Skip to main content
အိုမန္ပင္လယ္ေကြ႔ ေရနံတင္သေဘၤာမ်ား တိုက္ခိုက္သူမွာ အီရန္ျဖစ္ေၾကာင္း အေမရိကန္ က သက္ေသအေထာက္အထားထုတ္ေဖာ္ျပသဟု ဆို
Ads Block

အိုမန္ပင္လယ္ေကြ႔ ေရနံတင္သေဘၤာမ်ား တိုက္ခိုက္သူမွာ အီရန္ျဖစ္ေၾကာင္း အေမရိကန္ က သက္ေသအေထာက္အထားထုတ္ေဖာ္ျပသဟု ဆို

အိုမန္ပင္လယ္ေကြ႔ ေရနံတင္သေဘၤာမ်ားကို တိုက္ခိုက္သူမွာ အီရန္သာျဖစ္ေၾကာင္း ထင္ရွားလ်က္ ရွိသည္ဟု ဆိုကာ အေမရိကန္ေရတပ္မေတာ္က သက္ေသအေထာက္အထားသစ္ဆိုသည္တို႔ကို ထုတ္ျပန္လိုက္ေၾကာင္း Russia Today က ယေန႔ေရးသားသည္။

အိုမန္ပင္လယ္ေကြ႔ ေရနံတင္သေဘၤာမ်ား တိုက္ခိုက္သူမွာ အီရန္ျဖစ္ေၾကာင္း အေမရိကန္ က သက္ေသအေထာက္အထားထုတ္ေဖာ္ျပသဟု ဆို


အေမရိကန္၏ ယခုထုတ္ျပန္လိုက္ေသာ အေထာက္အထားဆိုသည္တို႔တြင္ မေပါက္ကြဲေသးေသာ မိုင္းဗံုးကို ဖယ္ရွားရန္ ေရနံတင္သေဘၤာတစ္စီးအနီး ခ်ဥ္းကပ္လာေနေသာ အီရန္ စပိဘုတ္တစ္စီးျဖစ္ေၾကာင္း ဓါတ္ပံုကို ေဖာ္ျပထားသည္။ ၄င္းမွာ အေမရိကန္စစ္ဖက္က ယခင္ထုတ္ျပန္ခဲ့ေသာ အရည္အေသြးနိမ့္၊ အျဖဴ၊ အမည္း ေ၀ဟင္ေထာက္လွမ္းေရး ဓါတ္ပံုဆိုသည္တို႔အား ေဆးေရာင္စံု၊ၾကည္လင္ျပတ္သားမွဳ ပိုမို ေကာင္းမြန္ေစရန္ Screengrabs ျဖတ္ေတာက္ထားပံုရသည္။
အီရန္အမည္ဟုဆိုသည့္ စပိဘုတ္သည္ ဂ်ပန္သေဘၤာကုမၸဏီပိုင္ Kokuka Courageous ေရနံတင္ သေဘၤာ၏ ယာဖက္တြင္ ခ်ဥ္းကပ္ေနပံုကို ေဖာ္ျပျပီး၊ မေပါက္ကြဲေသးေသာ နံရံကပ္မိုင္းကို အီရန္တို႔က ဖယ္ရွားေနျခင္းျဖစ္၍ ေရနံတင္သေဘၤာမ်ား တိုက္ခိုက္ခံရမွဳမွာ အီရန္လက္ခ်က္ျဖစ္သည္ဟု ပင္တာဂြန္က ဆိုလိုပံုရသည္။
Kokuka Courageous ႏွင့္ ေနာ္ေ၀းသေဘၤာကုမၸဏီပိုင္ Front Altair တို႔သည္ ဇြန္လ ၁၃ ရက္ေန႔ အိုမန္ပင္ လယ္ေကြ႔တြင္ ခုတ္ေမာင္းေနစဥ္ ေပါက္ကြဲမွဳျဖစ္ပြားျပီး မီးေလာင္ကၽြမ္းခဲ့ရသည္။ အဆိုပါေပါက္ကြဲမွဳမွာ အီရန္ လက္ခ်က္ျဖစ္သည္ဟု အေမရိကန္က စြပ္စြဲခ်က္ အလွ်င္အျမန္ထုတ္ျပန္ခဲ့ျပီး အီရန္ကမူ အေမရိကန္တို႔ လုပ္ေလ့ရွိေသာ ပံုမွားရိုက္ျခင္းသာျဖစ္ ၍ ၄င္းတို႔၌ တာ၀န္မရွိေၾကာင္း ျငင္းဆိုခဲ့သည္။
၄င္းမတိုင္မီ လြန္ခဲ့ေသာလတြင္ ယူေအအီးႏိုင္ငံကမ္းလြန္ပင္လယ္ျပင္၌ ကုန္သြယ္ေရေၾကာင္း သေဘၤာ ၄ စီးတို႔ တိုက္ခိုက္ခံခဲ့ရၿပီး အီရန္လက္ခ်က္ျဖစ္ေၾကာင္း အေမရိကန္၏ စြပ္စြဲခ်က္ကို အီရန္က အစဥ္တစိုက္ ျငင္းဆိုခဲ့သည္။ အီရန္ေရလမ္းေၾကာင္း အ၀င္အ၀တြင္ တပ္ဖြဲ႔၀င္ ၁,၅၀၀၊ B-52 ဗံုးၾကဲေလယာဥ္မ်ား၊ တိုက္ခိုက္ေရး ေရယာဥ္အုပ္စု၊ ပက္ထရီေယာ့ဒံုးက်ည္မ်ား ျဖန္႔ခ်တပ္စြဲထားသည့္ အေမရိကန္သည္ အခင္းျဖစ္ပြားၿပီး နာရီအနည္းငယ္အၾကာတြင္ ေထာက္လွမ္းေရးသတင္းမ်ားအရ ေနာက္ထပ္တပ္ဖြဲ႔၀င္ ၁,၀၀၀ ထပ္မံ ေစလႊတ္ မည္ျဖစ္ေၾကာင္း ကာကြယ္ေရး၀န္ႀကီး ပက္ထရစ္ရွာနဟန္က ေျပာၾကားသည္။
အေမရိကန္က အီရန္လက္ခ်က္ျဖစ္ေၾကာင္း ပထမအႀကိမ္ စြပ္စြဲစဥ္ Kokuka Courageous ေပါက္ကြဲ မီးေလာင္ရျခင္းမွာ မိုင္းထိ၍မဟုတ္ပဲ အခင္းျဖစ္ပြားခိုက္ ပတ္၀န္းက်င္၌ ဒရုန္းေလယာဥ္တစ္စီးကို သေဘၤာသားမ်ားက ျမင္ေတြ႔ခဲ့ေၾကာင္း ဂ်ပန္သေဘၤာကုမၸဏီက ရွင္းလင္းခ်က္ထုတ္ျပန္သည္။ အီရန္အား အလံုးအရင္းက်ဴးေက်ာ္ထိုး စစ္ဆင္ရန္ ႏိုင္ငံတကာေထာက္ခံမွဳရွာေဖြေနေသာ အေမရိကန္သည္ ပါရွားပင္လယ္ေကြ႔၌ အီရန္က အရပ္ဖက္ကုန္တင္သေဘၤာမ်ားအား တိုက္ခိုက္သည္မွာ အမွန္ျဖစ္ေၾကာင္း ယခုထက္ပိုမိုခိုင္မာသည့္ အေထာက္အထားမ်ားျပသရန္ ဂ်ပန္ႏွင့္ ဂ်ာမနီတို႔က ေတာင္းဆိုသည္။ ေရနံတင္သေဘၤာမ်ား တိုက္ခိုက္ခံရမွဳ အတြက္ေဆာ္ဒီအာေရးဗီးယားအေနျဖင့္ အီရန္အား ျပစ္တင္ ရွဳတ္ခ်ၿပီး အလ်င္အျမန္အေရးယူေရးကို ေထာက္ခံေသာ္လည္း စစ္မက္က်ယ္ျပန္႔လာျပီး ေဒသႏၱရ စစ္ပြဲအသြင္ ေျပာင္းလဲသြားမည္ကို မလိုလားေၾကာင္း ေဆာ္ဒီအိမ္ေရွ႕မင္းသာ မိုဟာမက္ဘင္ဆဲလမန္ က ေျပာၾကားသည္။

Unicode Version

 

အိုမန်ပင်လယ်ကွေ့ ရေနံတင်သင်္ဘောများကို တိုက်ခိုက်သူမှာ အီရန်သာဖြစ်ကြောင်း ထင်ရှားလျက် ရှိသည်ဟု ဆိုကာ အမေရိကန်ရေတပ်မတော်က သက်သေအထောက်အထားသစ်ဆိုသည်တို့ကို ထုတ်ပြန်လိုက်ကြောင်း Russia Today က ယနေ့ရေးသားသည်။
အမေရိကန်၏ ယခုထုတ်ပြန်လိုက်သော အထောက်အထားဆိုသည်တို့တွင် မပေါက်ကွဲသေးသော မိုင်းဗုံးကို ဖယ်ရှားရန် ရေနံတင်သင်္ဘောတစ်စီးအနီး ချဉ်းကပ်လာနေသော အီရန် စပိဘုတ်တစ်စီးဖြစ်ကြောင်း ဓါတ်ပုံကို ဖော်ပြထားသည်။ ၎င်းမှာ အမေရိကန်စစ်ဖက်က ယခင်ထုတ်ပြန်ခဲ့သော အရည်အသွေးနိမ့်၊ အဖြူ၊ အမည်း ဝေဟင်ထောက်လှမ်းရေး ဓါတ်ပုံဆိုသည်တို့အား ဆေးရောင်စုံ၊ကြည်လင်ပြတ်သားမှု ပိုမို ကောင်းမွန်စေရန် Screengrabs ဖြတ်တောက်ထားပုံရသည်။
အီရန်အမည်ဟုဆိုသည့် စပိဘုတ်သည် ဂျပန်သင်္ဘောကုမ္ပဏီပိုင် Kokuka Courageous ရေနံတင် သင်္ဘော၏ ယာဖက်တွင် ချဉ်းကပ်နေပုံကို ဖော်ပြပြီး၊ မပေါက်ကွဲသေးသော နံရံကပ်မိုင်းကို အီရန်တို့က ဖယ်ရှားနေခြင်းဖြစ်၍ ရေနံတင်သင်္ဘောများ တိုက်ခိုက်ခံရမှုမှာ အီရန်လက်ချက်ဖြစ်သည်ဟု ပင်တာဂွန်က ဆိုလိုပုံရသည်။
Kokuka Courageous နှင့် နော်ဝေးသင်္ဘောကုမ္ပဏီပိုင် Front Altair တို့သည် ဇွန်လ ၁၃ ရက်နေ့ အိုမန်ပင် လယ်ကွေ့တွင် ခုတ်မောင်းနေစဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး မီးလောင်ကျွမ်းခဲ့ရသည်။ အဆိုပါပေါက်ကွဲမှုမှာ အီရန် လက်ချက်ဖြစ်သည်ဟု အမေရိကန်က စွပ်စွဲချက် အလျှင်အမြန်ထုတ်ပြန်ခဲ့ပြီး အီရန်ကမူ အမေရိကန်တို့ လုပ်လေ့ရှိသော ပုံမှားရိုက်ခြင်းသာဖြစ် ၍ ၎င်းတို့၌ တာဝန်မရှိကြောင်း ငြင်းဆိုခဲ့သည်။
၎င်းမတိုင်မီ လွန်ခဲ့သောလတွင် ယူအေအီးနိုင်ငံကမ်းလွန်ပင်လယ်ပြင်၌ ကုန်သွယ်ရေကြောင်း သင်္ဘော ၄ စီးတို့ တိုက်ခိုက်ခံခဲ့ရပြီး အီရန်လက်ချက်ဖြစ်ကြောင်း အမေရိကန်၏ စွပ်စွဲချက်ကို အီရန်က အစဉ်တစိုက် ငြင်းဆိုခဲ့သည်။ အီရန်ရေလမ်းကြောင်း အဝင်အဝတွင် တပ်ဖွဲ့ဝင် ၁,၅၀၀၊ B-52 ဗုံးကြဲလေယာဉ်များ၊ တိုက်ခိုက်ရေး ရေယာဉ်အုပ်စု၊ ပက်ထရီယော့ဒုံးကျည်များ ဖြန့်ချတပ်စွဲထားသည့် အမေရိကန်သည် အခင်းဖြစ်ပွားပြီး နာရီအနည်းငယ်အကြာတွင် ထောက်လှမ်းရေးသတင်းများအရ နောက်ထပ်တပ်ဖွဲ့ဝင် ၁,၀၀၀ ထပ်မံ စေလွှတ် မည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ပက်ထရစ်ရှာနဟန်က ပြောကြားသည်။
အမေရိကန်က အီရန်လက်ချက်ဖြစ်ကြောင်း ပထမအကြိမ် စွပ်စွဲစဉ် Kokuka Courageous ပေါက်ကွဲ မီးလောင်ရခြင်းမှာ မိုင်းထိ၍မဟုတ်ပဲ အခင်းဖြစ်ပွားခိုက် ပတ်ဝန်းကျင်၌ ဒရုန်းလေယာဉ်တစ်စီးကို သင်္ဘောသားများက မြင်တွေ့ခဲ့ကြောင်း ဂျပန်သင်္ဘောကုမ္ပဏီက ရှင်းလင်းချက်ထုတ်ပြန်သည်။ အီရန်အား အလုံးအရင်းကျူးကျော်ထိုး စစ်ဆင်ရန် နိုင်ငံတကာထောက်ခံမှုရှာဖွေနေသော အမေရိကန်သည် ပါရှားပင်လယ်ကွေ့၌ အီရန်က အရပ်ဖက်ကုန်တင်သင်္ဘောများအား တိုက်ခိုက်သည်မှာ အမှန်ဖြစ်ကြောင်း ယခုထက်ပိုမိုခိုင်မာသည့် အထောက်အထားများပြသရန် ဂျပန်နှင့် ဂျာမနီတို့က တောင်းဆိုသည်။ ရေနံတင်သင်္ဘောများ တိုက်ခိုက်ခံရမှု အတွက်ဆော်ဒီအာရေးဗီးယားအနေဖြင့် အီရန်အား ပြစ်တင် ရှုတ်ချပြီး အလျင်အမြန်အရေးယူရေးကို ထောက်ခံသော်လည်း စစ်မက်ကျယ်ပြန့်လာပြီး ဒေသန္တရ စစ်ပွဲအသွင် ပြောင်းလဲသွားမည်ကို မလိုလားကြောင်း ဆော်ဒီအိမ်ရှေ့မင်းသာ မိုဟာမက်ဘင်ဆဲလမန် က ပြောကြားသည်။

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။