Skip to main content
အေဝးေျပး ကုန္စည္ပို႔ေဆာင္သည့္ ခရီးစဥ္ တစ္လအတြင္း ႏွစ္ဆယ္ရာခိုင္ႏႈန္း က်ဆင္း
Ads Block

အေဝးေျပး ကုန္စည္ပို႔ေဆာင္သည့္ ခရီးစဥ္ တစ္လအတြင္း ႏွစ္ဆယ္ရာခိုင္ႏႈန္း က်ဆင္း

အေဝးေျပး ကုန္စည္ပို႔ေဆာင္ရသည့္ ခရီးစဥ္ေျပးဆြဲရမႈ တစ္လအတြင္း ႏွစ္ဆယ္ရာခိုင္ႏႈန္း ဝန္းက်င္က်ဆင္းသြားေၾကာင္း ျမန္မာ ႏိုင္ငံအေဝးေျပးကုန္စည္အသင္း ဒုတိယဥကၠ႒ ဦးက်င္သိန္းက ေျပာသည္။
ကုန္စည္စီးဆင္းမႈ နည္းပါးသည့္အျပင္ မိုးတြင္းကာလျဖစ္ေသာေၾကာင့္ ျမန္မာႏိုင္ငံတစ္၀န္းသို႔ ကုန္စည္သယ္ေဆာင္သည့္ ခရီး စဥ္ေျပးဆြဲရမႈ ေလ်ာ့နည္းေနကာ ဇြန္၊ ဇူလိုင္၊ ၾသဂုတ္ စသည့္ သံုးလအတြင္း ဆက္လက္က်ဆင္းေနမည္ျဖစ္ေၾကာင္း ၄င္းက ဆိုသည္။
“မိုးတြင္းကာလကေတာ့ ဒီလိုပါပဲ။ ဒီလပိုင္းေတြကေတာ့ ဒီလိုပဲ သြားေနမွာပဲ။ ေနာက္ၿပီး တစ္လမ္းပဲ ေကာင္းတာမ်ားတယ္။ ဥပ မာ ရန္ကုန္ - ေတာင္ႀကီး ခရီးစဥ္အတြက္ ေကာင္းတယ္ဆိုရင္ ေတာင္ႀကီး - ရန္ကုန္က်ေတာ့ မေကာင္းေတာ့ျပန္ဘူး။ အျပန္ကုန္ မရတာမ်ားတယ္”ဟု ဦးက်င္သိန္းက အကုန္သိသတင္းဌာနသုိ႔ ေျပာသည္။
ျမန္မာႏိုင္ငံ ေဒသအႏွံ႔အျပားသို႔ ကုန္စည္သယ္ေဆာင္ရန္ ခရီးလမ္းေၾကာင္း ၁၄ ခုျဖင့္ ေျပးဆြဲေနၿပီး လက္ရွိတြင္ မူဆယ္လမ္း ေၾကာင္းအတြက္ ေျပးဆြဲသည့္ ခရီးစဥ္မွာ က်ဆင္းေနကာ ရန္ကုန္ - ေတာင္ႀကီး၊ ရွမ္းေျမာက္၊ မႏၱေလး - ရန္ကုန္၊ ျမဝတီစသည့္ လမ္းေၾကာင္းမ်ားအတြင္း ခရီးစဥ္ငွားရမ္းမႈ ပိုမ်ားေနေၾကာင္း သိရသည္။
ထို႔အျပင္ စားေသာက္ကုန္ပစၥည္းမ်ား၊ အခ်ိဳရည္၊ လူသံုးကုန္ပစၥည္းတို႔ကို သယ္ယူပို႔ေဆာင္ရမႈမ်ားျပားေနၿပီး ေဆာက္လုပ္ေရး လုပ္ငန္းသံုး ပစၥည္းမ်ား သယ္ယူပို႔ေဆာင္မႈမွာ က်ဆင္းေနေၾကာင္း ျမန္မာႏိုင္ငံ အေဝးေျပးကုန္စည္အသင္းမွ သိရသည္။
ဘုရင့္ေနာင္အေဝးေျပး ကုန္စည္ပို႔ေဆာင္ေရးမွ တစ္ႏိုင္ငံလံုးသို႔ ေန႔စဥ္ ကုန္တင္ကား အစီးေရ ၄၀၀၀ ေက်ာ္ျဖင့္ ကုန္စည္သယ္ ေဆာင္သည့္ ဝန္ေဆာင္မႈလုပ္ကိုင္ေနေၾကာင္းလည္း သိရသည္။

- သင္းသင္းလိႈင္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

အဝေးပြေး ကုန်စည်ပို့ဆောင်ရသည့် ခရီးစဉ်ပြေးဆွဲရမှု တစ်လအတွင်း နှစ်ဆယ်ရာခိုင်နှုန်း ဝန်းကျင်ကျဆင်းသွားကြောင်း မြန်မာ နိုင်ငံအဝေးပြေးကုန်စည်အသင်း ဒုတိယဥက္ကဋ္ဌ ဦးကျင်သိန်းက ပြောသည်။
ကုန်စည်စီးဆင်းမှု နည်းပါးသည့်အပြင် မိုးတွင်းကာလဖြစ်သောကြောင့် မြန်မာနိုင်ငံတစ်ဝန်းသို့ ကုန်စည်သယ်ဆောင်သည့် ခရီး စဉ်ပြေးဆွဲရမှု လျော့နည်းနေကာ ဇွန်၊ ဇူလိုင်၊ သြဂုတ် စသည့် သုံးလအတွင်း ဆက်လက်ကျဆင်းနေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“မိုးတွင်းကာလကတော့ ဒီလိုပါပဲ။ ဒီလပိုင်းတွေကတော့ ဒီလိုပဲ သွားနေမှာပဲ။ နောက်ပြီး တစ်လမ်းပဲ ကောင်းတာများတယ်။ ဥပ မာ ရန်ကုန် - တောင်ကြီး ခရီးစဉ်အတွက် ကောင်းတယ်ဆိုရင် တောင်ကြီး - ရန်ကုန်ကျတော့ မကောင်းတော့ပြန်ဘူး။ အပြန်ကုန် မရတာများတယ်”ဟု ဦးကျင်သိန်းက အကုန်သိသတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံ ဒေသအနှံ့အပြားသို့ ကုန်စည်သယ်ဆောင်ရန် ခရီးလမ်းကြောင်း ၁၄ ခုဖြင့် ပြေးဆွဲနေပြီး လက်ရှိတွင် မူဆယ်လမ်း ကြောင်းအတွက် ပြေးဆွဲသည့် ခရီးစဉ်မှာ ကျဆင်းနေကာ ရန်ကုန် - တောင်ကြီး၊ ရှမ်းမြောက်၊ မန္တလေး - ရန်ကုန်၊ မြဝတီစသည့် လမ်းကြောင်းများအတွင်း ခရီးစဉ်ငှားရမ်းမှု ပိုများနေကြောင်း သိရသည်။
ထို့အပြင် စားသောက်ကုန်ပစ္စည်းများ၊ အချိုရည်၊ လူသုံးကုန်ပစ္စည်းတို့ကို သယ်ယူပို့ဆောင်ရမှုများပြားနေပြီး ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ သယ်ယူပို့ဆောင်မှုမှာ ကျဆင်းနေကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည်အသင်းမှ သိရသည်။
ဘုရင့်နောင်အဝေးပြေး ကုန်စည်ပို့ဆောင်ရေးမှ တစ်နိုင်ငံလုံးသို့ နေ့စဉ် ကုန်တင်ကား အစီးရေ ၄၀၀၀ ကျော်ဖြင့် ကုန်စည်သယ် ဆောင်သည့် ဝန်ဆောင်မှုလုပ်ကိုင်နေကြောင်းလည်း သိရသည်။

- သင်းသင်းလှိုင် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။