Skip to main content
ခ်ဲလ္ဆီးအသင္းမန္ေနဂ်ာရာထူးအတြက္ ယခုသီတင္းပတ္အတြင္း အာဘရာမိုဗစ္ႏွင့္ လမ္းပတ္တို႔ ေတြ႕ဆံုေဆြးေႏြးရန္ စီစဥ္ထား
Ads Block

ခ်ဲလ္ဆီးအသင္းမန္ေနဂ်ာရာထူးအတြက္ ယခုသီတင္းပတ္အတြင္း အာဘရာမိုဗစ္ႏွင့္ လမ္းပတ္တို႔ ေတြ႕ဆံုေဆြးေႏြးရန္ စီစဥ္ထား


ခ်ဲလ္ဆီးအသင္းပိုင္ရွင္ အာဘရာမိုဗစ္သည္ ခ်ဲလ္ဆီးအသင္းမန္ေနဂ်ာသစ္ ခန္႔အပ္ေရးႏွင့္ ပတ္သက္၍ အဂၤလန္လိဂ္ခ်န္ပီယံရွစ္ကလပ္ ဒါဘီေကာင္တီအသင္းမန္ေနဂ်ာ ဖရန္႔လမ္းပတ္ႏွင့့္ ျပင္သစ္ႏုိင္ငံ၌ ယခုသီတင္း ပတ္အတြင္း ေတြ႕ဆံုေဆြးေႏြးရန္ စီစဥ္ထားေၾကာင္း သတင္းမ်ားတြင္ ေရးသားေဖာ္ျပထားသည္။ ခ်ဲလ္ဆီးအသင္းသည္ မန္ေနဂ်ာ ဆာရီသည္ ဂ်ဴဗင္တပ္အသင္းသုိ႔ ေျပာင္းေရႊ႕သြားခဲ့ျခင္းေၾကာင့္ မန္ေနဂ်ာသစ္တစ္ဦး ခန္႔အပ္ရန္ စီစဥ္မႈမ်ားျပဳလုပ္ေနၿပီး လစ္လပ္ေနသည့္ ေနရာတြင္ ခ်ဲလ္ဆီးကြင္းလယ္ကစားသမားေဟာင္း ဖရန္႔လမ္းပတ္အား အစားထိုးရန္ ရည္ရြယ္ထားသည္။ အာဘရာမိုဗစ္ ပိုင္ဆုိင္သည့္ ေပါင္သန္း ၃၈၀ တန္ေၾကးရွိ ဇိမ္ခံရြက္ေလွသည္ ျပင္သစ္ ႏုိင္ငံ ST tROPEZ ၿမိဳ႕ရွိ ဆိပ္ကမ္းတြင္ ဆိုက္ကပ္ရပ္နားထားၿပီး ဒါဘီေကာင္တီအသင္းမန္ေနဂ်ာ လမ္းပတ္ သည္လည္း ျပင္သစ္ႏုိင္ငံသို႔ အလည္အပတ္ ေရာက္ရိွေနျခင္းေၾကာင့္ ယခု သီတင္းပတ္အတြင္း အာဘရာမိုဗစ္ ပိုင္ဆုိင္သည့္ ဇိမ္ခံရြက္ေလွေပၚတြင္ ေတြ႕ဆံုေဆြးေႏြးမႈမ်ား ျပဳလုပ္သြား ရန္ စီစဥ္ထားျခင္းျဖစ္သည္။ လမ္းပတ္ (၄၀ ႏွစ္) သည္ ၂၀၁၈ ခုႏွစ္ ေမလ ၃၁ ရက္တြင္ ဒါဘီေကာင္တီအသင္းမန္ေနဂ်ာအျဖစ္ တာ၀န္ယူျခင္းျဖင့္ မန္ေနဂ်ာေလာကသို႔ စတင္၀င္ေရာက္ လာခဲ့သူျဖစ္ၿပီး သံုးႏွစ္သက္တမ္းရွိ စာခ်ဳပ္ခ်ဳပ္ဆုိထားသူျဖစ္သည္။ ခ်ဲလ္ဆီးအေနျဖင့္ လမ္းပတ္အား မန္ေနဂ်ာသစ္အျဖစ္ ေခၚယူေရး ေဆြးေႏြးမႈျပဳလုပ္ရန္အတြက္ ဒါဘီအသင္း၏ ခြင့္ျပဳခ်က္ ရရွိရန္ လိုအပ္ေနေၾကာင္း၊ ဒါဘီအသင္းသည္ လမ္းပတ္အား လက္လႊတ္ ရမည္ဆုိပါက သူ၏ လက္က်န္စာခ်ဳပ္သက္တမ္း ႏွစ္ႏွစ္အတြက္ ခ်ဲလ္ဆီးအသင္းထံမွ ေလ်ာ္ေၾကးေငြ အျဖစ္ ေပါင္ ၄ သန္း ရရွိရန္ လိုလားလ်က္ရွိေၾကာင္း သတင္းမ်ားတြင္ ဆက္လက္ေရးသားထားသည္။ ဒါဘီေကာင္တီအသင္း၏ ပိုင္ရွင္ျဖစ္သူ မီလ္ေမာရစ္  က “ မန္ေနဂ်ာ လမ္းပတ္ကို ေခၚယူဖို႔အတြက္ ကၽြန္ေတာ္တို႔ ဆီကို တရား၀င္ဆက္သြယ္ လာတာမ်ိဳးမရွိေသးပါဘူး။ ကၽြန္ေတာ္တုိ႔ကေတာ့ လမ္းပတ္ကို အသင္းမွာပဲ ကာလ ရွည္ဆက္ရွိေနဖုိ႔ ဆႏၵရွိ ပါတယ္။ တကယ္လုိ႔ ခ်ဲလ္ဆီးအသင္းအေနနဲ႔ လမ္းပတ္ကုိ ေခၚယူခ်င္တယ္ဆုိရင္ သင့္ေတာ္တဲ့ ကမ္းလွမ္းမႈ တစ္ခုကိုေတာ့ ျပဳလုပ္ရမွာပါ”ဟု ေျပာဆုိထားသည္။ အျခားသတင္းတစ္ပုဒ္အရ ဒါဘီေကာင္တီအသင္းသည္ လမ္းပတ္အား ဆံုး႐ံႈးခဲ့ရပါက ခ်ဲလ္ဆီးႏွင့္ အဂၤလန္ဗဟိုခံစစ္မွဴးေဟာင္းတစ္ဦးျဖစ္သူ ဂၽြန္တယ္ရီအား မန္ေနဂ်ာ အျဖစ္ အစားထိုးခန္႔အပ္ရန္ စဥ္းစားထားသည္ဟုဆုိသည္။ အသက္ ၃၈ ႏွစ္အရြယ္ရွိ ခံစစ္မွဴးေဟာင္း ဂၽြန္တယ္ရီသည္ ၂၀၁၈ ခုႏွစ္မွ စတင္ကာ အက္စတြန္ဗီလာအသင္းတြင္ လက္ေထာက္မန္ေနဂ်ာအျဖစ္ တာ၀န္ယူေနသူျဖစ္သည္။

Unicode Version

 


ချဲလ်ဆီးအသင်းပိုင်ရှင် အာဘရာမိုဗစ်သည် ချဲလ်ဆီးအသင်းမန်နေဂျာသစ် ခန့်အပ်ရေးနှင့် ပတ်သက်၍ အင်္ဂလန်လိဂ်ချန်ပီယံရှစ်ကလပ် ဒါဘီကောင်တီအသင်းမန်နေဂျာ ဖရန့်လမ်းပတ်နှင့် ပြင်သစ်နိုင်ငံ၌ ယခုသီတင်း ပတ်အတွင်း တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။ ချဲလ်ဆီးအသင်းသည် မန်နေဂျာ ဆာရီသည် ဂျူဗင်တပ်အသင်းသို့ ပြောင်းရွှေ့သွားခဲ့ခြင်းကြောင့် မန်နေဂျာသစ်တစ်ဦး ခန့်အပ်ရန် စီစဉ်မှုများပြုလုပ်နေပြီး လစ်လပ်နေသည့် နေရာတွင် ချဲလ်ဆီးကွင်းလယ်ကစားသမားဟောင်း ဖရန့်လမ်းပတ်အား အစားထိုးရန် ရည်ရွယ်ထားသည်။ အာဘရာမိုဗစ် ပိုင်ဆိုင်သည့် ပေါင်သန်း ၃၈၀ တန်ကြေးရှိ ဇိမ်ခံရွက်လှေသည် ပြင်သစ် နိုင်ငံ ST tROPEZ မြို့ရှိ ဆိပ်ကမ်းတွင် ဆိုက်ကပ်ရပ်နားထားပြီး ဒါဘီကောင်တီအသင်းမန်နေဂျာ လမ်းပတ် သည်လည်း ပြင်သစ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေခြင်းကြောင့် ယခု သီတင်းပတ်အတွင်း အာဘရာမိုဗစ် ပိုင်ဆိုင်သည့် ဇိမ်ခံရွက်လှေပေါ်တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွား ရန် စီစဉ်ထားခြင်းဖြစ်သည်။ လမ်းပတ် (၄၀ နှစ်) သည် ၂၀၁၈ ခုနှစ် မေလ ၃၁ ရက်တွင် ဒါဘီကောင်တီအသင်းမန်နေဂျာအဖြစ် တာဝန်ယူခြင်းဖြင့် မန်နေဂျာလောကသို့ စတင်ဝင်ရောက် လာခဲ့သူဖြစ်ပြီး သုံးနှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုထားသူဖြစ်သည်။ ချဲလ်ဆီးအနေဖြင့် လမ်းပတ်အား မန်နေဂျာသစ်အဖြစ် ခေါ်ယူရေး ဆွေးနွေးမှုပြုလုပ်ရန်အတွက် ဒါဘီအသင်း၏ ခွင့်ပြုချက် ရရှိရန် လိုအပ်နေကြောင်း၊ ဒါဘီအသင်းသည် လမ်းပတ်အား လက်လွှတ် ရမည်ဆိုပါက သူ၏ လက်ကျန်စာချုပ်သက်တမ်း နှစ်နှစ်အတွက် ချဲလ်ဆီးအသင်းထံမှ လျော်ကြေးငွေ အဖြစ် ပေါင် ၄ သန်း ရရှိရန် လိုလားလျက်ရှိကြောင်း သတင်းများတွင် ဆက်လက်ရေးသားထားသည်။ ဒါဘီကောင်တီအသင်း၏ ပိုင်ရှင်ဖြစ်သူ မီလ်မောရစ်  က “ မန်နေဂျာ လမ်းပတ်ကို ခေါ်ယူဖို့အတွက် ကျွန်တော်တို့ ဆီကို တရားဝင်ဆက်သွယ် လာတာမျိုးမရှိသေးပါဘူး။ ကျွန်တော်တို့ကတော့ လမ်းပတ်ကို အသင်းမှာပဲ ကာလ ရှည်ဆက်ရှိနေဖို့ ဆန္ဒရှိ ပါတယ်။ တကယ်လို့ ချဲလ်ဆီးအသင်းအနေနဲ့ လမ်းပတ်ကို ခေါ်ယူချင်တယ်ဆိုရင် သင့်တော်တဲ့ ကမ်းလှမ်းမှု တစ်ခုကိုတော့ ပြုလုပ်ရမှာပါ”ဟု ပြောဆိုထားသည်။ အခြားသတင်းတစ်ပုဒ်အရ ဒါဘီကောင်တီအသင်းသည် လမ်းပတ်အား ဆုံးရှုံးခဲ့ရပါက ချဲလ်ဆီးနှင့် အင်္ဂလန်ဗဟိုခံစစ်မှူးဟောင်းတစ်ဦးဖြစ်သူ ဂျွန်တယ်ရီအား မန်နေဂျာ အဖြစ် အစားထိုးခန့်အပ်ရန် စဉ်းစားထားသည်ဟုဆိုသည်။ အသက် ၃၈ နှစ်အရွယ်ရှိ ခံစစ်မှူးဟောင်း ဂျွန်တယ်ရီသည် ၂၀၁၈ ခုနှစ်မှ စတင်ကာ အက်စတွန်ဗီလာအသင်းတွင် လက်ထောက်မန်နေဂျာအဖြစ် တာဝန်ယူနေသူဖြစ်သည်။

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။