Skip to main content
ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴးရုံးမွ ျပန္လာသည့္ ရဲတပ္ၾကပ္ႀကီးတစ္ဦး ၂၂ ဘီးယာဥ္ႀကိတ္မိ၍ ေသဆုံး
Ads Block

ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴးရုံးမွ ျပန္လာသည့္ ရဲတပ္ၾကပ္ႀကီးတစ္ဦး ၂၂ ဘီးယာဥ္ႀကိတ္မိ၍ ေသဆုံး

ေရႊဘိုၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴးရုံးမွ အပိုင္ရဲစခန္းသို႔ ျပန္လာသည့္ ရဲတပ္ၾကပ္ႀကီးတစ္ဦး လမ္းတြင္ ၂၂ ဘီးယာဥ္ႀကိတ္ မိ၍ ေသဆုံး သြားခဲ့ေၾကာင္း သိရသည္။
စစ္ကိုင္းတိုင္းေဒသႀကီး၊ ေရႊဘိုခရိုင္၊ ေရႊဘိုၿမိဳ႕နယ္၊ အမွတ္(၆)ရပ္ကြက္၊ ဟုတ္စိန္ေကြ႔အနီးတြင္ ဇြန္လ ၁၇ ရက္၊ ညေန ၅ နာရီ ခန္႔က ေရႊဘိုၿမိဳ႕နယ္ ရဲတပ္ဖြဲ႔မွဴးရုံးမွ ဆိုင္ကယ္ျဖင့္ ျပန္လာသည့္ ရဲတပ္ၾကပ္ႀကီး မင္းလြင္၊ (၄၀) ႏွစ္ကို ေရႊဘိုမွ မႏၱေလး ဘက္ သို႔ ေက်ာ္ဆင့္၊ (၅၂)ႏွစ္ ေမာင္းႏွင္လာသည့္ ၂၂ ဘီးယာဥ္က ဝင္တိုက္ႀကိတ္မိသျဖင့္ ေသဆုံးသြားေၾကာင္း ေရႊဘို ၿမိဳ႕နယ္ ယာဥ္ ထိန္းရဲတပ္ဖြဲ႔ရုံးမွ သိရသည္။
“အဲဒီ ရဲတပ္ၾကပ္ႀကီးက ဆိပ္ခြံရဲကင္းစခန္းကပါ။ အဲဒီကေန ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴးရုံးကို လာၿပီးအျပန္မွာ ဟုတ္စိန္ေကြ႔ အနီးလည္း ေရာက္ေရာ ၂၂ ဘီးယာဥ္နဲ႔ တိုက္မိၿပီး ႀကိတ္မိသြားတာပါ” ဟု ရႊဘိုၿမိဳ႕နယ္ယာဥ္ထိန္းရဲတပ္ဖြဲ႔ရုံးမွ အရာရွိတစ္ဦးက အကုန္သိ သတင္းဌာနသို႔ ေျပာသည္။
ယင္းသို႔ ဝင္တိုက္ႀကိတ္မိခဲ့သျဖင့္ ရဲတပ္ၾကပ္ႀကီး မင္းလြင္သည္ ဦးေခါင္းေၾကမြဒဏ္ရာမ်ားျဖင့္ အခင္းျဖစ္ေနရာတြင္ ေသဆုံး သြားေၾကာင္း သိရသည္။
အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ၂၂ ဘီးယာဥ္ေမာင္း ေက်ာ္ဆင့္၊ (၅၂)ႏွစ္၊ ရြာလယ္လမ္း၊ တညင္းကုန္းရပ္ကြက္၊ အင္းစိန္ၿမိဳ႕ နယ္၊ ရန္ကုန္တိုင္းေဒသႀကီး ေနသူကို ေရႊဘိုၿမိဳ႕မရဲစခန္း၌ ယာဥ္(ပ)၂၂/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ-၃၀၄(က) ျဖင့္ ဖမ္းဆီး အမႈဖြင့္ စစ္ေဆးေနေၾကာင္း သိရသည္။
 

-  ႏိုင္မင္းလြင္ ( အကုန္သိ သတင္းဌာန ) | ဓာတ္ပုံ-Nay Min Ko Ko

Unicode Version

 

ရွှေဘိုမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ အပိုင်ရဲစခန်းသို့ ပြန်လာသည့် ရဲတပ်ကြပ်ကြီးတစ်ဦး လမ်းတွင် ၂၂ ဘီးယာဉ်ကြိတ် မိ၍ သေဆုံး သွားခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ဟုတ်စိန်ကွေ့အနီးတွင် ဇွန်လ ၁၇ ရက်၊ ညနေ ၅ နာရီ ခန့်က ရွှေဘိုမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဆိုင်ကယ်ဖြင့် ပြန်လာသည့် ရဲတပ်ကြပ်ကြီး မင်းလွင်၊ (၄၀) နှစ်ကို ရွှေဘိုမှ မန္တလေး ဘက် သို့ ကျော်ဆင့်၊ (၅၂)နှစ် မောင်းနှင်လာသည့် ၂၂ ဘီးယာဉ်က ဝင်တိုက်ကြိတ်မိသဖြင့် သေဆုံးသွားကြောင်း ရွှေဘို မြို့နယ် ယာဉ် ထိန်းရဲတပ်ဖွဲ့ရုံးမှ သိရသည်။
“အဲဒီ ရဲတပ်ကြပ်ကြီးက ဆိပ်ခွံရဲကင်းစခန်းကပါ။ အဲဒီကနေ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို လာပြီးအပြန်မှာ ဟုတ်စိန်ကွေ့ အနီးလည်း ရောက်ရော ၂၂ ဘီးယာဉ်နဲ့ တိုက်မိပြီး ကြိတ်မိသွားတာပါ” ဟု ရွှဘိုမြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ အရာရှိတစ်ဦးက အကုန်သိ သတင်းဌာနသို့ ပြောသည်။
ယင်းသို့ ဝင်တိုက်ကြိတ်မိခဲ့သဖြင့် ရဲတပ်ကြပ်ကြီး မင်းလွင်သည် ဦးခေါင်းကြေမွဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံး သွားကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ၂၂ ဘီးယာဉ်မောင်း ကျော်ဆင့်၊ (၅၂)နှစ်၊ ရွာလယ်လမ်း၊ တညင်းကုန်းရပ်ကွက်၊ အင်းစိန်မြို့ နယ်၊ ရန်ကုန်တိုင်းဒေသကြီး နေသူကို ရွှေဘိုမြို့မရဲစခန်း၌ ယာဉ်(ပ)၂၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၀၄(က) ဖြင့် ဖမ်းဆီး အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။


-  နိုင်မင်းလွင် ( အကုန်သိ သတင်းဌာန ) | ဓာတ်ပုံ-Nay Min Ko Ko

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။