Skip to main content
ဖမ္းဝရမ္းထုတ္ခံထားရသည့္ ဦးဝီရသူကို ဥပေဒႏွင့္အညီေဆာင္ရြက္ ရန္ကုန္တုိင္းရဲတပ္ဖြဲ႔သို႔ ညႊန္ၾကားထားေၾကာင္း ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းေျပာ
Ads Block

ဖမ္းဝရမ္းထုတ္ခံထားရသည့္ ဦးဝီရသူကို ဥပေဒႏွင့္အညီေဆာင္ရြက္ ရန္ကုန္တုိင္းရဲတပ္ဖြဲ႔သို႔ ညႊန္ၾကားထားေၾကာင္း ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းေျပာ

ဖမ္းဝရမ္းထုတ္ခံထားရသည့္ ဆရာေတာ္ ဦးဝီရသူႏွင့္ ပတ္သက္ၿပီး ဥပေဒႏွင့္အညီေဆာင္ရြက္ရန္ ရန္ကုန္တုိင္းေဒသႀကီး ရဲတပ္ ဖြဲ႔ကို တုိက္တြန္းညႊန္ၾကားထားေၾကာင္း ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာသည္။
ရန္ကုန္တုိင္းေဒသႀကီး လႊတ္ေတာ္တြင္ ဇြန္လ(၁၈)ရက္က က်င္းပသည့္ ဒုတိယအႀကိမ္ ရန္ကုန္တုိင္းေဒသႀကီး လႊတ္ေတာ္ နဝမပံုမွန္ အစည္းအေဝး ဒုတိယေျမာက္ေန႔ အစီအစဥ္အၿပီးတြင္ သတင္းမီးဒီယာမ်ား၏ ေမးျမန္းမႈကို ျပန္လည္ေျဖၾကားခဲ့ျခင္း ျဖစ္သည္။
“ တုိင္းေဒသႀကီး အစိုးရအဖြဲ႔အေနနဲ႔ကေတာ့ ဒီအေျခအေနနဲ႔ ပတ္သက္ၿပီး စနစ္တက်နဲ႔ ဥပေဒနဲ႔အညီ ေဆာင္ရြက္ဖုိ႔ တုိက္ တြန္းထားပါတယ္။ ကၽြန္ေတာ့္ဆီကို သူတုိ႔ေဆာင္ရြက္ထားတာေတြကို သတင္းပို႔ပါတယ္။ ခုခ်ိန္ထိေတာ့ ဖမ္းဆီးရမိျခင္းမရွိ ေသးပါဘူး”ဟု ဦးၿဖိဳးမင္းသိန္း ကေျပာသည္။
ဦးဝီရသူကို ဖမ္းဆီးရမိျခင္းမရွိေသးေသာ္လည္း VK လူမႈကြန္ရက္မွ ရုပ္သံမ်ားႏွင့္ ဆြမ္းဘုန္းေပးေနသည့္ ဓာတ္ပံုမ်ား ပ်ံႏွံေနၿပီး မည္သည့္ေနရာတြင္ ရွိေနေၾကာင္း သတင္းရရွိမႈ မရွိေသးေၾကာင္း သိရသည္။
ဦးဝီရသူမွာ ကရင္ျပည္နယ္အတြင္ ရွိေနႏုိင္ေၾကာင္း သတင္းမ်ား ထြက္ေပၚမႈႏွင့္ ပတ္သက္ၿပီး ကရင္ျပည္နယ္ ရဲတပ္ဖြဲ႔မွဴးက လည္း ၎တို႔ျပည္နယ္အတြင္း ရွိေနႏုိင္သည္ကို အတိအက်မေျပာႏုိင္ေသးေၾကာင္း ေျပာဆုိထားသည္။
ဆရာေတာ္ ဦးဝီရသူ ရန္ကုန္ၿမိဳ႕ေတာ္ခန္းမေရွ႕၌ ေဟာေျပာသည့္ အခမ္းအနားတစ္ခုတြင္ ႏုိင္ငံေတာ္ကို ေစာ္ကားပုတ္ခတ္ သည့္ အသံုးအႏႈန္းမ်ားျဖင့္ ထည့္သြင္းေဟာေျပာခဲ့သည့္အတြက္ဟုဆုိကာ ပုဒ္ ၁၂၄(က)ျဖင့္ ရန္ကုန္အေနာက္ပုိင္း ခရုိင္တရား ရုံးတြင္ အမႈဖြင့္လွစ္ခဲ့ ျခင္းျဖစ္ေၾကာင္း သိရသည္။

- ခ်မ္းၿငိမ္း ( အကုန္သိ သတင္းဌာန )

Unicode Version

ဖမ်းဝရမ်းထုတ်ခံထားရသည့် ဆရာတော် ဦးဝီရသူနှင့် ပတ်သက်ပြီး ဥပဒေနှင့်အညီဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီး ရဲတပ် ဖွဲ့ကို တိုက်တွန်းညွှန်ကြားထားကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ဇွန်လ(၁၈)ရက်က ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် နဝမပုံမှန် အစည်းအဝေး ဒုတိယမြောက်နေ့ အစီအစဉ်အပြီးတွင် သတင်းမီးဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ကတော့ ဒီအခြေအနေနဲ့ ပတ်သက်ပြီး စနစ်တကျနဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ တိုက် တွန်းထားပါတယ်။ ကျွန်တော့်ဆီကို သူတို့ဆောင်ရွက်ထားတာတွေကို သတင်းပို့ပါတယ်။ ခုချိန်ထိတော့ ဖမ်းဆီးရမိခြင်းမရှိ သေးပါဘူး”ဟု ဦးဖြိုးမင်းသိန်း ကပြောသည်။
ဦးဝီရသူကို ဖမ်းဆီးရမိခြင်းမရှိသေးသော်လည်း VK လူမှုကွန်ရက်မှ ရုပ်သံများနှင့် ဆွမ်းဘုန်းပေးနေသည့် ဓာတ်ပုံများ ပျံနှံနေပြီး မည်သည့်နေရာတွင် ရှိနေကြောင်း သတင်းရရှိမှု မရှိသေးကြောင်း သိရသည်။
ဦးဝီရသူမှာ ကရင်ပြည်နယ်အတွင် ရှိနေနိုင်ကြောင်း သတင်းများ ထွက်ပေါ်မှုနှင့် ပတ်သက်ပြီး ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးက လည်း ၎င်းတို့ပြည်နယ်အတွင်း ရှိနေနိုင်သည်ကို အတိအကျမပြောနိုင်သေးကြောင်း ပြောဆိုထားသည်။
ဆရာတော် ဦးဝီရသူ ရန်ကုန်မြို့တော်ခန်းမရှေ့၌ ဟောပြောသည့် အခမ်းအနားတစ်ခုတွင် နိုင်ငံတော်ကို စော်ကားပုတ်ခတ် သည့် အသုံးအနှုန်းများဖြင့် ထည့်သွင်းဟောပြောခဲ့သည့်အတွက်ဟုဆိုကာ ပုဒ် ၁၂၄(က)ဖြင့် ရန်ကုန်အနောက်ပိုင်း ခရိုင်တရား ရုံးတွင် အမှုဖွင့်လှစ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

- ချမ်းငြိမ်း ( အကုန်သိ သတင်းဌာန )

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။