Skip to main content
မိသားစု စီးပွားရေးအဆင်မပြေသည့်အတွက် နဝမတန်း ကျောင်းသူတစ်ဦး ကြိုးဆွဲချသေဆုံး
Ads Block
မိသားစု စီးပွားရေးအဆင်မပြေသည့်အတွက် နဝမတန်း ကျောင်းသူတစ်ဦး ကြိုးဆွဲချသေဆုံး
မိသားစု စီးပွားရေးအဆင်မပြေသည့်အတွက် နဝမတန်း ကျောင်းသူတစ်ဦး ကြိုးဆွဲချသေဆုံး
ဖြစ်စဉ်မှာ တောင်ငူမြို့၊ (၂)ရပ်ကွက် ၊ ကွင်းချောင်း အရှေ့ (၃)လမ်းသွယ်တွင် အမျိုးသမီးတစ်ဦး ၄င်း၏ အိမ်အပေါ်ထပ်တွင် ကြိုးဆွဲချ သေဆုံးနေကြောင်း ( ၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးမှ ဇွန် ၁၈ မနက် ၇ နာရီ အချိန်ခန့်တွင် ဖုန်းဖြင့် အကြောင်းကြား လာသောကြောင့် အမှတ် ၂ နယ်မြေ ရဲစခန်းမှူး ရဲအုပ် စိုးသက်မောင်နှင့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ အခင်းဖြစ် နေရာသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
Unicode Version
တောင်ငူမြို့ အမှတ် (၂) ရပ်ကွက်၊  ကွင်းချောင်းအရှေ့ (၃)လမ်းသွယ်တွင် နဝမတန်းကျောင်းသူတစ်ဦး မိမိကိုယ်ကိုယ် ကြိုးဆွဲ ချ သေးဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ တောင်ငူမြို့၊ (၂)ရပ်ကွက် ၊ ကွင်းချောင်း အရှေ့ (၃)လမ်းသွယ်တွင် အမျိုးသမီးတစ်ဦး ၎င်း၏ အိမ်အပေါ်ထပ်တွင် ကြိုးဆွဲချ သေဆုံးနေကြောင်း ( ၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးမှ ဇွန် ၁၈ မနက် ၇ နာရီ အချိန်ခန့်တွင် ဖုန်းဖြင့် အကြောင်းကြား လာသောကြောင့် အမှတ် ၂ နယ်မြေ ရဲစခန်းမှူး ရဲအုပ် စိုးသက်မောင်နှင့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ အခင်းဖြစ် နေရာသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ကြိုးဆွဲချ သေဆုံးသူမှာ မဟေမာန်ကျော် ( ၁၅) နှစ် (ဘ) ဦးကျော်ဌေး၊ ကွင်းချောင်း အရှေ့(၃)လမ်းသွယ် နေသူဖြစ်ပြီး နေအိမ်အပေါ်ထပ် အိမ်ခန်းအတွင်း၌ ကြိုးဆွဲချသေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသေဆုံးမှုနှင့် ပတ်သက်၍ ပတ်ဝန်းကျင်အား ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးချက်အရ ၎င်းကြိုးဆွဲချ သေဆုံးသည့်နေရာရှိ ကြမ်း ပြင်ပေါ်တွင် " ဒီလောကကြီးမှာ မနေချင်တော့ဘူး။ သမီးရှိနေရင် အဖေနဲ့ အမေလည်း ပိုက်ဆံကုန်မယ် '' ဟု ရေးသားထား သည့် စာတစ်စောင် တွေ့ရှိခဲ့ရကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပက်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန် စခန်းမှူးရဲအုပ် စိုးသက်မောင်မှ တရားလိုလုပ် တိုင်တန်းလာသဖြင့် တောင်ငူမြို့ အမှတ် (၂)နယ်မြေ ရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၇/ ၂၀၁၉ ဖြင့် အမှု ဖွင့် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
- နေလင်းအောင် - တောင်ငူ - ( အကုန်သိ သတင်းဌာန )
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။