Skip to main content
ယူ-၂၁ ခ်န္ပီယံရွစ္ၿပိဳင္ပြဲတြင္ ကေလးငယ္တစ္ဦး၏ မ်က္ႏွာပံုပါသည့္ ေဘာကန္ဖိနပ္အား အဂၤလန္ကစားသမား မက္ဒီဆြန္ ၀တ္ဆင္အသံုးျပဳမည္
Ads Block

ယူ-၂၁ ခ်န္ပီယံရွစ္ၿပိဳင္ပြဲတြင္ ကေလးငယ္တစ္ဦး၏ မ်က္ႏွာပံုပါသည့္ ေဘာကန္ဖိနပ္အား အဂၤလန္ကစားသမား မက္ဒီဆြန္ ၀တ္ဆင္အသံုးျပဳမည္

 

ပရီးမီးယားလိဂ္ကလပ္ လက္စတာအသင္း ကြင္းလယ္တုိက္စစ္ကစားသမား ဂ်ိမ္းစ္မက္ဒီဆြန္သည္ အဂၤလန္ယူ-၂၁ အသင္းႏွင့္အတူ ၂၀၁၉ ခုႏွစ္ ယူအီးအက္ဖ္ေအ ယူ-၂၁ ခ်န္ပီယံရွစ္ၿပိဳင္ပြဲတြင္ ပါ၀င္ယွဥ္ၿပိဳင္ခ်ိန္၌ မိန္းကေလးငယ္တစ္ဦး၏ မ်က္ႏွာပံုထည့္သြင္းဖန္တီးထားသည့္ ေဘာလံုးကန္ဖိနပ္ကို ၀တ္ဆင္သြား မည္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆုိုလိုက္သည္။

ယူ-၂၁ ခ်န္ပီယံရွစ္ၿပိဳင္ပြဲတြင္ ကေလးငယ္တစ္ဦး၏ မ်က္ႏွာပံုပါသည့္ ေဘာကန္ဖိနပ္အား အဂၤလန္ကစားသမား မက္ဒီဆြန္ ၀တ္ဆင္အသံုးျပဳမည္

အဆိုပါ မိန္းကေလးငယ္၏ အမည္မွာ ဆိုဖီေတလာျဖစ္ၿပီး ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္ ဇန္န၀ါရီလအတြင္းတြင္ အ႐ိုးကင္ဆာေရာဂါေ၀ဒနာေၾကာင့္ ကြယ္လြန္ခဲ့ကာ ကြယ္လြန္ခ်ိန္တြင္ အသက္ ၅ ႏွစ္သာ ရွိေသးသူျဖစ္သည္။ မက္ဒီဆြန္သည္ ၂၀၁၆ ခုႏွစ္မွ ၂၀၁၈ ခုႏွစ္အတြင္း ေနာ့၀ွစ္ခ်္အသင္း၌ ပါ၀င္ ကစားေနစဥ္အခ်ိန္အတြင္းတြင္ ကင္ဆာေရာဂါေ၀ဒနာရွင္ ဆုိဖီေတလာႏွင့္ စတင္သိကၽြမ္းခဲ့ကာ ၎တုိ႔ ႏွစ္ဦး ၾကား ဆက္သြယ္မႈမ်ား ရွိခဲ့ၿပီး မက္ဒီဆြန္သည္ ၿပီးခဲ့သည့္ ေႏြရာသီေစ်းကြက္ ကာလအတြင္း ေနာ့၀ွစ္ခ်္မွ လက္စတာစီးတီးအသင္းသုိ႔ ေျပာင္းေရႊ႕ခဲ့ၿပီးေနာက္ပိုင္းတြင္လည္း ဆုိဖီေတလာထံသုိ႔ သြားေရာက္လည္ပတ္မႈမ်ား ျပဳလုပ္ခဲ့သည္။ ဆုိဖီေတလာ ကြယ္လြန္ခဲ့ၿပီးေနာက္ မက္ဒီဆြန္သည္ ဆိုဖီေတလာ၏ စ်ာပနအခမ္းအနားသို႔ တက္ေရာက္ခဲ့ၿပီး ၂၀၁၉ ခုႏွစ္ မတ္လ ၁၆ ရက္တြင္ လက္စတာအသင္းက အေ၀းကြင္း၌ ဘန္ေလအသင္း အား ၂-၁ ျဖင့္ အႏုိင္ရရွိခဲ့ေသာ ပရီးမီးယားလိဂ္ပြဲစဥ္၌ လက္စတာအသင္း၏ အဖြင့္ဂိုးအျဖစ္ ၎သြင္းယူခဲ့ သည့္ဂိုးအား ဆုိဖီေတလာအတြက္ ရည္စူးေၾကာင္း ေျပာဆုိခဲ့သူျဖစ္သည္။ မက္ဒီဆြန္သည္ ၂၀၁၉ ခုႏွစ္ ယူအီးအက္ဖ္ေအ ယူ-၂၁ ခ်န္ပီယံရွစ္ၿပိဳင္ပြဲတြင္ ၀တ္ဆင္မည့္ ဖိနပ္၌ ဆိုဖီေတလာ၏ မ်က္ႏွာပံု ထည့္သြင္းထားသည့္အျပင္ RIP SOPHIE I LOVE YOU ဟူေသာ စာတမ္းကို ေရးသားထားကာ အဆုိပါ ဖိနပ္အား ၎၏ တြစ္တာစာမ်က္ႏွာတြင္ ေဖာ္ျပခဲ့သည္။ အဆိုပါ ေဘာလံုးကန္ဖိနပ္အား PUMA ကုမၸဏီမွ မက္ဒီဆြန္အတြက္ ဖန္တီးထုတ္လုပ္ေပးခဲ့ျခင္းျဖစ္သည္ဟ ုဆိုသည္။ အဂၤလန္ယူ-၂၁ အသင္းသည္ ၂၀၁၉ ခုႏွစ္ ယူအီးအက္ဖ္ေအ ယူ-၂၁ ခ်န္ပီယံရွစ္ၿပိဳင္ပြဲ အုပ္စုအဆင့္တြင္ ျပင္သစ္ ယူ-၂၁ အသင္း၊ ခ႐ုိေအးရွား ယူ-၂၁ အသင္း၊ ႐ုိေမနီးယား ယူ-၂၁ အသင္းတို႔ႏွင့္ ယွဥ္ၿပိဳင္ရမည္ ျဖစ္သည္။ မန္ယူအသင္း၏ ပစ္မွတ္ထားျခင္း ခံေနရသူ မက္ဒီဆြန္သည္ ၎၏ လက္စတာစီးတီးအသင္းကစားသမားဘ၀ ပထမဆံုးရာသီျဖစ္သည့္ ၂၀၁၈-၁၉ ခုႏွစ္ ေဘာလံုးရာသီ၌ လက္စတာအသင္းအတြက္ စုစုေပါင္း ၃၃ ပြဲ ပါ၀င္ကစားခဲ့ကာ ၇ ဂိုး သြင္းယူ ႏုိင္ခဲ့သူျဖစ္သည္။

Unicode Version

 

ပရီးမီးယားလိဂ်ကလပ် လက်စတာအသင်း ကွင်းလယ်တိုက်စစ်ကစားသမား ဂျိမ်းစ်မက်ဒီဆွန်သည် အင်္ဂလန်ယူ-၂၁ အသင်းနှင့်အတူ ၂၀၁၉ ခုနှစ် ယူအီးအက်ဖ်အေ ယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ချိန်၌ မိန်းကလေးငယ်တစ်ဦး၏ မျက်နှာပုံထည့်သွင်းဖန်တီးထားသည့် ဘောလုံးကန်ဖိနပ်ကို ဝတ်ဆင်သွား မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ အဆိုပါ မိန်းကလေးငယ်၏ အမည်မှာ ဆိုဖီတေလာဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်းတွင် အရိုးကင်ဆာရောဂါဝေဒနာကြောင့် ကွယ်လွန်ခဲ့ကာ ကွယ်လွန်ချိန်တွင် အသက် ၅ နှစ်သာ ရှိသေးသူဖြစ်သည်။ မက်ဒီဆွန်သည် ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း နော့ဝှစ်ချ်အသင်း၌ ပါဝင် ကစားနေစဉ်အချိန်အတွင်းတွင် ကင်ဆာရောဂါဝေဒနာရှင် ဆိုဖီတေလာနှင့် စတင်သိကျွမ်းခဲ့ကာ ၎င်းတို့ နှစ်ဦး ကြား ဆက်သွယ်မှုများ ရှိခဲ့ပြီး မက်ဒီဆွန်သည် ပြီးခဲ့သည့် နွေရာသီဈေးကွက် ကာလအတွင်း နော့ဝှစ်ချ်မှ လက်စတာစီးတီးအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်းတွင်လည်း ဆိုဖီတေလာထံသို့ သွားရောက်လည်ပတ်မှုများ ပြုလုပ်ခဲ့သည်။ ဆိုဖီတေလာ ကွယ်လွန်ခဲ့ပြီးနောက် မက်ဒီဆွန်သည် ဆိုဖီတေလာ၏ ဈာပနအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ၂၀၁၉ ခုနှစ် မတ်လ ၁၆ ရက်တွင် လက်စတာအသင်းက အဝေးကွင်း၌ ဘန်လေအသင်း အား ၂-၁ ဖြင့် အနိုင်ရရှိခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်၌ လက်စတာအသင်း၏ အဖွင့်ဂိုးအဖြစ် ၎င်းသွင်းယူခဲ့ သည့်ဂိုးအား ဆိုဖီတေလာအတွက် ရည်စူးကြောင်း ပြောဆိုခဲ့သူဖြစ်သည်။ မက်ဒီဆွန်သည် ၂၀၁၉ ခုနှစ် ယူအီးအက်ဖ်အေ ယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဝတ်ဆင်မည့် ဖိနပ်၌ ဆိုဖီတေလာ၏ မျက်နှာပုံ ထည့်သွင်းထားသည့်အပြင် RIP SOPHIE I LOVE YOU ဟူသော စာတမ်းကို ရေးသားထားကာ အဆိုပါ ဖိနပ်အား ၎င်း၏ တွစ်တာစာမျက်နှာတွင် ဖော်ပြခဲ့သည်။ အဆိုပါ ဘောလုံးကန်ဖိနပ်အား PUMA ကုမ္ပဏီမှ မက်ဒီဆွန်အတွက် ဖန်တီးထုတ်လုပ်ပေးခဲ့ခြင်းဖြစ်သည်ဟ ုဆိုသည်။ အင်္ဂလန်ယူ-၂၁ အသင်းသည် ၂၀၁၉ ခုနှစ် ယူအီးအက်ဖ်အေ ယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုအဆင့်တွင် ပြင်သစ် ယူ-၂၁ အသင်း၊ ခရိုအေးရှား ယူ-၂၁ အသင်း၊ ရိုမေနီးယား ယူ-၂၁ အသင်းတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ မန်ယူအသင်း၏ ပစ်မှတ်ထားခြင်း ခံနေရသူ မက်ဒီဆွန်သည် ၎င်း၏ လက်စတာစီးတီးအသင်းကစားသမားဘ၀ ပထမဆုံးရာသီဖြစ်သည့် ၂၀၁၈-၁၉ ခုနှစ် ဘောလုံးရာသီ၌ လက်စတာအသင်းအတွက် စုစုပေါင်း ၃၃ ပွဲ ပါဝင်ကစားခဲ့ကာ ၇ ဂိုး သွင်းယူ နိုင်ခဲ့သူဖြစ်သည်။

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။