Skip to main content
သမၼတေဟာင္း ေမာ္စီ တရားခြင္တြင္ ရုတ္တရက္ ေသဆံုး
Ads Block

သမၼတေဟာင္း ေမာ္စီ တရားခြင္တြင္ ရုတ္တရက္ ေသဆံုး

တနလၤာေန႔ အီဂ်စ္ႏိုင္ငံကိုင္ရိုျမိဳ႔ တရားရံုးေတာ္၌ ဖယ္ရွားခံသမၼတေဟာင္း မိုဟာမက္ေမာ္စီ Mohamed Morsi ရုတ္တရက္ လဲက်ေသဆံုးရျခင္းမွာ တျဖည္းျဖည္း ေသဆံုးေစရန္ တမင္ရည္ရြယ္၍ သတ္ျဖတ္ခံခဲ့ရျခင္းသာျဖစ္ျပီး အီဂ်စ္အစိုးရ၌ လံုး၀တာ၀န္ရွိေၾကာင္း မြတ္စလင္ဘရားသားဟုဒ္တို႔က စြပ္စြဲလိုက္သည္ဟု Business Recorder က ယေန႔ေရးသားသည္။

သမၼတေဟာင္း ေမာ္စီ တရားခြင္တြင္ ရုတ္တရက္ ေသဆံုး


အီဂ်စ္အာဏာပိုင္မ်ားသည္ ေမာ္စီအား တစ္ဦးတည္း အထီးက်န္ခ်ဳပ္ေႏွာင္ထားခဲ့ျပီး၊ က်န္းမာေရး ေစာင့္ေရွာက္ ေပးျခင္းမရွိပဲ စက္ဆုပ္ရြံရွာဖြယ္ အစားအစာမ်ားကို စားေစခဲ့ေၾကာင္း၊ ေမာ္စီ၏ အေျခခံ လူ႔အခြင့္အေရးမ်ားကို လည္း လစ္လ်ဴရွဳထားခဲ့ၾကသည္ဟု မြတ္စလင္ဘရားသားဟုဒ္တို႔၏ Freedom and Justice political party ၀ဘ္ဆိုဒ္စာမ်က္ႏွာတြင္ စြပ္စြဲေဖာ္ျပထားသည္။
ေမာ္စီအသတ္ခံရျခင္းအတြက္ ႏိုင္ငံတကာတြင္ အီဂ်စ္သံရံုးအား ကန္႔ကြက္ဆႏၵျပၾကရန္ႏွင့္ အီဂ်စ္ႏိုင္ငံတစ္ ၀န္းလံုးက ေမာ္စီအား ပံုမွားရိုက္သတ္ျဖတ္ျခင္းအား ရွဳတ္ခ်ၾကရန္ မြတ္စလင္ဘရားသားဟုဒ္တို႔က ေတာင္းဆိုသည္ဟု Russia Today က ေဖာ္ျပသည္။
မိုဟာမက္ေမာ္စီအား အီဂ်စ္ႏိုင္ငံ၏ ဒီမိုကေရစီနည္းက် ပထမဆံုးေရြးေကာက္ခံရသူ သမၼတၾကီးအျဖစ္၊ တူရကီ ႏွင့္ ကာတာႏိုင္ငံသတင္းစာမ်ားတြင္ ေဖာ္ျပၾကျပီး အစၥေရးသိမ္းပိုက္ခံ အေရွ႕ေဂ်ရုဆလင္ၿမိဳ႕ေဟာင္း အယ္လ္ အက္ဆာဗလီ၌ ေမာ္စီအတြက္ ၀တ္ျပဳဆုေတာင္းပြဲ က်င္းပေၾကာင္း Daily Sabah က ေဖာ္ျပသည္။
အီဂ်စ္ႏိုင္ငံတြင္ ၁၉၈၁-ခုႏွစ္ သမၼတအန္၀ါဆဒတ္ လုပ္ၾကံခံရျပီးခ်ိန္မွစ၍ ဆက္ခံခဲ့ေသာ ေဟ့ာဇနီ မူဘာရက္ သည္ ျပည္တြင္း လူထုအံုၾကြမွဳမ်ားေၾကာင့္ ၂၀၁၁ ခုႏွစ္တြင္ သမၼတရာထူးမွ ႏွုတ္ထြက္ သြားရသည္။ ၂၀၁၂ ခုႏွစ္တြင္ မြတ္စလင္ဘရားသားဟုဒ္မွ ေမာ္စီအား သမၼတအျဖစ္ ေရြးေကာက္ တင္ေျမွာက္သည္။ အီဂ်စ္ဖြဲ႔စည္းပံု အေျခခံဥပေဒဆိုင္ရာခံုရံုးသည္ အျငင္းပြားဖြယ္ဆံုးျဖတ္ခ်က္မ်ား ခ်မွတ္ျခင္း၊ တိုင္းျပဳျပည္ျပဳလႊတ္ေတာ္အား လုပ္ပိုင္ခြင့္မ်ား ကန္႔သတ္၍ ေမာ္စီထံ အခြင့္အာဏာ အားလံုးသက္ဆင္းေစမည့္ ဥပေဒမ်ား ျပဌာန္းျခင္းေၾကာင့္ ကိုင္ရိုျမိဳ႔တြင္ သိန္းႏွင့္ခ်ီေသာ ေမာ္စီကန္႔ကြက္သူ မ်ားက ဆႏၵျပၾကသည္။ ေမာ္စီေထာက္ခံသူႏွင့္ ဘရားသား ဟုဒ္တို႔ကလည္း တန္ျပန္ဆႏၵျပရာမွ ျပင္းထန္ေသာ အၾကမ္းဖက္မွဳႏွင့္ ေသြးထြက္သံယိုမွဳမ်ားျဖစ္ပြားျပီး ၂၀၁၃ ခုႏွစ္တြင္ အီဂ်စ္တပ္မေတာ္က ေမာ္စီအား ဖယ္ရွားအာဏာသိမ္းယူခဲ့သည္။ ဘရားသားဟုဒ္တို႔ကိုလည္း မတရားအသင္းေၾကညာကာ ျဖိဳခြင္းခဲ့သည္။
အီဂ်စ္ႏိုင္ငံေရးေလာကတြင္ ဘရားသားဟုဒ္တို႔မွာ ၾသဇာေညာင္းဆံုး အစၥလာမ္မစ္အဖြဲ႔အစည္း တစ္ခုျဖစ္သည္။ သို႔ေသာ္ ၂၀၁၃ ခုႏွစ္တြင္ အၾကမ္းဖက္အဖြဲ႔အစည္းအျဖစ္ သတ္မွတ္ျခင္းခံရာတြင္ ေဆာ္ဒီႏွင့္ ရုရွားကဲ့သို႔ ႏိုင္ငံမ်ားလည္း ေထာက္ခံသည္။ လြန္ခဲ့သည့္ ဧျပီလတြင္ ဘရားသားဟုဒ္အား အၾကမ္းဖက္အဖြဲ႔အစည္းအျဖစ္ သတ္မွတ္ရန္ မိမိစဥ္းစားလွ်က္ရွိေၾကာင္း အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ေျပာဆိုသည္။

Unicode Version

 

တနင်္လာနေ့ အီဂျစ်နိုင်ငံကိုင်ရိုမြို့ တရားရုံးတော်၌ ဖယ်ရှားခံသမ္မတဟောင်း မိုဟာမက်မော်စီ Mohamed Morsi ရုတ်တရက် လဲကျသေဆုံးရခြင်းမှာ တဖြည်းဖြည်း သေဆုံးစေရန် တမင်ရည်ရွယ်၍ သတ်ဖြတ်ခံခဲ့ရခြင်းသာဖြစ်ပြီး အီဂျစ်အစိုးရ၌ လုံးဝတာဝန်ရှိကြောင်း မွတ်စလင်ဘရားသားဟုဒ်တို့က စွပ်စွဲလိုက်သည်ဟု Business Recorder က ယနေ့ရေးသားသည်။
အီဂျစ်အာဏာပိုင်များသည် မော်စီအား တစ်ဦးတည်း အထီးကျန်ချုပ်နှောင်ထားခဲ့ပြီး၊ ကျန်းမာရေး စောင့်ရှောက် ပေးခြင်းမရှိပဲ စက်ဆုပ်ရွံရှာဖွယ် အစားအစာများကို စားစေခဲ့ကြောင်း၊ မော်စီ၏ အခြေခံ လူ့အခွင့်အရေးများကို လည်း လစ်လျူရှုထားခဲ့ကြသည်ဟု မွတ်စလင်ဘရားသားဟုဒ်တို့၏ Freedom and Justice political party ဝဘ်ဆိုဒ်စာမျက်နှာတွင် စွပ်စွဲဖော်ပြထားသည်။
မော်စီအသတ်ခံရခြင်းအတွက် နိုင်ငံတကာတွင် အီဂျစ်သံရုံးအား ကန့်ကွက်ဆန္ဒပြကြရန်နှင့် အီဂျစ်နိုင်ငံတစ် ဝန်းလုံးက မော်စီအား ပုံမှားရိုက်သတ်ဖြတ်ခြင်းအား ရှုတ်ချကြရန် မွတ်စလင်ဘရားသားဟုဒ်တို့က တောင်းဆိုသည်ဟု Russia Today က ဖော်ပြသည်။
မိုဟာမက်မော်စီအား အီဂျစ်နိုင်ငံ၏ ဒီမိုကရေစီနည်းကျ ပထမဆုံးရွေးကောက်ခံရသူ သမ္မတကြီးအဖြစ်၊ တူရကီ နှင့် ကာတာနိုင်ငံသတင်းစာများတွင် ဖော်ပြကြပြီး အစ္စရေးသိမ်းပိုက်ခံ အရှေ့ဂျေရုဆလင်မြို့ဟောင်း အယ်လ် အက်ဆာဗလီ၌ မော်စီအတွက် ဝတ်ပြုဆုတောင်းပွဲ ကျင်းပကြောင်း Daily Sabah က ဖော်ပြသည်။
အီဂျစ်နိုင်ငံတွင် ၁၉၈၁-ခုနှစ် သမ္မတအန်ဝါဆဒတ် လုပ်ကြံခံရပြီးချိန်မှစ၍ ဆက်ခံခဲ့သော ဟေ့ာဇနီ မူဘာရက် သည် ပြည်တွင်း လူထုအုံကြွမှုများကြောင့် ၂၀၁၁ ခုနှစ်တွင် သမ္မတရာထူးမှ နှုတ်ထွက် သွားရသည်။ ၂၀၁၂ ခုနှစ်တွင် မွတ်စလင်ဘရားသားဟုဒ်မှ မော်စီအား သမ္မတအဖြစ် ရွေးကောက် တင်မြှောက်သည်။ အီဂျစ်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးသည် အငြင်းပွားဖွယ်ဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ တိုင်းပြုပြည်ပြုလွှတ်တော်အား လုပ်ပိုင်ခွင့်များ ကန့်သတ်၍ မော်စီထံ အခွင့်အာဏာ အားလုံးသက်ဆင်းစေမည့် ဥပဒေများ ပြဌာန်းခြင်းကြောင့် ကိုင်ရိုမြို့တွင် သိန်းနှင့်ချီသော မော်စီကန့်ကွက်သူ များက ဆန္ဒပြကြသည်။ မော်စီထောက်ခံသူနှင့် ဘရားသား ဟုဒ်တို့ကလည်း တန်ပြန်ဆန္ဒပြရာမှ ပြင်းထန်သော အကြမ်းဖက်မှုနှင့် သွေးထွက်သံယိုမှုများဖြစ်ပွားပြီး ၂၀၁၃ ခုနှစ်တွင် အီဂျစ်တပ်မတော်က မော်စီအား ဖယ်ရှားအာဏာသိမ်းယူခဲ့သည်။ ဘရားသားဟုဒ်တို့ကိုလည်း မတရားအသင်းကြေညာကာ ဖြိုခွင်းခဲ့သည်။
အီဂျစ်နိုင်ငံရေးလောကတွင် ဘရားသားဟုဒ်တို့မှာ သြဇာညောင်းဆုံး အစ္စလာမ်မစ်အဖွဲ့အစည်း တစ်ခုဖြစ်သည်။ သို့သော် ၂၀၁၃ ခုနှစ်တွင် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခြင်းခံရာတွင် ဆော်ဒီနှင့် ရုရှားကဲ့သို့ နိုင်ငံများလည်း ထောက်ခံသည်။ လွန်ခဲ့သည့် ဧပြီလတွင် ဘရားသားဟုဒ်အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ရန် မိမိစဉ်းစားလျှက်ရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုသည်။

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။