Skip to main content
ေက်းရြာအတြင္း လူဦးေရစာရင္း လွည့္လည္ေကာက္ယူေနသူအား အရက္မူးေနသူက ဓားရွည္ျဖင့္ ခုတ္သတ္
Ads Block

ေက်းရြာအတြင္း လူဦးေရစာရင္း လွည့္လည္ေကာက္ယူေနသူအား အရက္မူးေနသူက ဓားရွည္ျဖင့္ ခုတ္သတ္

ဘူးသီးေတာင္ၿမိဳ႕နယ္တြင္ ေက်းရြာအတြင္းရွိ လူဦးေရစာရင္း လွည့္လည္ေကာက္ယူေနသူအား အရက္မူးေနသူက ဓားရွည္ျဖင့္ ခုတ္သတ္ခဲ့ေၾကာင္း သိရသည္။
ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္၊ စက္ေခၚေက်း႐ြာေန သန္းေက်ာ္ဝင္း (၄၀)ႏွစ္သည္ ဇြန္လ ၁၆ ရက္၊ ည ၈ နာရီခန္႔တြင္ ေက်း႐ြာအတြင္း၌ လူဦးေရစာရင္း လွည့္လည္ေကာက္ယူေနစဥ္ အရက္မူးေနသည့္ တစ္႐ြာတည္းေန ေက်ာ္ေအးထြန္း (၄၃)ႏွစ္ က ဓားရွည္ျဖင့္ အေၾကာင္းမဲ့ခုတ္ခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ဓားျဖင့္ခုတ္ခံရမႈေၾကာင့္ သန္းေက်ာ္ဝင္းတြင္ ခ်ဳိေစာင္း၊ ယာနားထင္၊ ယာပုခုံး၊ မ်က္ႏွာတို႔၌ ျပတ္ရွဒဏ္ရာမ်ားရရွိခဲ့ၿပီး အခင္းျဖစ္ ေနရာ၌ ေသဆုံးသြားခဲ့ေသာေၾကာင့္ အေလာင္းအား ဘူးသီးေတာင္ေဆး႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။
ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ေက်ာ္ေအးထြန္း(ဖမ္းမမိ)ကို ေညာင္ေခ်ာင္းနယ္ေျမရဲစခန္း၌ (ပ)၃၉/၂၀၁၉၊ ရာဇသတ္ႀကီး ပုဒ္မ- ၃၀၂(လူသတ္မႈ)ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

-  ႏိုင္မင္းလြင္( အကုန္သိ သတင္းဌာန )

Unicode Version

 

ဘူးသီးတောင်မြို့နယ်တွင် ကျေးရွာအတွင်းရှိ လူဦးရေစာရင်း လှည့်လည်ကောက်ယူနေသူအား အရက်မူးနေသူက ဓားရှည်ဖြင့် ခုတ်သတ်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စက်ခေါ်ကျေးရွာနေ သန်းကျော်ဝင်း (၄၀)နှစ်သည် ဇွန်လ ၁၆ ရက်၊ ည ၈ နာရီခန့်တွင် ကျေးရွာအတွင်း၌ လူဦးရေစာရင်း လှည့်လည်ကောက်ယူနေစဉ် အရက်မူးနေသည့် တစ်ရွာတည်းနေ ကျော်အေးထွန်း (၄၃)နှစ် က ဓားရှည်ဖြင့် အကြောင်းမဲ့ခုတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဓားဖြင့်ခုတ်ခံရမှုကြောင့် သန်းကျော်ဝင်းတွင် ချိုစောင်း၊ ယာနားထင်၊ ယာပုခုံး၊ မျက်နှာတို့၌ ပြတ်ရှဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ် နေရာ၌ သေဆုံးသွားခဲ့သောကြောင့် အလောင်းအား ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျော်အေးထွန်း(ဖမ်းမမိ)ကို ညောင်ချောင်းနယ်မြေရဲစခန်း၌ (ပ)၃၉/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ- ၃၀၂(လူသတ်မှု)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

-  နိုင်မင်းလွင်( အကုန်သိ သတင်းဌာန )

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။