Skip to main content
ေက်ာင္းကားမ်ားကို ပုဂၢလိက ကုမၸဏီမွ မေျပးဆြဲႏိုင္သေရြ႕YRTA မွ လူမႈအက်ိဳးစီးပြားေရး ပံုစံျဖင့္ေျပးဆြဲမည္
Ads Block

ေက်ာင္းကားမ်ားကို ပုဂၢလိက ကုမၸဏီမွ မေျပးဆြဲႏိုင္သေရြ႕YRTA မွ လူမႈအက်ိဳးစီးပြားေရး ပံုစံျဖင့္ေျပးဆြဲမည္

ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႔မွ အေကာင္အထည္ေဖာ္ ေျပးဆြဲေနသည့္ ေက်ာင္းကားစနစ္ကို ပုဂၢလိက ကုမၸဏီမွ မေျပးဆြဲ ႏိုင္သေရြ႕ YRTA မွ လူမႈအက်ိဳးျပဳ စီးပြားေရးပံုစံျဖင့္ ေျပးဆြဲသြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္း သိန္းက ေျပာသည္။
ဒုတိယအႀကိမ္ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ အေရးေပၚအစည္းအေဝး ဒုတိယေန႔ အစီအစဥ္အၿပီးတြင္ မီဒီယာမ်ား၏ ေမး ျမန္းခ်က္ကို ၄င္းက ျပန္လည္ေျဖၾကားခဲ့ျခင္း ျဖစ္သည္။
“ေက်ာင္းကားကိစၥကို ပုဂၢလိက က႑ကလုပ္ႏိုင္ရင္ ပိုေတာင္အဆင္ေျပတယ္။ ပုဂၢလိက က႑က လုပ္မယ္ဆိုရင္ သတ္မွတ္ ထားတဲ့ မူေဘာင္ေတြကို လိုက္နာဖို႔လိုတယ္။ မူေဘာင္အတြင္း လုပ္ႏိုင္ရမယ္။ မူေဘာင္ဆိုတာက တိုင္းေဒသႀကီးက သတ္မွတ္ ထားတာမဟုတ္ဘူး။ ျပည္ေထာင္စုအဆင့္က သတ္မွတ္ထားတာ ျဖစ္ပါတယ္။ လက္ရွိမွာလည္း ကားေတြအကုန္လံုးနီးပါးကို ေျပး ဆြဲေပးေနတယ္။ လိုအပ္လို႔ရွိရင္လည္း ထပ္တိုးေျပးဆြဲေပးဖို႔ ရွိပါတယ္။ ကားေတြ အကုန္လံုးကို ေျပးဆြဲလို႔မရဘူး။ ဘာလို႔လဲဆို ေတာ့ တစ္ခုခုျဖစ္ရင္ အစားထိုးေျပးဆြဲလို႔ရေအာင္ အရန္သင့္ ျပင္ဆင္ထားရမယ္။ ပုဂၢလိက က႑က မလုပ္ႏိုင္သေရြ႕ေတာ့ YRTA ရဲ႕ လူမႈအက်ိဳးစီးပြားေရး ပံုစံေျပးဆြဲေပးသြားမယ္”ဟု ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာသည္။
ေက်ာင္းကားစနစ္ ေဖာ္ေဆာင္ရန္အတြက္ တိုင္းေဒသႀကီး အစိုးရအဖြဲ႔မွ ေက်ာင္းကားအစီးေရ ၂၀၀ ကို တင္သြင္းခဲ့ၿပီး လက္ရွိ တြင္ ရန္ကင္း TTC ႏွင့္ ကမာရြတ္TTC တြင္ ထည့္သြင္းေျပးဆြဲေနၿပီး အေျခခံပညာသင္ေက်ာင္း ၂၀ ေက်ာ္တြင္လည္း ေျပးဆြဲ သြားမည္ျဖစ္ေၾကာင္း သိရသည္။
 “ေက်ာင္းကားနဲ႔ စနစ္တက်ေျပးဆြဲေပးေတာ့ ကေလးေတြအတြက္လည္း အႏၱရာယ္ကင္းတယ္။ မိဘေတြအေနနဲ႔လည္း စိတ္ပူ စရာ မရွိေတာ့ဘူးေပါ့။ ေက်ာင္းကားစနစ္ကို ေသခ်ာေလးလုပ္ေပးရင္ ပိုေကာင္းတယ္။ အရင္တုန္းကဆို ကိုယ္ေတြရဲ႕ ကေလး ေတြကို လိုက္ထရပ္ယာဥ္နဲ႔ ေက်ာင္းႀကိဳပို႔ လုပ္ရတာ။ ခုေတာ့ အဆင္ေျပပါတယ္”ဟု ေက်ာင္းသားမိဘတစ္ဦးျဖစ္သူ မေအး ေအးႏိုင္က ေျပာသည္။
ေက်ာင္းကားစနစ္ကို အမ်ားပိုင္စနစ္ျဖင့္ ေဖာ္ေဆာင္ရန္အတြက္ ျပည္တြင္းရွိ ပုဂၢလိက ကုမၸဏီမ်ားႏွင့္ ေဆြးေႏြးညွိႏိႈင္းမႈမ်ား ျပဳ လုပ္ရာတြင္လည္း အျမတ္မရရွိႏိုင္သည့္အတြက္ ေနာက္ဆုတ္သြားခဲ့ၾကေၾကာင္း သိရသည္။

- စုသက္ႏွင္း ( အကုန္သိ သတင္းဌာန )

Unicode Version

 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အကောင်အထည်ဖော် ပြေးဆွဲနေသည့် ကျောင်းကားစနစ်ကို ပုဂ္ဂလိက ကုမ္ပဏီမှ မပြေးဆွဲ နိုင်သရွေ့ YRTA မှ လူမှုအကျိုးပြု စီးပွားရေးပုံစံဖြင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းက ပြောသည်။
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အရေးပေါ်အစည်းအဝေး ဒုတိယနေ့ အစီအစဉ်အပြီးတွင် မီဒီယာများ၏ မေး မြန်းချက်ကို ၎င်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ကျောင်းကားကိစ္စကို ပုဂ္ဂလိက ကဏ္ဍကလုပ်နိုင်ရင် ပိုတောင်အဆင်ပြေတယ်။ ပုဂ္ဂလိက ကဏ္ဍက လုပ်မယ်ဆိုရင် သတ်မှတ် ထားတဲ့ မူဘောင်တွေကို လိုက်နာဖို့လိုတယ်။ မူဘောင်အတွင်း လုပ်နိုင်ရမယ်။ မူဘောင်ဆိုတာက တိုင်းဒေသကြီးက သတ်မှတ် ထားတာမဟုတ်ဘူး။ ပြည်ထောင်စုအဆင့်က သတ်မှတ်ထားတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ကားတွေအကုန်လုံးနီးပါးကို ပြေး ဆွဲပေးနေတယ်။ လိုအပ်လို့ရှိရင်လည်း ထပ်တိုးပြေးဆွဲပေးဖို့ ရှိပါတယ်။ ကားတွေ အကုန်လုံးကို ပြေးဆွဲလို့မရဘူး။ ဘာလို့လဲဆို တော့ တစ်ခုခုဖြစ်ရင် အစားထိုးပြေးဆွဲလို့ရအောင် အရန်သင့် ပြင်ဆင်ထားရမယ်။ ပုဂ္ဂလိက ကဏ္ဍက မလုပ်နိုင်သရွေ့တော့ YRTA ရဲ့ လူမှုအကျိုးစီးပွားရေး ပုံစံပြေးဆွဲပေးသွားမယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
ကျောင်းကားစနစ် ဖော်ဆောင်ရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကျောင်းကားအစီးရေ ၂၀၀ ကို တင်သွင်းခဲ့ပြီး လက်ရှိ တွင် ရန်ကင်း TTC နှင့် ကမာရွတ်TTC တွင် ထည့်သွင်းပြေးဆွဲနေပြီး အခြေခံပညာသင်ကျောင်း ၂၀ ကျော်တွင်လည်း ပြေးဆွဲ သွားမည်ဖြစ်ကြောင်း သိရသည်။
 “ကျောင်းကားနဲ့ စနစ်တကျပြေးဆွဲပေးတော့ ကလေးတွေအတွက်လည်း အန္တရာယ်ကင်းတယ်။ မိဘတွေအနေနဲ့လည်း စိတ်ပူ စရာ မရှိတော့ဘူးပေါ့။ ကျောင်းကားစနစ်ကို သေချာလေးလုပ်ပေးရင် ပိုကောင်းတယ်။ အရင်တုန်းကဆို ကိုယ်တွေရဲ့ ကလေး တွေကို လိုက်ထရပ်ယာဉ်နဲ့ ကျောင်းကြိုပို့ လုပ်ရတာ။ ခုတော့ အဆင်ပြေပါတယ်”ဟု ကျောင်းသားမိဘတစ်ဦးဖြစ်သူ မအေး အေးနိုင်က ပြောသည်။
ကျောင်းကားစနစ်ကို အများပိုင်စနစ်ဖြင့် ဖော်ဆောင်ရန်အတွက် ပြည်တွင်းရှိ ပုဂ္ဂလိက ကုမ္ပဏီများနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြု လုပ်ရာတွင်လည်း အမြတ်မရရှိနိုင်သည့်အတွက် နောက်ဆုတ်သွားခဲ့ကြကြောင်း သိရသည်။

- စုသက်နှင်း ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။