Skip to main content
ၿမိဳ႕နယ္ ၅ ခုက တိုက္ခန္းမ်ား အေရာင္းအဝယ္သြက္ေန
Ads Block

ၿမိဳ႕နယ္ ၅ ခုက တိုက္ခန္းမ်ား အေရာင္းအဝယ္သြက္ေန

ရန္ကုန္ၿမိဳ႕၊ စည္ပင္သာယာေရး ေကာ္မတီ နယ္နိမိတ္အတြင္း႐ွိ ၿမိဳ႕နယ္ (၅)ခုမွ တိုက္ခန္းမ်ားသာ အေရာင္းအဝယ္သြက္ေန ေၾကာင္း အိမ္ၿခံေျမ အေရာင္းဝယ္လုပ္ကိုင္သူမ်ားထံမွ သိရသည္။
အဆိုပါ ၿမိဳ႕နယ္မ်ား႐ွိ တိုက္ခန္းမ်ားသည္ ေစ်းႏူန္းအားျဖင့္ သိန္း ၂၀၀ ဝန္းက်င္မွ သိန္း ၃၀၀ ၾကားသာ႐ွိသျဖင့္ ဝယ္ယူမႈ အမ်ား ဆံုးျဖစ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။
ယင္းၿမိဳ႕နယ္မ်ားမွာ ေတာင္ဥကၠလာပၿမိဳ႕နယ္ ၊ သဃၤန္းကြၽန္းၿမိဳ႕နယ္ ၊ သာေကတၿမိဳ႕နယ္ ၊ ေဒါပံုၿမိဳ႕နယ္ႏွင့္ လိႈင္ၿမိဳ႕နယ္တို႔ျဖစ္ ၿပီး စည္ပင္နယ္နမိတ္အတြင္း မဟုတ္သည့္ ေျမာက္ဒဂုံၿမိဳ႕နယ္မွ တိုက္ခန္းမ်ားလည္း အေရာင္းအဝယ္သြက္ေနေၾကာင္း သိရ သည္။
“အရစ္က်နဲ႔ ဝယ္လို႔ရတယ္ဆိုရင္ လူလတ္တန္စားပိုင္းေတြက တိုက္ခန္းေတြ ဝယ္ယူဖို႔ လြယ္ကူလာၾကတယ္။ သိန္း ၂၀၀ ေလး ေတြဆို ပိုၿပီးအေရာင္းဝယ္ျဖစ္ၾကတယ္”ဟု Shwe property.com Founder ကိုေကာင္းသူဝင္းက ေျပာသည္။
ယခင္က ကြန္ဒို တိုက္ခန္း ဝယ္ယူသူမ်ားသည္ အခန္းဝယ္ယူေတာ့မည္ဆိုပါက ေနရာ ၊ ၿမိဳ႕နယ္မ်ားကို အဓိကထား ေရြးေလ့ရွိ သလို ကားဂိတ္၊ လမ္းမတန္း နီးၿပီးသြားလာမႈ အဆင္ေျပသည့္ ေနရာမ်ားကိုသာ ေရြးခ်ယ္ဝယ္ယူခဲ့ၾကေသာ္လည္း ယခုေနာက္ပိုင္းတြင္ ေနရာမေရြးဝယ္ယူမႈ႐ွိလာေၾကာင္းသိရသည္။
ယခင္က ဝယ္ယူရန္ အခက္အခဲ႐ွိေနသည့္ အေျခခံလူလတ္တန္းစားမ်ားသည္လည္း အိမ္ရာေခ်းေငြမ်ားျဖင့္ ဝယ္ယူလာႏိုင္ျခင္း ေၾကာင့္ ဘဏ္ေခ်ေငြးျဖင့္ ဝယ္ယူလာၾကေၾကာင္းသိရသည္။
လက္႐ွိ အိမ္ၿခံေျမေစ်းကြက္တြင္ Middle Class အတြက္ လိုအပ္သည့္ တိုက္ခန္းမ်ိဳးကို သိန္း ၂၀၀ မွ သိန္း ၈၀၀ ၾကား႐ွိၿပီး ေနရာ ၊ၿမိဳ႕နယ္ မေရြးဘဲ ဝယ္ယူမႈ႐ွိ လာၾကေၾကာင္းလည္း သိရသည္။

- စုသက္ႏွင္း ( အကုန္သိ သတင္းဌာန )

Unicode Version

 

ရန်ကုန်မြို့၊ စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်းရှိ မြို့နယ် (၅)ခုမှ တိုက်ခန်းများသာ အရောင်းအဝယ်သွက်နေ ကြောင်း အိမ်ခြံမြေ အရောင်းဝယ်လုပ်ကိုင်သူများထံမှ သိရသည်။
အဆိုပါ မြို့နယ်များရှိ တိုက်ခန်းများသည် ဈေးနူန်းအားဖြင့် သိန်း ၂၀၀ ဝန်းကျင်မှ သိန်း ၃၀၀ ကြားသာရှိသဖြင့် ဝယ်ယူမှု အများ ဆုံးဖြစ်နေခြင်းဖြစ်ကြောင်း သိရသည်။
ယင်းမြို့နယ်များမှာ တောင်ဥက္ကလာပမြို့နယ် ၊ သင်္ဃန်းကျွန်းမြို့နယ် ၊ သာကေတမြို့နယ် ၊ ဒေါပုံမြို့နယ်နှင့် လှိုင်မြို့နယ်တို့ဖြစ် ပြီး စည်ပင်နယ်နမိတ်အတွင်း မဟုတ်သည့် မြောက်ဒဂုံမြို့နယ်မှ တိုက်ခန်းများလည်း အရောင်းအဝယ်သွက်နေကြောင်း သိရ သည်။
“အရစ်ကျနဲ့ ဝယ်လို့ရတယ်ဆိုရင် လူလတ်တန်စားပိုင်းတွေက တိုက်ခန်းတွေ ဝယ်ယူဖို့ လွယ်ကူလာကြတယ်။ သိန်း ၂၀၀ လေး တွေဆို ပိုပြီးအရောင်းဝယ်ဖြစ်ကြတယ်”ဟု Shwe property.com Founder ကိုကောင်းသူဝင်းက ပြောသည်။
ယခင်က ကွန်ဒို တိုက်ခန်း ဝယ်ယူသူများသည် အခန်းဝယ်ယူတော့မည်ဆိုပါက နေရာ ၊ မြို့နယ်များကို အဓိကထား ရွေးလေ့ရှိ သလို ကားဂိတ်၊ လမ်းမတန်း နီးပြီးသွားလာမှု အဆင်ပြေသည့် နေရာများကိုသာ ရွေးချယ်ဝယ်ယူခဲ့ကြသော်လည်း ယခုနောက်ပိုင်းတွင် နေရာမရွေးဝယ်ယူမှုရှိလာကြောင်းသိရသည်။
ယခင်က ဝယ်ယူရန် အခက်အခဲရှိနေသည့် အခြေခံလူလတ်တန်းစားများသည်လည်း အိမ်ရာချေးငွေများဖြင့် ဝယ်ယူလာနိုင်ခြင်း ကြောင့် ဘဏ်ချေငွေးဖြင့် ဝယ်ယူလာကြကြောင်းသိရသည်။
လက်ရှိ အိမ်ခြံမြေဈေးကွက်တွင် Middle Class အတွက် လိုအပ်သည့် တိုက်ခန်းမျိုးကို သိန်း ၂၀၀ မှ သိန်း ၈၀၀ ကြားရှိပြီး နေရာ ၊မြို့နယ် မရွေးဘဲ ဝယ်ယူမှုရှိ လာကြကြောင်းလည်း သိရသည်။

- စုသက်နှင်း ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။