Skip to main content
အေမရိကန္တြင္ တရားမ၀င္ ေရႊ ့ေျပာင္း၀င္ေရာက္ေနထုိင္ေနသူ သန္းေပါင္းမ်ားစြာကုိ ဖယ္ရွားရွင္းလင္း ေတာ့မည္ဟု သမၼတ ထရန္ ့ ေျပာ
Ads Block

အေမရိကန္တြင္ တရားမ၀င္ ေရႊ ့ေျပာင္း၀င္ေရာက္ေနထုိင္ေနသူ သန္းေပါင္းမ်ားစြာကုိ ဖယ္ရွားရွင္းလင္း ေတာ့မည္ဟု သမၼတ ထရန္ ့ ေျပာ

အေမရိကန္ႏုိင္ငံမွာ တရားမ၀င္ ၀င္ေရာက္ေနထုိင္ေနတဲ့ သန္းနဲ ့ခ်ီေသာ ေရႊ ့ေျပာင္းအေျခခ်ေတြကုိ အေမရိကန္အာဏာပုိင္ေတြက ေနာက္သီတင္းပတ္မွစကာ ဖယ္ရွားရွင္းလင္းေတာ့မွာျဖစ္ေၾကာင္း သမၼတ ေဒၚနယ္ထရန္ ့က တနလၤာေန ့မွာ ေျပာဆုိခဲ့ပါတယ္။

အေမရိကန္တြင္ တရားမ၀င္ ေရႊ ့ေျပာင္း၀င္ေရာက္ေနထုိင္ေနသူ သန္းေပါင္းမ်ားစြာကုိ ဖယ္ရွားရွင္းလင္း ေတာ့မည္ဟု သမၼတ ထရန္ ့ ေျပာ


အေမရိကန္ျပည္ေထာင္စုအတြင္း ဥပေဒနဲ ့မညီတဲ့ နည္းလမ္းေတြနဲ ့ ၀င္ေရာက္လာေၾကာင္း ေတြ ့ရွိတဲ့ တရားမ၀င္ ၀င္ေရာက္ေနထုိင္သူေတြအား ဖယ္ရွားရွင္းလင္းေရး လုပ္ငန္းစဥ္ကုိ ေနာက္သီတင္းပတ္မွာ လ၀ကနဲ ့အေကာက္ခြန္ အာဏာပုိင္ Immigration and Enforcement ( ICE ) က စတင္သြားမွာျဖစ္ေၾကာင္း ထရန္ ့က တြစ္တာမွာ ေရးသားခဲ့ပါတယ္။
ခန္ ့မွန္းေျခအားျဖင့္ အေမရိကန္ျပည္ေထာင္စုမွာ တရားမ၀င္ ေရႊ ့ေျပာင္းအေျခခ်ေနထုိင္သူ ၁၂ သန္း ခန္ ့ရွိၿပီး အမ်ားစုက မကၠဆီကုိနဲ ့ဗဟုိအေမရိကန္ေဒသက ၀င္ေရာက္သူေတြျဖစ္ပါတယ္။
ယခုသီတင္းပတ္ အေစာပုိင္းက သေဘာတူညီခ်က္တစ္ခုအရ အေမရိကန္ျပည္ေထာင္စုမွာ ခုိလႈံခြင့္ေလွ်ာက္ထားတဲ့ ဗဟုိအေမရိကေဒသ ေရႊ ့ေျပာင္းေတြနဲ ့ပတ္သက္ၿပီး ၄င္းတုိ ့အေရးကုိ အေမရိကန္ တရားရုံးေတြမွာ ၾကားနာမႈမလုပ္ခင္အထိ ၄င္းတုိ ့ေတြကုိ မကၠဆီကုိမွာ လက္ခံေပးထားဖုိ ့ မကၠဆီကုိအစုိးရက သေဘာတူခဲ့ရပါတယ္။ မကၠဆီကုိ သြင္းကုန္ေတြကုိ အခြန္စည္းၾကပ္ပစ္မယ္ဆုိတဲ့ ထရန္ ့ရဲ႕ ၿခိမ္းေျခာက္မႈကုိ ေရွာင္လႊဲႏုိင္ေရး ယင္း သေဘာတူညီခ်က္ထဲမွာ ဗဟုိအေမရိကေရႊ ့ေျပာင္းေတြ အေမရိကန္နယ္စပ္ကုိ လာေရာက္ေနမႈ ရပ္တန္ ့သြားေစဖုိ ့ နယ္စပ္မွာ မကၠဆီကုိ အမ်ဳိးသားအေစာင့္တပ္ဖြဲ ့၀င္ေတြ တပ္ျဖန္ ့ခ်ထားဖုိ႔ လည္း သေဘာတူခဲ့ပါတယ္။

Ref : bdnews 24

Unicode Version

အမေရိကန်နိုင်ငံမှာ တရားမဝင် ဝင်ရောက်နေထိုင်နေတဲ့ သန်းနဲ့ချီသော ရွှေ့ပြောင်းအခြေချတွေကို အမေရိကန်အာဏာပိုင်တွေက နောက်သီတင်းပတ်မှစကာ ဖယ်ရှားရှင်းလင်းတော့မှာဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က တနင်္လာနေ့မှာ ပြောဆိုခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုအတွင်း ဥပဒေနဲ့မညီတဲ့ နည်းလမ်းတွေနဲ့ ဝင်ရောက်လာကြောင်း တွေ့ရှိတဲ့ တရားမဝင် ဝင်ရောက်နေထိုင်သူတွေအား ဖယ်ရှားရှင်းလင်းရေး လုပ်ငန်းစဉ်ကို နောက်သီတင်းပတ်မှာ လဝကနဲ့အကောက်ခွန် အာဏာပိုင် Immigration and Enforcement ( ICE ) က စတင်သွားမှာဖြစ်ကြောင်း ထရန့်က တွစ်တာမှာ ရေးသားခဲ့ပါတယ်။
ခန့်မှန်းခြေအားဖြင့် အမေရိကန်ပြည်ထောင်စုမှာ တရားမဝင် ရွှေ့ပြောင်းအခြေချနေထိုင်သူ ၁၂ သန်း ခန့်ရှိပြီး အများစုက မက္ကဆီကိုနဲ့ဗဟိုအမေရိကန်ဒေသက ဝင်ရောက်သူတွေဖြစ်ပါတယ်။
ယခုသီတင်းပတ် အစောပိုင်းက သဘောတူညီချက်တစ်ခုအရ အမေရိကန်ပြည်ထောင်စုမှာ ခိုလှုံခွင့်လျှောက်ထားတဲ့ ဗဟိုအမေရိကဒေသ ရွှေ့ပြောင်းတွေနဲ့ပတ်သက်ပြီး ၎င်းတို့အရေးကို အမေရိကန် တရားရုံးတွေမှာ ကြားနာမှုမလုပ်ခင်အထိ ၎င်းတို့တွေကို မက္ကဆီကိုမှာ လက်ခံပေးထားဖို့ မက္ကဆီကိုအစိုးရက သဘောတူခဲ့ရပါတယ်။ မက္ကဆီကို သွင်းကုန်တွေကို အခွန်စည်းကြပ်ပစ်မယ်ဆိုတဲ့ ထရန့်ရဲ့ ခြိမ်းခြောက်မှုကို ရှောင်လွှဲနိုင်ရေး ယင်း သဘောတူညီချက်ထဲမှာ ဗဟိုအမေရိကရွှေ့ပြောင်းတွေ အမေရိကန်နယ်စပ်ကို လာရောက်နေမှု ရပ်တန့်သွားစေဖို့ နယ်စပ်မှာ မက္ကဆီကို အမျိုးသားအစောင့်တပ်ဖွဲ့ဝင်တွေ တပ်ဖြန့်ချထားဖို့ လည်း သဘောတူခဲ့ပါတယ်။

Ref : bdnews 24

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။