Skip to main content
ျပည္လမ္းတြင္ YBS ၃၇ ႏွင့္ Hijet ယာဥ္ တိုက္မိရာမွ၂ ဦးေသဆုံး ၂ ဦးဒဏ္ရာရ
Ads Block

ျပည္လမ္းတြင္ YBS ၃၇ ႏွင့္ Hijet ယာဥ္ တိုက္မိရာမွ၂ ဦးေသဆုံး ၂ ဦးဒဏ္ရာရ

မရမ္းကုန္းၿမိဳ႕နယ္၊ ျပည္လမ္း၊ ေအ၀မ္းမွတ္တိုင္အနီးတြင္ ဇြန္လ ၁၈ ရက္၊ နံနက္ပိုင္းက ေလဆိပ္သို႔သြားသည့္ Hijet ယာဥ္က YBS ၃၇ ယာဥ္ကို ဝင္တိုက္မိသျဖင့္ ၂ ဦးေသဆုံးကာ ၂ ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
ရန္ကုန္တိုင္းေဒသႀကီး၊ မရမ္းကုန္းၿမိဳ႕နယ္၊ အမွတ္ (၄)ရပ္ကြက္၊ ျပည္လမ္း၊ ေအ၀မ္းမွတ္တိုင္အနီး ရတနာအိမ္ရာေရွ႕တြင္ ဇြန္ လ ၁၈ ရက္၊ နံနက္ ၅ နာရီ ၄၅ မိနစ္ခန္႔က (၈)မိုင္ဘက္မွ ေမာင္းႏွင္းလာေသာ Hijet အျဖဴေရာင္သည္ အရွိန္မထိန္းနိုင္ဘဲ တစ္ ဖက္ယာဥ္ေၾကာရွိ အင္းစိန္ဘက္မွ (၈)မိုင္ဘက္သို႔ေမာင္းႏွင္းလာေသာ YBS ၃၇ အဝါ ေရာင္ယာဥ္အား ဝင္တိုက္ခဲ့ေၾကာင္း မရမ္း ကုန္းၿမိဳ႕မရဲစခန္းမွ သိရသည္။
“Hijet ယာဥ္က ၈ မိုင္ဘက္ကေန ျဖတ္ေမာင္းၿပီးေတာ့ ေလဆိပ္ကိုသြားတာ အရွိန္လြန္ၿပီးေတာ့ တစ္ဖက္ယာဥ္ ေၾကာက YBS ၃၇ ယာဥ္ကို ဝင္တိုက္ခဲ့တာပါ။ သူတို႔က ၿမိတ္ကိုျပန္ဖို႔ ေလဆိပ္ကိုသြားရင္းနဲ႔ တိုက္မိခဲ့တာပါ။ အဲဒီေနရာက ခဏခဏ ယာဥ္ တိုက္မႈ ျဖစ္တယ္။ ျပည္လမ္းမွာ ယာဥ္တိုက္မႈျဖစ္ရင္ အဲဒီေနရာက အမ်ားဆုံးပဲ”ဟု မရမ္းကုန္းၿမိဳ႕မရဲစခန္းမွ တာဝန္ရွိသူတစ္ဦး က အကုန္သိသတင္းဌာနသို႔ ေျပာသည္။
အဆိုပါ ဝင္တိုက္မိမႈေၾကာင့္ Hijet အျဖဴေရာင္ယာဥ္ေပၚပါ ၄ ဦးအနက္ ယာဥ္ေမာင္း ေစာကိုကို၊ (၄၃)ႏွစ္၊ ေအာင္ေဇယ်ရပ္ကြ က္၊ ရန္ကင္းၿမိဳ႕နယ္၊ ရန္ကုန္တိုင္းေဒသႀကီး ေနသူႏွင့္ ခ်စ္ကိုကုိ (၃၈)ႏွစ္၊ ၿမိတ္ၿမိဳ႕နယ္၊ တနသၤာရီတိုင္းေဒသႀကီး ေနသူတို႔ ၂ ဦးသည္ အခင္းျဖစ္ေနရာတြင္ ေသဆုံးခဲ့ၿပီး တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ၿမိဳ႕နယ္ေနသူ ဆက္ပိုင္ဦး (၂၃)ႏွစ္ႏွင့္ မအင္ၾကင္းပြင့္၊ (၂၀)ႏွစ္တို႔မွာ မစိုးရိမ္ရ ဒဏ္ရာမ်ားရရွိခဲ့သျဖင့္ ေသဆုံးသူႏွင့္ ဒဏ္ရာရရွိသူမ်ားကို ရန္ကုန္ျပည္သူ႔ေဆးရုံႀကီးသို႔ ပို႔ေဆာင္ထား ေၾကာင္း သိရသည္။
ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ Hijet ယာဥ္ေမာင္း ေစာကိုကို(ေသဆုံး)၊ (၄၃)ႏွစ္၊ ေအာင္ေဇယ်ရပ္ကြက္၊ ရန္ကင္း ၿမိဳ႕နယ္၊ ရန္ ကုန္တိုင္းေဒသႀကီးေနသူကို မရမ္းကုန္းၿမိဳ႕မရဲစခန္း၌ ယာဥ္(ပ)၁၅/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ-၃၀၄(က)၊ ၃၃၈၊ ၂၇၉ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။


- ႏိုင္မင္းလြင္ ( အကုန္သိ သတင္းဌာန ) | ဓာတ္ပုံ-  လွည္းကူးငါးပိခ်က္

Unicode Version

 

မရမ်းကုန်းမြို့နယ်၊ ပြည်လမ်း၊ အေဝမ်းမှတ်တိုင်အနီးတွင် ဇွန်လ ၁၈ ရက်၊ နံနက်ပိုင်းက လေဆိပ်သို့သွားသည့် Hijet ယာဉ်က YBS ၃၇ ယာဉ်ကို ဝင်တိုက်မိသဖြင့် ၂ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၄)ရပ်ကွက်၊ ပြည်လမ်း၊ အေဝမ်းမှတ်တိုင်အနီး ရတနာအိမ်ရာရှေ့တွင် ဇွန် လ ၁၈ ရက်၊ နံနက် ၅ နာရီ ၄၅ မိနစ်ခန့်က (၈)မိုင်ဘက်မှ မောင်းနှင်းလာသော Hijet အဖြူရောင်သည် အရှိန်မထိန်းနိုင်ဘဲ တစ် ဖက်ယာဉ်ကြောရှိ အင်းစိန်ဘက်မှ (၈)မိုင်ဘက်သို့မောင်းနှင်းလာသော YBS ၃၇ အဝါ ရောင်ယာဉ်အား ဝင်တိုက်ခဲ့ကြောင်း မရမ်း ကုန်းမြို့မရဲစခန်းမှ သိရသည်။
“Hijet ယာဉ်က ၈ မိုင်ဘက်ကနေ ဖြတ်မောင်းပြီးတော့ လေဆိပ်ကိုသွားတာ အရှိန်လွန်ပြီးတော့ တစ်ဖက်ယာဉ် ကြောက YBS ၃၇ ယာဉ်ကို ဝင်တိုက်ခဲ့တာပါ။ သူတို့က မြိတ်ကိုပြန်ဖို့ လေဆိပ်ကိုသွားရင်းနဲ့ တိုက်မိခဲ့တာပါ။ အဲဒီနေရာက ခဏခဏ ယာဉ် တိုက်မှု ဖြစ်တယ်။ ပြည်လမ်းမှာ ယာဉ်တိုက်မှုဖြစ်ရင် အဲဒီနေရာက အများဆုံးပဲ”ဟု မရမ်းကုန်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦး က အကုန်သိသတင်းဌာနသို့ ပြောသည်။
အဆိုပါ ဝင်တိုက်မိမှုကြောင့် Hijet အဖြူရောင်ယာဉ်ပေါ်ပါ ၄ ဦးအနက် ယာဉ်မောင်း စောကိုကို၊ (၄၃)နှစ်၊ အောင်ဇေယျရပ်ကွ က်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး နေသူနှင့် ချစ်ကိုကို (၃၈)နှစ်၊ မြိတ်မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး နေသူတို့ ၂ ဦးသည် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်နေသူ ဆက်ပိုင်ဦး (၂၃)နှစ်နှင့် မအင်ကြင်းပွင့်၊ (၂၀)နှစ်တို့မှာ မစိုးရိမ်ရ ဒဏ်ရာများရရှိခဲ့သဖြင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထား ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ Hijet ယာဉ်မောင်း စောကိုကို(သေဆုံး)၊ (၄၃)နှစ်၊ အောင်ဇေယျရပ်ကွက်၊ ရန်ကင်း မြို့နယ်၊ ရန် ကုန်တိုင်းဒေသကြီးနေသူကို မရမ်းကုန်းမြို့မရဲစခန်း၌ ယာဉ်(ပ)၁၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၀၄(က)၊ ၃၃၈၊ ၂၇၉ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

- နိုင်မင်းလွင် ( အကုန်သိ သတင်းဌာန ) | ဓာတ်ပုံ-  လှည်းကူးငါးပိချက်

 

 

 

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။