Skip to main content
အမ်ိဳးဖ်က္သူမ်ား မ်ားလာသည့္အတြက္ အမ်ိဳးသားေရး အင္အားစုမ်ား ေပၚထြက္လာျခင္းျဖစ္ေၾကာင္း ျပည္ခုိင္ၿဖိဳးပါတီ ဥကၠ႒ေျပာ
Ads Block

အမ်ိဳးဖ်က္သူမ်ား မ်ားလာသည့္အတြက္ အမ်ိဳးသားေရး အင္အားစုမ်ား ေပၚထြက္လာျခင္းျဖစ္ေၾကာင္း ျပည္ခုိင္ၿဖိဳးပါတီ ဥကၠ႒ေျပာ

ျမန္မာႏုိင္ငံတြင္ မ်ိဳးခ်စ္၊ အမ်ိဳးသားေရး အင္အားစုမ်ား ေပၚထြက္လာရျခင္းမွာ မ်ိဳးမခ်စ္သည့္သူမ်ား မ်ားလာသည့္အတြက္ ေၾကာင့္ျဖစ္ေၾကာင္း ျပည္ေထာင္စုႀကံ႕ခုိင္ေရးႏွင့္ ဖြံ႔ၿဖိဳးေရးပါတီ ဥကၠ႒ ဦးသန္းေဌးက ေျပာၾကားလုိက္သည္။
ဇြန္လ ၁၇ ရက္က ရန္ကုန္တုိင္းေဒသႀကီး ေက်ာက္တန္းၿမိဳ႕တြင္ က်င္းပသည့္ ပါတီဝင္မ်ားႏွင့္ လူထုေတြ႔ဆံုပြဲတြင္ ယခုကဲ့သို႔ ေျပာၾကားလုိက္ျခင္းျဖစ္သည္။
“ ဒီေန႔ဒီတုိင္းျပည္မွာ မ်ိဳးခ်စ္၊ အမ်ိဳးသားေရး အင္အားစုေတြ ထြက္လာပါတယ္။ လြန္ခဲ့တဲ့ ၂ ႏွစ္ေလာက္က အဲဒီအသံေတြ သိပ္ မၾကားရဘူး။ ဘာေၾကာင့္ အဲဒီလို အသံထြက္လာလဲ၊ မ်ိဳးခ်စ္ဆုိတဲ့ အသံေတြထြက္လာသလဲဆုိရင္ မ်ိဳးမခ်စ္တဲ့သူေတြ မ်ားလာ လုိ႔ျဖစ္ပါတယ္။ မ်ိဳးခ်စ္မ်ား အင္အားမ်ားလာတာက အမ်ိဳးဖ်က္တဲ့ သူေတြမ်ားလာတဲ့အတြက္ အဲဒါကို တံု႔ျပန္ဖုိ႔ေပၚ လာတာပဲ” ဟု ဦးသန္းေဌးက ေျပာသည္။
မိမိတုိ႔ ႏုိင္ငံကို ခ်စ္ပါက မ်ိဳးခ်စ္ကို အားေပးရမည္ျဖစ္ၿပီး မ်က္ကန္းမ်ိဳးခ်စ္၊ အစြန္းေရာက္မ်ိဳးခ်စ္ဆုိတာ မရွိေၾကာင္း ၎ကေျပာ သည္။
လက္ရွိတြင္ မဘသ ဆရာေတာ္ တစ္ပါးျဖစ္သည့္ ဦးဝိရသူကို ဖမ္းဝရမ္းထုတ္ထားၿပီး ဖမ္းဆီးရမိျခင္းေတာ့ မရွိေသးေၾကာင္း သိရ သည္။
ဝိရသူ လြတ္ေျမာက္ေရးအတြက္ ဆုေတာင္းပြဲက်င္းပသည့္ အမ်ိဳးသားေရး အင္အားစုမ်ားမွ ေခါင္းေဆာင္မ်ားကိုလည္း တရားစြဲ ဆုိထားေၾကာင္း သိရသည္။

-  ခ်မ္းၿငိမ္း ( အကုန္သိ သတင္းဌာန )

Unicode Version

 

မြန်မာနိုင်ငံတွင် မျိုးချစ်၊ အမျိုးသားရေး အင်အားစုများ ပေါ်ထွက်လာရခြင်းမှာ မျိုးမချစ်သည့်သူများ များလာသည့်အတွက် ကြောင့်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားလိုက်သည်။
ဇွန်လ ၁၇ ရက်က ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့တွင် ကျင်းပသည့် ပါတီဝင်များနှင့် လူထုတွေ့ဆုံပွဲတွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
“ ဒီနေ့ဒီတိုင်းပြည်မှာ မျိုးချစ်၊ အမျိုးသားရေး အင်အားစုတွေ ထွက်လာပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က အဲဒီအသံတွေ သိပ် မကြားရဘူး။ ဘာကြောင့် အဲဒီလို အသံထွက်လာလဲ၊ မျိုးချစ်ဆိုတဲ့ အသံတွေထွက်လာသလဲဆိုရင် မျိုးမချစ်တဲ့သူတွေ များလာ လို့ဖြစ်ပါတယ်။ မျိုးချစ်များ အင်အားများလာတာက အမျိုးဖျက်တဲ့ သူတွေများလာတဲ့အတွက် အဲဒါကို တုံ့ပြန်ဖို့ပေါ် လာတာပဲ” ဟု ဦးသန်းဌေးက ပြောသည်။
မိမိတို့ နိုင်ငံကို ချစ်ပါက မျိုးချစ်ကို အားပေးရမည်ဖြစ်ပြီး မျက်ကန်းမျိုးချစ်၊ အစွန်းရောက်မျိုးချစ်ဆိုတာ မရှိကြောင်း ၎င်းကပြော သည်။
လက်ရှိတွင် မဘသ ဆရာတော် တစ်ပါးဖြစ်သည့် ဦးဝိရသူကို ဖမ်းဝရမ်းထုတ်ထားပြီး ဖမ်းဆီးရမိခြင်းတော့ မရှိသေးကြောင်း သိရ သည်။
ဝိရသူ လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲကျင်းပသည့် အမျိုးသားရေး အင်အားစုများမှ ခေါင်းဆောင်များကိုလည်း တရားစွဲ ဆိုထားကြောင်း သိရသည်။

-  ချမ်းငြိမ်း ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။