Skip to main content
မန္ယူအသင္းအတြက္ ဗဟိုခံစစ္မွဴး ဒီလီဂတ္ လိုအပ္သည္ဟု ကြင္းလယ္ကစားသမားေဟာင္း ကလီဘာဆင္ ေျပာဆုိ
Ads Block

မန္ယူအသင္းအတြက္ ဗဟိုခံစစ္မွဴး ဒီလီဂတ္ လိုအပ္သည္ဟု ကြင္းလယ္ကစားသမားေဟာင္း ကလီဘာဆင္ ေျပာဆုိ

မန္ယူအသင္းအေနျဖင့္ အိုင္းယက္စ္အသင္း ဗဟိုခံစစ္မွဴး မာသီဒီလီဂက္အား အမိအရ ေခၚယူရန္ လိုအပ္သည္ ဟု ယံုၾကည္ေၾကာင္း မန္ယူအသင္းကြင္းလယ္ကစားသမားေဟာင္း ကလီဘာဆင္က မွတ္ခ်က္ျပဳေျပာဆုိလုိက္ သည္။

မန္ယူအသင္းအတြက္ ဗဟိုခံစစ္မွဴး ဒီလီဂတ္ လိုအပ္သည္ဟု ကြင္းလယ္ကစားသမားေဟာင္း ကလီဘာဆင္ ေျပာဆုိ

၂၀၁၈-၁၉ ခုႏွစ္ ေဘာလံုးရာသီတြင္ အုိင္းယက္စ္အသင္းအတြက္ ေျခစြမ္းျပကစားႏိုင္ခဲ့သူ ေဟာ္လန္ ကစားသမား ဒီလီဂတ္ (၁၉ ႏွစ္) အား ဘာစီလိုနာ၊ ဂ်ဴဗင္တပ္ႏွင့္ ပီအက္စ္ဂ်ီစသည့္ ဥေရာပထိပ္တန္း အသင္းမ်ား ေခၚယူရန္ စိတ္၀င္စားေနကာ ပီအက္စ္ဂ်ီအသင္းအေနျဖင့္ ခံစစ္မွဴး ဒီလီဂတ္အား တစ္ပတ္လုပ္ခေငြ ေပါင္ ၂၆၀၀၀၀ ျဖင့္ ေခၚယူႏုိင္ရန္ အလားအလာအေကာင္းဆံုးျဖစ္ေနေၾကာင္း သတင္းမ်ား ထြက္ေပၚေနသည္။ ခံစစ္မွဴး ဒီလီဂတ္က ေငြေၾကးေၾကာင့္ မိမိ၏ အနာဂတ္အတြက္ ဆံုးျဖတ္ခ်က္မ်ား ယိမ္းယိုင္သြားမည္မဟုတ္ဟု ေျပာဆိုထားသည္။ ဘရာဇီးကြင္းလယ္ကစားသမားေဟာင္း ကလီဘာဆင္ (၃၉ ႏွစ္) က “ကၽြန္ေတာ့္အျမင္ ေျပာရမယ္ဆုိရင္ မန္ယူအသင္းဟာ ဒီလီဂတ္ကို ေခၚယူဖုိ႔ လိုအပ္ပါတယ္။ ဘာေၾကာင့္လည္းဆုိေတာ့ သူ႔ရဲ႕ ကစားဟန္ ေၾကာင့္ပါ။ ဒီလီဂတ္ဟာ ျဖတ္တင္ေပးပို႔မႈေတြ ေကာင္းသလို ပြဲတစ္ပြဲကို ဖတ္႐ႈႏုိင္စြမ္းလည္း ေကာင္းတယ္။ မန္ယူအသင္းအေနနဲ႔ ေနာက္တန္းကေန တုိက္စစ္အတြက္ အခြင့္အေရးေတြ ဖန္တီးေပးႏုိင္စြမ္း ရွိတဲ့ ဒီလီဂတ္ လို ကစားသမားမ်ိဳးကို လိုအပ္ေနပါတယ္”ဟု ေျပာဆုိခဲ့သည္။ မန္ယူအသင္းတြင္ ဆက္ရွိေနေရးအတြက္ မေရမရာျဖစ္ေနသူ ကြင္းလယ္ကစားသမား ေပါ့ဂ္ဘာႏွင့္ ပတ္သက္ ၍ ကလီဘာဆင္က ေပါ့ဂ္ဘာအေနျဖင့္ ၎၏ စြမ္းရည္အား မန္ယူအသင္းအတြက္ ျပသႏုိင္မႈမရိွမီ အသင္းမွ ထြက္ခြာမည္ဆုိပါက ၎အတြက္ အရွက္ရစရာျဖစ္လာလိမ့္မည္ဟု မွတ္ခ်က္ျပဳေျပာဆုိခဲ့သည္။ “ေပါ့ဂ္ဘာက အလြန္ေကာင္းမြန္တဲ့ ကစားသမားတစ္ဦးပါ။ ၿပီးခဲ့တဲ့ ကမၻာ့ဖလားၿပိဳင္ပြဲမွာ သူ႔ရဲ႕ စြမ္းရည္ကို ကၽြန္ေတာ္တုိ႔ ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ ကစားပံုက ပရီးမီးယားလိဂ္ၿပိဳင္ပြဲအတြက္ အနည္းငယ္ ကြဲလြဲမႈရွိေနတယ္။ ေဘာလံုးကို သယ္ယူဆြဲေျပးၿပီး ေကာင္းမြန္တဲ့ ေပးပို႔မႈတစ္ခုျပဳလုပ္ႏုိင္ဖုိ႔ဆုိတာက ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ခက္ခဲပါတယ္။ ကၽြန္ေတာ္က ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ႏွစ္ရာသီၾကာ ပါ၀င္ကစား ခဲ့ဖူးတာေၾကာင့္ ဒီၿပိဳင္ပြဲဟာ ဘယ္ေလာက္ ခက္ခဲတယ္ဆုိတာကို သိပါတယ္။ ေပါ့ဂ္ဘာက ေကာင္းမြန္တဲ့ ကစားသမားတစ္ဦးျဖစ္ေပမယ့္ မန္ယူအသင္း မွာေတာ့ သူ႔ရဲ႕ စြမ္းေဆာင္ႏုိင္ရည္က အျမင့္ဆံုးကို ေရာက္ရွိဖို႔ လိုေနေသးတယ္”ဟု ကလီဘာဆင္က ေျပာဆုိခဲ့သည္။ ကြင္းလယ္ကစားသမားေဟာင္း ကလီဘာဆင္သည္ ၂၀၀၃ ခုႏွစ္မွ ၂၀၀၅ ခုႏွစ္အထိ မန္ယူအသင္းတြင္ ပါ၀င္ ကစားခဲ့စဥ္အတြင္း စုစုေပါင္း ပြဲ ၃၀ ပါ၀င္ကစားခဲ့ကာ ႏွစ္ဂိုးသြင္းယူႏုိင္ခဲ့ၿပီး ၂၀၀၃-၀၄ ခုႏွစ္ေဘာလံုးရာသီတြင္ အက္ဖေအခ်န္ပီယံဆုဖလားကို ရရွိခဲ့သူျဖစ္သည္။

Unicode Version

 

မန်ယူအသင်းအနေဖြင့် အိုင်းယက်စ်အသင်း ဗဟိုခံစစ်မှူး မာသီဒီလီဂက်အား အမိအရ ခေါ်ယူရန် လိုအပ်သည် ဟု ယုံကြည်ကြောင်း မန်ယူအသင်းကွင်းလယ်ကစားသမားဟောင်း ကလီဘာဆင်က မှတ်ချက်ပြုပြောဆိုလိုက် သည်။ ၂၀၁၈-၁၉ ခုနှစ် ဘောလုံးရာသီတွင် အိုင်းယက်စ်အသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့သူ ဟော်လန် ကစားသမား ဒီလီဂတ် (၁၉ နှစ်) အား ဘာစီလိုနာ၊ ဂျူဗင်တပ်နှင့် ပီအက်စ်ဂျီစသည့် ဥရောပထိပ်တန်း အသင်းများ ခေါ်ယူရန် စိတ်ဝင်စားနေကာ ပီအက်စ်ဂျီအသင်းအနေဖြင့် ခံစစ်မှူး ဒီလီဂတ်အား တစ်ပတ်လုပ်ခငွေ ပေါင် ၂၆၀၀၀၀ ဖြင့် ခေါ်ယူနိုင်ရန် အလားအလာအကောင်းဆုံးဖြစ်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။ ခံစစ်မှူး ဒီလီဂတ်က ငွေကြေးကြောင့် မိမိ၏ အနာဂတ်အတွက် ဆုံးဖြတ်ချက်များ ယိမ်းယိုင်သွားမည်မဟုတ်ဟု ပြောဆိုထားသည်။ ဘရာဇီးကွင်းလယ်ကစားသမားဟောင်း ကလီဘာဆင် (၃၉ နှစ်) က “ကျွန်တော့်အမြင် ပြောရမယ်ဆိုရင် မန်ယူအသင်းဟာ ဒီလီဂတ်ကို ခေါ်ယူဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူ့ရဲ့ ကစားဟန် ကြောင့်ပါ။ ဒီလီဂတ်ဟာ ဖြတ်တင်ပေးပို့မှုတွေ ကောင်းသလို ပွဲတစ်ပွဲကို ဖတ်ရှုနိုင်စွမ်းလည်း ကောင်းတယ်။ မန်ယူအသင်းအနေနဲ့ နောက်တန်းကနေ တိုက်စစ်အတွက် အခွင့်အရေးတွေ ဖန်တီးပေးနိုင်စွမ်း ရှိတဲ့ ဒီလီဂတ် လို ကစားသမားမျိုးကို လိုအပ်နေပါတယ်”ဟု ပြောဆိုခဲ့သည်။ မန်ယူအသင်းတွင် ဆက်ရှိနေရေးအတွက် မရေမရာဖြစ်နေသူ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာနှင့် ပတ်သက် ၍ ကလီဘာဆင်က ပေါ့ဂ်ဘာအနေဖြင့် ၎င်း၏ စွမ်းရည်အား မန်ယူအသင်းအတွက် ပြသနိုင်မှုမရှိမီ အသင်းမှ ထွက်ခွာမည်ဆိုပါက ၎င်းအတွက် အရှက်ရစရာဖြစ်လာလိမ့်မည်ဟု မှတ်ချက်ပြုပြောဆိုခဲ့သည်။ “ပေါ့ဂ်ဘာက အလွန်ကောင်းမွန်တဲ့ ကစားသမားတစ်ဦးပါ။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူ့ရဲ့ စွမ်းရည်ကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် သူ့ရဲ့ ကစားပုံက ပရီးမီးယားလိဂ်ပြိုင်ပွဲအတွက် အနည်းငယ် ကွဲလွဲမှုရှိနေတယ်။ ဘောလုံးကို သယ်ယူဆွဲပြေးပြီး ကောင်းမွန်တဲ့ ပေးပို့မှုတစ်ခုပြုလုပ်နိုင်ဖို့ဆိုတာက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ခက်ခဲပါတယ်။ ကျွန်တော်က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နှစ်ရာသီကြာ ပါဝင်ကစား ခဲ့ဖူးတာကြောင့် ဒီပြိုင်ပွဲဟာ ဘယ်လောက် ခက်ခဲတယ်ဆိုတာကို သိပါတယ်။ ပေါ့ဂ်ဘာက ကောင်းမွန်တဲ့ ကစားသမားတစ်ဦးဖြစ်ပေမယ့် မန်ယူအသင်း မှာတော့ သူ့ရဲ့ စွမ်းဆောင်နိုင်ရည်က အမြင့်ဆုံးကို ရောက်ရှိဖို့ လိုနေသေးတယ်”ဟု ကလီဘာဆင်က ပြောဆိုခဲ့သည်။ ကွင်းလယ်ကစားသမားဟောင်း ကလီဘာဆင်သည် ၂၀၀၃ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ မန်ယူအသင်းတွင် ပါဝင် ကစားခဲ့စဉ်အတွင်း စုစုပေါင်း ပွဲ ၃၀ ပါဝင်ကစားခဲ့ကာ နှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး ၂၀၀၃-၀၄ ခုနှစ်ဘောလုံးရာသီတွင် အက်ဖအေချန်ပီယံဆုဖလားကို ရရှိခဲ့သူဖြစ်သည်။

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။