Skip to main content
ရန္ကုန္တုိင္းေဒသႀကီးအေနျဖင့္ ေရႀကီးသည့္စာရင္းက လြတ္ေျမာက္လာၿပီဟု ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းေျပာ
Ads Block

ရန္ကုန္တုိင္းေဒသႀကီးအေနျဖင့္ ေရႀကီးသည့္စာရင္းက လြတ္ေျမာက္လာၿပီဟု ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းေျပာ

ရန္ကုန္တုိင္းေဒသႀကီး အေနျဖင့္ မိုးရြာလွ်င္ ေရႀကီးသည့္စာရင္းမွ လြတ္ေျမာက္လာၿပီျဖစ္ေၾကာင္း ရန္ကုန္တုိင္းေဒသႀကီး အစိုးရအဖြဲ႔ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာၾကားလုိက္သည္။ ဇြန္လ ၁၈ ရက္ကက်င္းပသည့္ ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ အစည္းအေဝးအၿပီးတြင္ သတင္းေထာက္မ်ား၏ ေမးျမန္းမႈ မ်ားကို ေျဖၾကားရာတြင္ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။ “ ႏွစ္စဥ္ႏွစ္တုိင္း ဘီလီယံ ၂၀၊ ၃၀ သံုးစြဲခဲ့ပါတယ္။ အခုကၽြန္ေတာ္တုိ႔ ၃ ႏွစ္အတြင္းကို ေရာက္ရွိခဲ့ၿပီျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ မုိးတြင္းကာလတုန္းက တုိင္းနဲ႔ျပည္နယ္ေတြအတြင္းမွာ ကၽြန္ေတာ္တုိ႔ ရွင္းရွင္းေျပာရရင္ မုိးမ်ားမ်ားရြာရင္ ေရတင္တယ္။ ဒါေပမဲ့ ေရႀကီးတဲ့ စာရင္းကေတာ့ ကၽြန္ေတာ္တုိ႔ လြတ္ေျမာက္လာခဲ့ပါတယ္”ဟု ဦးၿဖိဳးမင္းသိန္းက ေျပာသည္။ ၂၀၁၉ ခုႏွစ္ မုိးတြင္းကာလတြင္လည္း ယခုအေျခအေနကို ထိန္းသိမ္းၿပီး ေရႀကီးေရလွ်ံမႈမွ ေလ်ာ့ႏုိင္ရန္ ကမၻာ့ဘဏ္ အကူအညီ ျဖင့္ ေရတံခါးတပ္ဆင္ျခင္း၊ ပန္႔ျဖင့္ စုပ္ထုတ္ျခင္း၊ ေျမာင္းခ်ဲ႕ျခင္းမ်ားကိုလည္း လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ၎ကေျပာ သည္။ ထုိသို႔လုပ္ေဆာင္ရာတြင္ ရန္ကုန္ၿမိဳ႕တြင္း ၆ ၿမိဳ႕နယ္ကို ဦးစားေပးလုပ္ေဆာင္သြားမည္ျဖစ္ၿပီး ေနာက္ပိုင္းတြင္ က်န္ၿမိဳ႕နယ္မ်ား ကို ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ရန္ကုန္တုိင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာသည္။ လာမည့္ဘ႑ာႏွစ္မ်ားတြင္ ရန္ကုန္တုိင္းေဒသႀကီးအတြင္း ေရထိန္းတံခါးမ်ား တပ္ဆင္ႏုိင္ရန္ ႀကိဳပမ္းေဆာင္ရြက္သြားမည္ျဖစ္ ေၾကာင္း သိရသည္။

- ခ်မ္းၿငိမ္း ( အကုန္သိ သတင္းဌာန )

Unicode Version

 

ရန်ကုန်တိုင်းဒေသကြီး အနေဖြင့် မိုးရွာလျှင် ရေကြီးသည့်စာရင်းမှ လွတ်မြောက်လာပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်သည်။
ဇွန်လ ၁၈ ရက်ကကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးအပြီးတွင် သတင်းထောက်များ၏ မေးမြန်းမှု များကို ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ နှစ်စဉ်နှစ်တိုင်း ဘီလီယံ ၂၀၊ ၃၀ သုံးစွဲခဲ့ပါတယ်။ အခုကျွန်တော်တို့ ၃ နှစ်အတွင်းကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မိုးတွင်းကာလတုန်းက တိုင်းနဲ့ပြည်နယ်တွေအတွင်းမှာ ကျွန်တော်တို့ ရှင်းရှင်းပြောရရင် မိုးများများရွာရင် ရေတင်တယ်။ ဒါပေမဲ့ ရေကြီးတဲ့ စာရင်းကတော့ ကျွန်တော်တို့ လွတ်မြောက်လာခဲ့ပါတယ်”ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။
၂၀၁၉ ခုနှစ် မိုးတွင်းကာလတွင်လည်း ယခုအခြေအနေကို ထိန်းသိမ်းပြီး ရေကြီးရေလျှံမှုမှ လျော့နိုင်ရန် ကမ္ဘာ့ဘဏ် အကူအညီ ဖြင့် ရေတံခါးတပ်ဆင်ခြင်း၊ ပန့်ဖြင့် စုပ်ထုတ်ခြင်း၊ မြောင်းချဲ့ခြင်းများကိုလည်း  လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကပြော သည်။
ထိုသို့လုပ်ဆောင်ရာတွင် ရန်ကုန်မြို့တွင်း ၆ မြို့နယ်ကို ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် ကျန်မြို့နယ်များ ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
လာမည့်ဘဏ္ဍာနှစ်များတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေထိန်းတံခါးများ တပ်ဆင်နိုင်ရန် ကြိုပမ်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

- ချမ်းငြိမ်း ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။