Skip to main content
ရည္းစားႏွင့္ ခ်ိန္းေတြ႔ေနသည့္ အမ်ဳိးသမီးကို အမ်ဳိးသား ၂ ဦးက ဓားျဖင့္ ၿခိမ္းေျခာက္ၿပီး အႀကိမ္ႀကိမ္ သားမယားျပဳက်င့္
Ads Block

ရည္းစားႏွင့္ ခ်ိန္းေတြ႔ေနသည့္ အမ်ဳိးသမီးကို အမ်ဳိးသား ၂ ဦးက ဓားျဖင့္ ၿခိမ္းေျခာက္ၿပီး အႀကိမ္ႀကိမ္ သားမယားျပဳက်င့္

ရည္းစားျဖစ္သူႏွင့္ ခ်ိန္းေတြ႔ေနသည့္ အမ်ဳိးသမီးကို အသက္ ၂၀ ေက်ာ္ အမ်ဳိးသား ၂ ဦးက ဓားျဖင့္ၿခိမ္းေျခာက္ကာ သားမယား အျဖစ္ အႀကိမ္ႀကိမ္ျပဳက်င့္ခဲ့သည့္ ျဖစ္စဥ္တစ္ခု ေမွာ္ဘီၿမိဳ႕နယ္တြင္ ေၾကာင္း သိရသည္။
ရန္ကုန္တိုင္းေဒသႀကီး၊ ေမွာ္ဘီၿမိဳ႕နယ္၊ စမ္းေခ်ာင္းေက်းရြာေန မ -------- အား ေနအိမ္၌ ရွိေနစဥ္ ဇြန္လ ၁၆ ရက္၊ ေန႔လယ္ ၃ နာရီခြဲခန္႔က ရည္စားျဖစ္သူက မဂၤလာဒံုၿမိဳ႕နယ္ရွိ စစ္သခၤ်ိဳင္းေရွ႕တြင္ ေတြ႔ဆံုရန္ ဖုန္းဆက္ ခ်ိန္းသျဖင့္ ထြက္သြားခဲ့ၿပီး ရည္စား ျဖစ္သူႏွင့္ ေတြ႔ဆံုကာ ည ၈ နာရီခန္႔တြင္ စစ္သခၤ်ိဳင္းေရွ႕မွ ေမွာ္ဘီၿမိဳ႕နယ္ရွိ ေနအိမ္သို႔ ရည္စားျဖစ္သူႏွင့္အတူ လမ္းေလွ်ာက္ျပန္ ခဲ့ေၾကာင္း သိရသည္။
ယင္းေနာက္ ဇြန္လ ၁၇ ရက္၊ နံနက္ ၁ နာရီခန္႔တြင္ ေမွာ္ဘီၿမိဳ႕နယ္၊ ဆပ္သြားေတာေက်းရြာ၊ ရဲေဘာ္ေစ်းပန္း ၿခံဝင္းအတြင္း ရည္ စားျဖစ္သူႏွင့္ အတူထုိင္ကာ စကားေျပာေနစဥ္ နံနက္ ၄ နာရီခန္႔တြင္ အမည္မသိ လူငယ္ ၂ ဦးေရာက္ရွိလာၿပီး “ နင္တို႔ ဘယ္သူ ေတြလဲ၊ ငါတို႔က လူေပ်ာက္ရွာေနတာ” ဟု ေျပာဆိုကာ ရည္းစားျဖစ္သူ၏ ဖုန္းမီးျဖင့္ မ ------ ၏ မ်က္ႏွာကို ထိုးခိုင္းၿပီး ၎တို႔ ရွာေနေသာ လူမဟုတ္ဟု ေျပာဆိုခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ မ -------- ႏွင့္ ရည္စားျဖစ္သူမွာ ျပန္ရန္ထလာစဥ္ အဆိုပါ အမည္မသိ လူငယ္ ၂ ဦးအနက္ ဂတံုးဆံပင္(လူျမင္လွ်င္ မွတ္မိ)ႏွင့္လူမွ ရည္စားျဖစ္သူကို သစ္သားတုတ္ျဖင့္ရိုက္ခဲ့ေသာေၾကာင့္ လဲက်သြားစဥ္ ဆံပင္ရွည္ႏွင့္ လူမွ ကိုင္းခုတ္ဓားျဖင့္ မ -------- ၏ ပခံုးေပၚသို႔တင္ကာ “ေအာ္ဖို႔လည္း မစဥ္းစားနဲ႔၊ ရုန္းဖို႔မႀကိဳးစားနဲ႔၊ ေအာ္ရင္သတ္ပစ္မယ္၊ ငါနဲ႔လိုက္ခဲ့” ဟုဆိုကာ ရဲ ေဘာ္ေစ်း ပန္းၿခံေနာက္ဘက္သို႔ ေခၚေဆာင္ကာ အလိုမတူဘဲ သားမယားအျဖစ္ တစ္ႀကိမ္စီျပဳက်င့္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႔၏ ထုတ္ ျပန္ခ်က္အရ သိရသည္။
ယင္းသို႔ ျပဳက်င့္ခဲ့ၿပီး မ ------- အား ရဲေဘာ္ေစ်းပန္းၿခံႏွင့္ မ်က္ႏွာခ်င္းဆိုင္ရွိ ဘန္႔ေဘြးကုန္း ဘုရားလမ္းမေဘးအနီးသို႔ ထပ္ခံ ေခၚေဆာင္ကာ အလိုမတူဘဲ သားမယားအျဖစ္ တစ္ႀကိမ္စီ ထပ္မံျပဳက်င့္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေမွာ္ဘီၿမိဳ႕မရဲစခန္းတြင္ မ ------- က တရားလိုလုပ္ တိုင္တန္းခဲ့ရာ ျပစ္မႈက်ဴးလြန္သူ ၂ ဦး၏ ပံုသ႑ာန္မ်ားကို အနီး အနားပတ္ဝန္းက်င္ ေက်းရြာမ်ားအား လိုက္လံစံုစမ္းရွာေဖြခဲ့ရာ ျပစ္မႈက်ဴးလြန္သူ ၂ ဦး မွာ ေဇာ္ရဲ (၂၄) ႏွစ္ႏွင့္ ခင္ေဇာ္ (၂၁)ႏွစ္ တို႔ျဖစ္ေၾကာင္း စံုစမ္းသိရွိခဲ့ၿပီး ၎တို႔ ၂ ဦးကို ဇြန္လ ၁၇ ရက္၊ ညေန ၆ နာရီ ၂၅ မိနစ္ခန္႔တြင္ ဖမ္းဆီးရ မိခဲ့ၿပီး ဥပေဒႏွင့္အညီ တရားစြဲဆိုအေရးယူႏိုင္ေရး ေဆာင္ရြက္ေနေၾကာင္း သိရသည္။


- ႏိုင္မင္းလြင္( အကုန္သိ သတင္းဌာန )  | ဓာတ္ပုံ - Yangon Police

Unicode Version

 

ရည်းစားဖြစ်သူနှင့် ချိန်းတွေ့နေသည့် အမျိုးသမီးကို အသက် ၂၀ ကျော် အမျိုးသား ၂ ဦးက ဓားဖြင့်ခြိမ်းခြောက်ကာ သားမယား အဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့သည့် ဖြစ်စဉ်တစ်ခု မှော်ဘီမြို့နယ်တွင် ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ စမ်းချောင်းကျေးရွာနေ မ -------- အား နေအိမ်၌ ရှိနေစဉ် ဇွန်လ ၁၆ ရက်၊ နေ့လယ် ၃ နာရီခွဲခန့်က ရည်စားဖြစ်သူက မင်္ဂလာဒုံမြို့နယ်ရှိ စစ်သင်္ချိုင်းရှေ့တွင် တွေ့ဆုံရန် ဖုန်းဆက် ချိန်းသဖြင့် ထွက်သွားခဲ့ပြီး ရည်စား ဖြစ်သူနှင့် တွေ့ဆုံကာ ည ၈ နာရီခန့်တွင် စစ်သင်္ချိုင်းရှေ့မှ မှော်ဘီမြို့နယ်ရှိ နေအိမ်သို့ ရည်စားဖြစ်သူနှင့်အတူ လမ်းလျှောက်ပြန် ခဲ့ကြောင်း သိရသည်။
ယင်းနောက် ဇွန်လ ၁၇ ရက်၊ နံနက် ၁ နာရီခန့်တွင် မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာ၊ ရဲဘော်ဈေးပန်း ခြံဝင်းအတွင်း ရည် စားဖြစ်သူနှင့် အတူထိုင်ကာ စကားပြောနေစဉ် နံနက် ၄ နာရီခန့်တွင် အမည်မသိ လူငယ် ၂ ဦးရောက်ရှိလာပြီး “ နင်တို့ ဘယ်သူ တွေလဲ၊ ငါတို့က လူပျောက်ရှာနေတာ” ဟု ပြောဆိုကာ ရည်းစားဖြစ်သူ၏ ဖုန်းမီးဖြင့် မ ------ ၏ မျက်နှာကို ထိုးခိုင်းပြီး ၎င်းတို့ ရှာနေသော လူမဟုတ်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
ထို့နောက် မ -------- နှင့် ရည်စားဖြစ်သူမှာ ပြန်ရန်ထလာစဉ် အဆိုပါ အမည်မသိ လူငယ် ၂ ဦးအနက် ဂတုံးဆံပင်(လူမြင်လျှင် မှတ်မိ)နှင့်လူမှ ရည်စားဖြစ်သူကို သစ်သားတုတ်ဖြင့်ရိုက်ခဲ့သောကြောင့် လဲကျသွားစဉ် ဆံပင်ရှည်နှင့် လူမှ ကိုင်းခုတ်ဓားဖြင့် မ -------- ၏ ပခုံးပေါ်သို့တင်ကာ “အော်ဖို့လည်း မစဉ်းစားနဲ့၊ ရုန်းဖို့မကြိုးစားနဲ့၊ အော်ရင်သတ်ပစ်မယ်၊ ငါနဲ့လိုက်ခဲ့” ဟုဆိုကာ ရဲ ဘော်ဈေး ပန်းခြံနောက်ဘက်သို့ ခေါ်ဆောင်ကာ အလိုမတူဘဲ သားမယားအဖြစ် တစ်ကြိမ်စီပြုကျင့်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ် ပြန်ချက်အရ သိရသည်။
ယင်းသို့ ပြုကျင့်ခဲ့ပြီး မ ------- အား ရဲဘော်ဈေးပန်းခြံနှင့် မျက်နှာချင်းဆိုင်ရှိ ဘန့်ဘွေးကုန်း ဘုရားလမ်းမဘေးအနီးသို့ ထပ်ခံ ခေါ်ဆောင်ကာ အလိုမတူဘဲ သားမယားအဖြစ် တစ်ကြိမ်စီ ထပ်မံပြုကျင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မှော်ဘီမြို့မရဲစခန်းတွင် မ ------- က တရားလိုလုပ် တိုင်တန်းခဲ့ရာ ပြစ်မှုကျူးလွန်သူ ၂ ဦး၏ ပုံသဏ္ဍာန်များကို အနီး အနားပတ်ဝန်းကျင် ကျေးရွာများအား လိုက်လံစုံစမ်းရှာဖွေခဲ့ရာ ပြစ်မှုကျူးလွန်သူ ၂ ဦး မှာ ဇော်ရဲ (၂၄) နှစ်နှင့် ခင်ဇော် (၂၁)နှစ် တို့ဖြစ်ကြောင်း စုံစမ်းသိရှိခဲ့ပြီး ၎င်းတို့ ၂ ဦးကို ဇွန်လ ၁၇ ရက်၊ ညနေ ၆ နာရီ ၂၅ မိနစ်ခန့်တွင် ဖမ်းဆီးရ မိခဲ့ပြီး ဥပဒေနှင့်အညီ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။
- နိုင်မင်းလွင်( အကုန်သိ သတင်းဌာန ) | ဓာတ်ပုံ - Yangon Police

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။