Skip to main content
ဦးဝီရသူကို တရားခံေျပးဟု သံုးႏႈန္းျခင္းအေပၚ တရားစြဲဆိုမည္ဟုဆို
Ads Block

ဦးဝီရသူကို တရားခံေျပးဟု သံုးႏႈန္းျခင္းအေပၚ တရားစြဲဆိုမည္ဟုဆို

Myanmar Now အယ္ဒီတာခ်ဳပ္ ကိုေဆြဝင္းကို အမ်ိဳးသားေရးလႈပ္ရွားသူ ဦးေက်ာ္မ်ိဳးေရႊက ဆက္သြယ္ေရး ဥပေဒ ပုဒ္မ - ၆၆ (ဃ) ျဖင့္ တရားစြဲဆိုထားသည့္ အမႈ ေလွ်ာက္လဲခ်က္တြင္ ဆရာေတာ္ ဦး၀ီရသူအား "တရားခံေျပး" ဟု သံုးစြဲထားျခင္းအေပၚ တရားစြဲဆိုသြားမည္ ျဖစ္ေၾကာင္း သိရသည္။
တရားလို ဦးေက်ာ္မ်ဳိးေရႊက ဇြန္လ ၁၈ ရက္ (၆၈) ႀကိမ္ေျမာက္ရုံးခ်ိန္းတြင္ မီဒီယာမ်ားကို ေျပာၾကားခဲ့ျခင္း ျဖစ္ေၾကာင္း သိရ သည္။
“ ဘာျဖစ္လို႔လည္းဆိုေတာ့ ဆရာေတာ္က အခုခ်ိန္ထိ တရားခံေျပးမဟုတ္ေသးဘူး။ ဖမ္းဝရမ္းထုတ္ခံထားရတဲ့ အဆင့္ပဲရွိ ေသး တယ္။ အဲဒါေၾကာင့္ သူ႔ကို တရားခံေျပးလို႔ ေခၚလို႔မရေသးဘူး။ ဆရာေတာ္က အေျခအေနအေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ျဖစ္ေနတဲ့ ျပႆနာမွာ သူတို႔ဘက္က ေစာင့္ရမွာပဲေလ။ ဒီအမႈတည္ေဆာက္ထားတာကလည္း အားလုံးခိုင္ခိုင္မာမာတည္ေဆာက္ထားတာ ေလ။ ကိုေဆြဝင္းကို စြဲမွာလား၊ သူ႔ ေရွ႕ေနကို စြဲမွာလားဆိုတာ ကြ်န္ေတာ္တို႔ တိုင္ပင္ရဦးမယ္” ဟု တရားလို ဦးေက်ာ္မ်ဳိးေရႊ၏ ေရွ႕ေနျဖစ္သူ တရား လႊတ္ေတာ္ေရွ႕ေန ဦးေဇာ္ဝိတ္က အကုန္သိသတင္းဌာနသို႔ ျပန္လည္ ေျပာျပခဲ့သည္။
Myanmar Now အယ္ဒီတာခ်ဳပ္ ကိုေဆြဝင္းသည္ ဦးဝီရသူကို ပါရာဇိကက်ေနၿပီျဖစ္ေၾကာင္း ဆရာေတာ္တစ္ပါး၏ ေျပာစကား ကို ကိုးကားေရးထားသည့္ သတင္းအား ၄င္း၏ လူမႈကြန္ရက္စာမ်က္နွာတြင္ မွ်ေဝခဲ့သည့္အတြက္ ဦးေက်ာ္မ်ဳိးေရႊက ဆက္သြယ္ ေရးဥပေဒ ပုဒ္မ - ၆၆ (ဃ) ျဖင့္ အမႈဖြင့္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
လက္ရိွတြင္ ဆရာေတာ္ ဦး၀ီရသူသည္ တရားစြဲဆိုခံထားရၿပီး တိမ္းေရွာင္ေနသည့္အတြက္ မ်က္ကြယ္ အမႈ စစ္ေဆးမႈမ်ား စတင္ျပဳလုပ္ေနၿပီလည္း ျဖစ္သည္။

- ႏိုင္မင္းလြင္( အကုန္သိ သတင္းဌာန )

Unicode Version

 

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို အမျိုးသားရေးလှုပ်ရှားသူ ဦးကျော်မျိုးရွှေက ဆက်သွယ်ရေး ဥပဒေ ပုဒ်မ - ၆၆ (ဃ) ဖြင့် တရားစွဲဆိုထားသည့် အမှု လျှောက်လဲချက်တွင် ဆရာတော် ဦးဝီရသူအား "တရားခံပြေး" ဟု သုံးစွဲထားခြင်းအပေါ် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း သိရသည်။
တရားလို ဦးကျော်မျိုးရွှေက ဇွန်လ ၁၈ ရက် (၆၈) ကြိမ်မြောက်ရုံးချိန်းတွင် မီဒီယာများကို ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။
“ ဘာဖြစ်လို့လည်းဆိုတော့ ဆရာတော်က အခုချိန်ထိ တရားခံပြေးမဟုတ်သေးဘူး။ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ အဆင့်ပဲရှိ သေး တယ်။ အဲဒါကြောင့် သူ့ကို တရားခံပြေးလို့ ခေါ်လို့မရသေးဘူး။ ဆရာတော်က အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ဖြစ်နေတဲ့ ပြဿနာမှာ သူတို့ဘက်က စောင့်ရမှာပဲလေ။ ဒီအမှုတည်ဆောက်ထားတာကလည်း အားလုံးခိုင်ခိုင်မာမာတည်ဆောက်ထားတာ လေ။ ကိုဆွေဝင်းကို စွဲမှာလား၊ သူ့ ရှေ့နေကို စွဲမှာလားဆိုတာ ကျွန်တော်တို့ တိုင်ပင်ရဦးမယ်” ဟု တရားလို ဦးကျော်မျိုးရွှေ၏ ရှေ့နေဖြစ်သူ တရား လွှတ်တော်ရှေ့နေ ဦးဇော်ဝိတ်က အကုန်သိသတင်းဌာနသို့ ပြန်လည် ပြောပြခဲ့သည်။
Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းသည် ဦးဝီရသူကို ပါရာဇိကကျနေပြီဖြစ်ကြောင်း ဆရာတော်တစ်ပါး၏ ပြောစကား ကို ကိုးကားရေးထားသည့် သတင်းအား ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် မျှဝေခဲ့သည့်အတွက် ဦးကျော်မျိုးရွှေက ဆက်သွယ် ရေးဥပဒေ ပုဒ်မ - ၆၆ (ဃ) ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဆရာတော် ဦးဝီရသူသည် တရားစွဲဆိုခံထားရပြီး တိမ်းရှောင်နေသည့်အတွက် မျက်ကွယ် အမှု စစ်ဆေးမှုများ စတင်ပြုလုပ်နေပြီလည်း ဖြစ်သည်။

- နိုင်မင်းလွင်( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။