Skip to main content
ေပါ့ဂ္ဘာ၏ ေျပာင္းေရႊ႕ေၾကးအျဖစ္ ေပါင္သန္း ၉၀ သာ အသံုးျပဳရန္ ရီးရဲမက္ဒရစ္အသင္း ရည္ရြယ္ထား
Ads Block

ေပါ့ဂ္ဘာ၏ ေျပာင္းေရႊ႕ေၾကးအျဖစ္ ေပါင္သန္း ၉၀ သာ အသံုးျပဳရန္ ရီးရဲမက္ဒရစ္အသင္း ရည္ရြယ္ထား

မန္ယူအသင္းတာ၀န္ရွိသူမ်ားက ကြင္းလယ္ကစားသမား ေပါ့ဂ္ဘာအား ေခၚယူလိုသည့္ အသင္းမ်ား အေနျဖင့္ ေျပာင္းေရႊ႕ေၾကးအျဖစ္ ေပါင္သန္း ၁၅၀ ျဖင့္ ကမ္းလွမ္းရမည္ဟု သတ္မွတ္ထားေသာ္လည္း ေခၚယူလိုသည့္ ရီးရဲမက္ဒရစ္အသင္းတာ၀န္ရွိသူမ်ားကမူ ေျပာင္းေရႊ႕ေၾကးအျဖစ္ ေပါင္သန္း ၉၀ ျဖင့္သာ ကမ္းလွမ္းသြားရန္ စီစဥ္ထားေၾကာင္း သတင္းမ်ားတြင္ ေရးသားေဖာ္ျပထားသည္။

ေပါ့ဂ္ဘာ၏ ေျပာင္းေရႊ႕ေၾကးအျဖစ္ ေပါင္သန္း ၉၀ သာ အသံုးျပဳရန္ ရီးရဲမက္ဒရစ္အသင္း ရည္ရြယ္ထား

မန္ယူအသင္းတာ၀န္ရွိသူမ်ားက ေပါ့ဂ္ဘာသည္ ေရာင္းခ်မည့္ ကစားသမားမဟုတ္ေၾကာင္း ေျပာဆုိထားၿပီး လာမည့္ေဘာလံုးရာသီတြင္ မန္ယူ၌သာ ဆက္ရွိေနလိမ့္မည္ဟု ေမွ်ာ္လင့္ထားၾကသည္။ ေပါ့ဂ္ဘာကမူ ၎အေနျဖင့္ မန္ယူအသင္းတြင္ သံုးႏွစ္ ၾကာ ပါ၀င္ကစားခဲ့ၿပီးေနာက္ စိန္ေခၚမႈအသစ္မ်ားႏွင့္ ရင္ဆုိင္ရန္ ဆႏၵရွိေနေၾကာင္း ၿပီးခဲ့သည့္ တနဂၤေႏြေန႔က ထုတ္ေဖာ္ေျပာဆုိခဲ့ၿပီးေနာက္ ရီးရဲအသင္းသည္ ေပါ့ဂ္ဘာအား ေခၚယူေရးႀကိဳးပမ္းရာတြင္ ေျပာင္းေရႊ႕ေၾကး အျဖစ္ ေပါင္သန္း ၉၀ သာ အသံုးျပဳရန္ ရည္မွန္းထားခဲ့ျခင္းျဖစ္သည္။ ေပါ့ဂ္ဘာအေနျဖင့္ ရီးရဲအသင္းတြင္ ပါ၀င္ကစားလိုသည့္ ၎၏ ဆႏၵကို ဖြင့္ဟေျပာဆုိေလ့ရွိသူတစ္ဦးျဖစ္ကာ ရီးရဲနည္းျပအျဖစ္ တာ၀န္ယူေနသူ တစ္ႏုိင္ငံတည္းသာ ဇီဒန္း၏ လက္ေအာက္တြင္ ကစားခြင့္ရရွိေရးသည္လည္း သူ၏ ရည္မွန္းခ်က္ျဖစ္ေၾကာင္း သတင္းမ်ားတြင္ ဆက္လက္ေရးသားထားသည္။ မန္ယူအသင္းသည္ ေပါ့ဂ္ဘာအား ၂၀၁၆ ခုႏွစ္ ၾသဂုတ္လ အတြင္းတြင္ ဂ်ဴဗင္တပ္ အသင္းထံမွ ေခၚယူခဲ့စဥ္က ေျပာင္းေရႊ႕ေၾကးအျဖစ္ ေပါင္ ၈၉ သန္း အသံုးျပဳခဲ့ရၿပီး ေပါ့ဂ္ဘာအား ေပါင္သန္း ၉၀ ျဖင့္ ျပန္လည္ေရာင္းခ်မည္ဆုိပါက ေပါင္ ၁ သန္း အျမတ္အစြန္းရရွိမည္ျဖစ္သည္။ မန္ယူအသင္း၏ ရာသီႀကိဳေလ့က်င့္မႈမ်ားကို လာမည့္ ဇူလိုင္လ ၁ ရက္ေန႔တြင္ ျပန္လည္စတင္မည္ျဖစ္ရာ မန္ေနဂ်ာ ဆုိးလ္ရွား ႏွင့္ အမႈေဆာင္အရာရွိ အက္ဒ္၀ုဒ္၀က္ တို႔အေနျဖင့္ အဆုိပါရက္မတုိင္မီတြင္ ေပါ့ဂ္ဘာ၏ အနာဂတ္ႏွင့္ပတ္ သက္၍ ဆံုးျဖတ္ခ်က္တစ္ရပ္ ခ်မွတ္သြားရမည္ျဖစ္သည္။  ဆုိးလ္ရွားက ေပါ့ဂ္ဘာ (၂၆ ႏွစ္) အား အေျခခံကာ အသင္းကို ျပဳျပင္တည္ေဆာက္သြားမည္ဟု ယခင္က ေျပာဆုိထားခဲ့ဖူးသည္။ ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳသို႔ ပ႐ိုမိုးရွင္းခရီးစဥ္တစ္ခုျဖင့္ ေရာက္ရွိေနစဥ္အတြင္း ေပါ့ဂ္ဘာက “အခုေႏြရာသီက ကၽြန္ေတာ့္အတြက္ စိန္ေခၚမႈအသစ္ေတြ ရွာေဖြဖို႔ အခ်ိန္ေကာင္းျဖစ္လာႏုိင္ပါတယ္”ဟု ေျပာဆုိခဲ့ျခင္းျဖစ္သည္။ စပိန္ကလပ္ ရီးရဲမက္ဒရစ္အသင္းသည္လည္း ယခုေႏြရာသီအတြင္း အသင္းကို ျပဳျပင္မႈမ်ားျပဳလုပ္ေနကာ ခ်ဲလ္ဆီး ကစားသမား အီဒင္ဟာဇက္အပါအ၀င္ ကစားသမားသစ္အခ်ိဳ႕အား ေျပာင္းေရႊ႕ေၾကး ေပါင္ ၂၇၅ သန္း ေက်ာ္အထိ အသံုးျပဳၿပီး ေခၚယူထားသည့္အသင္းျဖစ္သည္။

Unicode Version

 

မန်ယူအသင်းတာဝန်ရှိသူများက ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာအား ခေါ်ယူလိုသည့် အသင်းများ အနေဖြင့် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း ၁၅၀ ဖြင့် ကမ်းလှမ်းရမည်ဟု သတ်မှတ်ထားသော်လည်း ခေါ်ယူလိုသည့် ရီးရဲမက်ဒရစ်အသင်းတာဝန်ရှိသူများကမူ ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း ၉၀ ဖြင့်သာ ကမ်းလှမ်းသွားရန် စီစဉ်ထားကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။ မန်ယူအသင်းတာဝန်ရှိသူများက ပေါ့ဂ်ဘာသည် ရောင်းချမည့် ကစားသမားမဟုတ်ကြောင်း ပြောဆိုထားပြီး လာမည့်ဘောလုံးရာသီတွင် မန်ယူ၌သာ ဆက်ရှိနေလိမ့်မည်ဟု မျှော်လင့်ထားကြသည်။ ပေါ့ဂ်ဘာကမူ ၎င်းအနေဖြင့် မန်ယူအသင်းတွင် သုံးနှစ် ကြာ ပါဝင်ကစားခဲ့ပြီးနောက် စိန်ခေါ်မှုအသစ်များနှင့် ရင်ဆိုင်ရန် ဆန္ဒရှိနေကြောင်း ပြီးခဲ့သည့် တနင်္ဂနွေနေ့က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ရီးရဲအသင်းသည် ပေါ့ဂ်ဘာအား ခေါ်ယူရေးကြိုးပမ်းရာတွင် ပြောင်းရွှေ့ကြေး အဖြစ် ပေါင်သန်း ၉၀ သာ အသုံးပြုရန် ရည်မှန်းထားခဲ့ခြင်းဖြစ်သည်။ ပေါ့ဂ်ဘာအနေဖြင့် ရီးရဲအသင်းတွင် ပါဝင်ကစားလိုသည့် ၎င်း၏ ဆန္ဒကို ဖွင့်ဟပြောဆိုလေ့ရှိသူတစ်ဦးဖြစ်ကာ ရီးရဲနည်းပြအဖြစ် တာဝန်ယူနေသူ တစ်နိုင်ငံတည်းသာ ဇီဒန်း၏ လက်အောက်တွင် ကစားခွင့်ရရှိရေးသည်လည်း သူ၏ ရည်မှန်းချက်ဖြစ်ကြောင်း သတင်းများတွင် ဆက်လက်ရေးသားထားသည်။ မန်ယူအသင်းသည် ပေါ့ဂ်ဘာအား ၂၀၁၆ ခုနှစ် သြဂုတ်လ အတွင်းတွင် ဂျူဗင်တပ် အသင်းထံမှ ခေါ်ယူခဲ့စဉ်က ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၈၉ သန်း အသုံးပြုခဲ့ရပြီး ပေါ့ဂ်ဘာအား ပေါင်သန်း ၉၀ ဖြင့် ပြန်လည်ရောင်းချမည်ဆိုပါက ပေါင် ၁ သန်း အမြတ်အစွန်းရရှိမည်ဖြစ်သည်။ မန်ယူအသင်း၏ ရာသီကြိုလေ့ကျင့်မှုများကို လာမည့် ဇူလိုင်လ ၁ ရက်နေ့တွင် ပြန်လည်စတင်မည်ဖြစ်ရာ မန်နေဂျာ ဆိုးလ်ရှား နှင့် အမှုဆောင်အရာရှိ အက်ဒ်ဝုဒ်ဝက် တို့အနေဖြင့် အဆိုပါရက်မတိုင်မီတွင် ပေါ့ဂ်ဘာ၏ အနာဂတ်နှင့်ပတ် သက်၍ ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်သွားရမည်ဖြစ်သည်။  ဆိုးလ်ရှားက ပေါ့ဂ်ဘာ (၂၆ နှစ်) အား အခြေခံကာ အသင်းကို ပြုပြင်တည်ဆောက်သွားမည်ဟု ယခင်က ပြောဆိုထားခဲ့ဖူးသည်။ ဂျပန်နိုင်ငံ၊ တိုကျိုသို့ ပရိုမိုးရှင်းခရီးစဉ်တစ်ခုဖြင့် ရောက်ရှိနေစဉ်အတွင်း ပေါ့ဂ်ဘာက “အခုနွေရာသီက ကျွန်တော့်အတွက် စိန်ခေါ်မှုအသစ်တွေ ရှာဖွေဖို့ အချိန်ကောင်းဖြစ်လာနိုင်ပါတယ်”ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။ စပိန်ကလပ် ရီးရဲမက်ဒရစ်အသင်းသည်လည်း ယခုနွေရာသီအတွင်း အသင်းကို ပြုပြင်မှုများပြုလုပ်နေကာ ချဲလ်ဆီး ကစားသမား အီဒင်ဟာဇက်အပါအဝင် ကစားသမားသစ်အချို့အား ပြောင်းရွှေ့ကြေး ပေါင် ၂၇၅ သန်း ကျော်အထိ အသုံးပြုပြီး ခေါ်ယူထားသည့်အသင်းဖြစ်သည်။

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။