Skip to main content
အစ္မ၏ခင္ပြန္းက ေမာင္ျဖစ္သူအား ကိုင္းခုတ္ဓားျဖင့္ ခုတ္သတ္မႈျဖစ္ပြား
Ads Block

အစ္မ၏ခင္ပြန္းက ေမာင္ျဖစ္သူအား ကိုင္းခုတ္ဓားျဖင့္ ခုတ္သတ္မႈျဖစ္ပြား

လက္ပံတန္းၿမိဳ႕နယ္၌ အစ္မ၏ခင္ပြန္းက ေမာင္ျဖစ္သူအား ကိုင္းခုတ္ဓားျဖင့္ ခုတ္သတ္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အစ္မ၏ခင္ပြန္းက ေမာင္ျဖစ္သူအား ကိုင္းခုတ္ဓားျဖင့္ ခုတ္သတ္မႈျဖစ္ပြား


ျဖစ္စဥ္မွာ ပဲခူးတိုင္းေဒသႀကီး၊ လက္ပံတန္းၿမိဳ႕နယ္၊ ျမင္က၀ေက်းရြာအုပ္စု၊ ေအးသာယာရြာ (ေဒသအေခၚ) ေရတံခါးရပ္၌ ဇြန္လ ၂၀ ရက္၊ ညေန ၃ နာရီခြဲခန္႔က လူသတ္မႈျဖစ္ပြားေၾကာင္း သတင္းေပးမႈအရ တာ၀န္ရွိသူမ်ားက သြားေရာက္စစ္ေဆးခဲ့ၾကသည္။
စစ္ေဆးခ်က္အရ ေသဆံုးသူမွာ အဆိုပါေက်းရြာေန ဖိုးကြီး(ခ)ခိုင္လင္းႏုိင္(၃၁)ႏွစ္ဆိုသူျဖစ္ၿပီး လည္ပင္း/လည္ျပြန္ ၅ လက္မခန္႔ျပတ္ရွ၊ ၀ဲပါးမ်က္လံုးမွ ေမးရိုးထိ ၅ လက္မျပတ္ရွ၊ ရင္ဘတ္အလယ္ တည့္တည့္ ၆ လက္မခန္႔၊ ၀ဲလက္ဖ်ံ ၂ လက္မႏွင့္ ၀ဲလက္သူၾကြယ္ ၂ လက္မျပတ္ရွဒဏ္ရာမ်ားျဖင့္ ေသဆံုးေနသည္ကိုေတြ႔ရွိခဲ့ၾကၿပီး ျပစ္မႈက်ဴးလြန္သူမွာ ေသဆံုးသူ၏ေယာက္ဖျဖစ္သူ စံေအး၊ (၄၆)ႏွစ္ျဖစ္ေၾကာင္း သိရွိခဲ့ၾကသည္။
အခင္းျဖစ္ပြားပံုကို စစ္ေဆးရာ၌ ေသဆံုးသူ၏အစ္မ မေအးေမာ္၏ သားျဖစ္သူ(ေသဆံုးသူ၏တူ) ေက်ာင္းသြားႀကိဳသည့္ကိစၥႏွင့္ ေမာင္ႏွမခ်င္းရန္ျဖစ္စကားမ်ားၾကရာမွ ေမာင္ျဖစ္သူ ဖိုးကြီး(ခ)ခိုင္လင္းႏုိင္က စေကဘာျဖင့္အစ္မျဖစ္သူမေအးေမာ္ကိုလိုက္လံထိုးခဲ့၍ရန္ျပဳခဲ့သျဖင့္ အစ္မျဖစ္သူမွာ အနီးရွိေနအိမ္သို႔ ထြက္ေျပး၍တိမ္းေရွာင္ေနရသည္။
ထိုအခ်ိန္တြင္ လယ္ေတာထဲမွျပန္လာေသာ မေအးေမာ္၏ခင္ပြန္းစံေအးကေတြ႔ရွိသျဖင့္  ထိုသို႔မျပဳရန္ တားဆီး၍ေျပာဆိုစဥ္ ေယာက္ဖျဖစ္သူဖိုးကြီး(ခ)ခိုင္လင္းႏုိင္ကနားမေထာင္ဘဲ အနီးရွိ၀ါးလံုးႏွင့္ ရိုက္ႏွက္ေသာေၾကာင့္ ၎၏လက္ထဲမွစေကဘာကိုလုယူ၍ အိမ္အျပင္၀ါးထရံ၌ေထာင္ထားေသာ ကိုင္းခုတ္ဓားျဖင့္ေသဆံုးသည္အထိ ခုတ္သတ္လိုက္ျခင္းျဖစ္ေၾကာင္း သိရွိခဲ့ရသည္။
ထို႔ေၾကာင့္ စံေအး(၄၆)ႏွစ္ကို ခမံုနယ္ေျမရဲစခန္း၌ လူသတ္မႈျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သတင္းရရွိသည္။

-  ဒါးဇ ( အကုန္သိ သတင္းဌာန ) 

Unicode Version

 

လက်ပံတန်းမြို့နယ်၌ အစ်မ၏ခင်ပွန်းက မောင်ဖြစ်သူအား ကိုင်းခုတ်ဓားဖြင့် ခုတ်သတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ မြင်ကဝကျေးရွာအုပ်စု၊ အေးသာယာရွာ (ဒေသအခေါ်) ရေတံခါးရပ်၌ ဇွန်လ ၂၀ ရက်၊ ညနေ ၃ နာရီခွဲခန့်က လူသတ်မှုဖြစ်ပွားကြောင်း သတင်းပေးမှုအရ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြသည်။
စစ်ဆေးချက်အရ သေဆုံးသူမှာ အဆိုပါကျေးရွာနေ ဖိုးကွီး(ခ)ခိုင်လင်းနိုင်(၃၁)နှစ်ဆိုသူဖြစ်ပြီး လည်ပင်း/လည်ပြွန် ၅ လက်မခန့်ပြတ်ရှ၊ ဝဲပါးမျက်လုံးမှ မေးရိုးထိ ၅ လက်မပြတ်ရှ၊ ရင်ဘတ်အလယ် တည့်တည့် ၆ လက်မခန့်၊ ဝဲလက်ဖျံ ၂ လက်မနှင့် ဝဲလက်သူကြွယ် ၂ လက်မပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ကြပြီး ပြစ်မှုကျူးလွန်သူမှာ သေဆုံးသူ၏ယောက်ဖဖြစ်သူ စံအေး၊ (၄၆)နှစ်ဖြစ်ကြောင်း သိရှိခဲ့ကြသည်။
အခင်းဖြစ်ပွားပုံကို စစ်ဆေးရာ၌ သေဆုံးသူ၏အစ်မ မအေးမော်၏ သားဖြစ်သူ(သေဆုံးသူ၏တူ) ကျောင်းသွားကြိုသည့်ကိစ္စနှင့် မောင်နှမချင်းရန်ဖြစ်စကားများကြရာမှ မောင်ဖြစ်သူ ဖိုးကွီး(ခ)ခိုင်လင်းနိုင်က စကေဘာဖြင့်အစ်မဖြစ်သူမအေးမော်ကိုလိုက်လံထိုးခဲ့၍ရန်ပြုခဲ့သဖြင့် အစ်မဖြစ်သူမှာ အနီးရှိနေအိမ်သို့ ထွက်ပြေး၍တိမ်းရှောင်နေရသည်။
ထိုအချိန်တွင် လယ်တောထဲမှပြန်လာသော မအေးမော်၏ခင်ပွန်းစံအေးကတွေ့ရှိသဖြင့်  ထိုသို့မပြုရန် တားဆီး၍ပြောဆိုစဉ် ယောက်ဖဖြစ်သူဖိုးကွီး(ခ)ခိုင်လင်းနိုင်ကနားမထောင်ဘဲ အနီးရှိဝါးလုံးနှင့် ရိုက်နှက်သောကြောင့် ၎င်း၏လက်ထဲမှစကေဘာကိုလုယူ၍ အိမ်အပြင်ဝါးထရံ၌ထောင်ထားသော ကိုင်းခုတ်ဓားဖြင့်သေဆုံးသည်အထိ ခုတ်သတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။
ထို့ကြောင့် စံအေး(၄၆)နှစ်ကို ခမုံနယ်မြေရဲစခန်း၌ လူသတ်မှုဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

-  ဒါးဇ ( အကုန်သိ သတင်းဌာန )

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။