကွင်း၊ ဦးပိုင်(၈/က)ဧရိယာ ၂၀.၈၂ ဧကကို မြေပိုင်ဆိုင်မှုအငြင်းပွားခဲ့ခြင်းနှင့်ပတ်သက်၍ မြို့နယ်အုပ်ချုပ် ရေးမှူးမှ ဖွဲ့စည်းသည့် စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့ရာတွင် စစ်ဆေးရေးအဖွဲ့၏ ရေးသားချက်များ အမှန်ဖြစ် စေရေးအတွက် ငွေကျပ်သိန်း ၁၂၀ ပေးခဲ့ရခြင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် မှန်မှန်ကန်ကန်ဆောင်ရွက်ပေးခဲ့ခြင်း မရှိသည့်အပြင် အသက်အန္တရာယ်ရှိကြောင်း ခြိမ်းခြောက် ပြောဆိုခြင်းကို အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ကြောင်း သိရသည်။
တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ခလောက်ချိုက်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၅၂)၊ ဦးပိုင်အမှတ် (၈/က)ရှိ လယ်မြေ ဧရိယာ(၂၀.၈၂)ဧက မြေယာပိုင်ဆိုင်မှုအငြင်းပွားသည့်ကိစ္စတွင် တွံတေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်းသည် နစ်နာသူထံမှ ၂၀၁၈ ခုနှစ် မေလ ၁၅ ရက်၌ တိုင်ကြားစာရေးသားပေးရန် ငွေကျပ် ၅ သိန်းနှင့် တင်ပြလိုသည့်သက်သေထွက်ဆိုချက်များကို စစ်ဆေးရေးအစီရင်ခံစာတွင် ထပ်မံ ထည့်သွင်းပေးရန် ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၅ ရက်တွင် ငွေကျပ်သိန်း ၁၂၀ တို့ကို တောင်းခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ကော်မရှင်၏ ဇွန်လ ၂၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူး (ပ/၅၃၈၃) ဦးမိုးခိုင်ထွန်းအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့မရဲစခန်းတွင် ဇွန်လ ၂၁ ရက်၌ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆိုနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

- နိုင်မင်းလွင်( အကုန်သိ သတင်းဌာန )

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။