Skip to main content
တရုတ္ငလ်င္ လူ ၁၂ ဦးေသ ၁၃၄ ဦး ဒဏ္ရာရ
Ads Block

တရုတ္ငလ်င္ လူ ၁၂ ဦးေသ ၁၃၄ ဦး ဒဏ္ရာရ

တရုတ္ႏုိင္ငံ အေနာက္ေတာင္ပုိင္းမွာ ျပင္းအား ၆ ပမာဏရွိ ငလ်င္လႈပ္ခတ္ခဲ့တာေၾကာင့္ အဂၤါေန ့(ဇြန္ ၁၈) အထိ လူ ၁၂ ဦး ေသဆုံးကာ ၁၃၄ ဦး ဒဏ္ရာရရွိခဲ့ၿပီျဖစ္ေၾကာင္း သိရကာ ကယ္ဆယ္ေရးသမားေတြဟာ ၿပိဳက် အေဆာက္အအုံအပ်က္အစီးေတြေအာက္ကေန အသက္ရွင္သူေတြနဲ ့ ရုပ္အေလာင္းေတြကုိ ဆြဲထုတ္ခဲ့ၾကရပါတယ္။

တရုတ္ငလ်င္ လူ ၁၂ ဦးေသ ၁၃၄ ဦး ဒဏ္ရာရ


တနလၤာေန ့အေႏွာင္းပုိင္းက စီခၽြမ္ျပည္နယ္ ယီဘင္ေဒသမွာ လႈပ္ခတ္ခဲ့တဲ့ ငလ်င္ေၾကာင့္ အေဆာက္အအုံအေတာ္မ်ားမ်ား ပ်က္စီးခဲ့ကာ လူဦးေရ ၄၀၀၀ ေက်ာ္ကုိ ေနအိမ္ေတြမွ ေရႊ ့ေျပာင္း ေပးခဲ့ရေၾကာင္း ေဒသဆုိင္ရာအစုိးရက ေျပာဆုိပါတယ္။ ကယ္ဆယ္ေရးသမားေတြက အေဆာက္အအုံ အပ်က္အစီးေတြေအာက္ကေန အသက္ရွင္ေနသူတစ္ဦးကုိ ဆြဲထုတ္ကယ္ဆယ္ခဲ့ရတဲ့ ဗီဒီယုိဖုိင္တစ္ခုကုိ ႏုိင္ငံပုိင္ CCTV သတင္းက ေဖာ္ျပခဲ့ပါတယ္။ ဒါ့အျပင္ ၿပိဳက်ခဲ့တဲ့ အျခားအေဆာက္အအုံတစ္ခုကေန အမ်ဳိးသမီးတစ္ဦးကုိ ကူညီကယ္ဆယ္ခဲ့တဲ့ ဓါတ္ပုံေတြကုိလည္း ေဖာ္ျပခဲ့ပါတယ္။ အေဆာက္အအုံတစ္လုံးေပၚကုိ ဓါတ္တုိင္လဲက်ေနခဲ့ပုံေတြ၊ တုိက္တစ္လုံးမွာ အေပါက္ႀကီးျဖစ္သြားပုံေတြနဲ ့ လမ္းေပၚမွာ ျပတင္းေပါက္အက်ဳိးအပဲ့ေတြ လြင့္စင္က်ေနတဲ့ပုံေတြကုိလည္း ေဖာ္ျပခဲ့ပါတယ္။
အေ၀းေျပးလမ္းမ်ားစြာမွာ အက္ကြဲေၾကာင္းေတြေပၚခဲ့ကာ ယီဘင္နဲ ့က်ဴေယာင္စီရင္စုကုိ ဆက္သြယ္ ထားတဲ့ အဓိက အေ၀းေျပးလမ္းမႀကီးကုိ ပိတ္ထားေၾကာင္း ဆင္ဟြာသတင္းေအဂ်င္စီက ေဖာ္ျပခဲ့ပါတယ္။ ေတာင္ကုန္းတစ္ခုကေန ရႊံ ့ရည္နဲ ့ေက်ာက္တုံးေက်ာက္ခဲေတြ ၿပိဳက်လာကာ လမ္းတစ္ခုကုိ ပိတ္ဆုိ ့သြားခဲ့ တာကုိ CCTV ရုပ္သံမွာ ေဖာ္ျပခဲ့ပါတယ္။
ငလ်င္မလႈပ္မီ တစ္မိနစ္ေလာက္အလုိမွာ စီခၽြမ္ျပည္နယ္ ၿမဳိ ့ေတာ္ ခ်န္ဒူးမွာ ငလ်င္သတိေပးစနစ္က အခ်က္ေပးခ်က္ထုတ္ခဲ့သလုိ ယီဘင္မွာေတာ့ ငလ်င္မလႈပ္မီ ၁၀ စကၠန္ ့ေလာက္အလုိမွာ ငလ်င္သတိေပးခ်က္ ထြက္ေပၚခဲ့ေၾကာင္း သိရပါတယ္။ ခ်န္နင္စီရင္စုမွာ လူ ၉ ဦး ေသဆုံးခဲ့ကာ က်ီက်န္စီရင္စုမွာ သုံးဦး ေသဆုံး ခဲ့ေၾကာင္း ယီဘင္ၿမိဳ႕အစုိးရအဖြဲ ့က အတည္ျပဳထုတ္ျပန္ခဲ့ပါတယ္။

Ref : CNA

Unicode Version

 

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ပြင်းအား ၆ ပမာဏရှိ ငလျင်လှုပ်ခတ်ခဲ့တာကြောင့် အင်္ဂါနေ့(ဇွန် ၁၈) အထိ လူ ၁၂ ဦး သေဆုံးကာ ၁၃၄ ဦး ဒဏ်ရာရရှိခဲ့ပြီဖြစ်ကြောင်း သိရကာ ကယ်ဆယ်ရေးသမားတွေဟာ ပြိုကျ အဆောက်အအုံအပျက်အစီးတွေအောက်ကနေ အသက်ရှင်သူတွေနဲ့ ရုပ်အလောင်းတွေကို ဆွဲထုတ်ခဲ့ကြရပါတယ်။
တနင်္လာနေ့အနှောင်းပိုင်းက စီချွမ်ပြည်နယ် ယီဘင်ဒေသမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အဆောက်အအုံအတော်များများ ပျက်စီးခဲ့ကာ လူဦးရေ ၄၀၀၀ ကျော်ကို နေအိမ်တွေမှ ရွှေ့ပြောင်း ပေးခဲ့ရကြောင်း ဒေသဆိုင်ရာအစိုးရက ပြောဆိုပါတယ်။ ကယ်ဆယ်ရေးသမားတွေက အဆောက်အအုံ အပျက်အစီးတွေအောက်ကနေ အသက်ရှင်နေသူတစ်ဦးကို ဆွဲထုတ်ကယ်ဆယ်ခဲ့ရတဲ့ ဗီဒီယိုဖိုင်တစ်ခုကို နိုင်ငံပိုင် CCTV သတင်းက ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ပြိုကျခဲ့တဲ့ အခြားအဆောက်အအုံတစ်ခုကနေ အမျိုးသမီးတစ်ဦးကို ကူညီကယ်ဆယ်ခဲ့တဲ့ ဓါတ်ပုံတွေကိုလည်း ဖော်ပြခဲ့ပါတယ်။ အဆောက်အအုံတစ်လုံးပေါ်ကို ဓါတ်တိုင်လဲကျနေခဲ့ပုံတွေ၊ တိုက်တစ်လုံးမှာ အပေါက်ကြီးဖြစ်သွားပုံတွေနဲ့ လမ်းပေါ်မှာ ပြတင်းပေါက်အကျိုးအပဲ့တွေ လွင့်စင်ကျနေတဲ့ပုံတွေကိုလည်း ဖော်ပြခဲ့ပါတယ်။
အဝေးပြေးလမ်းများစွာမှာ အက်ကွဲကြောင်းတွေပေါ်ခဲ့ကာ ယီဘင်နဲ့ကျူယောင်စီရင်စုကို ဆက်သွယ် ထားတဲ့ အဓိက အဝေးပြေးလမ်းမကြီးကို ပိတ်ထားကြောင်း ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။ တောင်ကုန်းတစ်ခုကနေ ရွှံ့ရည်နဲ့ကျောက်တုံးကျောက်ခဲတွေ ပြိုကျလာကာ လမ်းတစ်ခုကို ပိတ်ဆို့သွားခဲ့ တာကို CCTV ရုပ်သံမှာ ဖော်ပြခဲ့ပါတယ်။
ငလျင်မလှုပ်မီ တစ်မိနစ်လောက်အလိုမှာ စီချွမ်ပြည်နယ် မြို့တော် ချန်ဒူးမှာ ငလျင်သတိပေးစနစ်က အချက်ပေးချက်ထုတ်ခဲ့သလို ယီဘင်မှာတော့ ငလျင်မလှုပ်မီ ၁၀ စက္ကန့်လောက်အလိုမှာ ငလျင်သတိပေးချက် ထွက်ပေါ်ခဲ့ကြောင်း သိရပါတယ်။ ချန်နင်စီရင်စုမှာ လူ ၉ ဦး သေဆုံးခဲ့ကာ ကျီကျန်စီရင်စုမှာ သုံးဦး သေဆုံး ခဲ့ကြောင်း ယီဘင်မြို့အစိုးရအဖွဲ့က အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။

Ref : CNA

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။