Skip to main content
အင်းစိန်ထောင်ရှေ့၌ စုပေါင်းရာဇဝတ်တရားရုံးတည်ဆောက်မည့် ကိစ္စအပါအ၀င် ငွေကျပ် ၁၆ဘီလျံ တောင်းခံသည့် ကိစ္စ တိုင်းအစိုးရ ပယ်ဖျက်
Ads Block

အင်းစိန်ထောင်ရှေ့၌ စုပေါင်းရာဇဝတ်တရားရုံးတည်ဆောက်မည့် ကိစ္စအပါအ၀င် ငွေကျပ် ၁၆ဘီလျံ တောင်းခံသည့် ကိစ္စ တိုင်းအစိုးရ ပယ်ဖျက်

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အတွင်း တည်ဆောင်မည့် တိုင်းရဲတပ်ဖွဲ့မှူးရုံး၊ အင်းစိန်အကျဉ်းထောင်ရှေ့တွင် ဆောက်လုပ် မည့် စုပေါင်းရာဇဝတ်တရားရုံးနှင့် ကိုကိုးကျွန်းသို့ သွားရောက်ရန် သဘောင်္ဝယ်ယူရေးအတွက် လျာထားငွေ ၁၆ ဘီလျံကို လျား ထားဘတ်ဂျက်မှ ပယ်ဖျက်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောသည်။

အင်းစိန်ထောင်ရှေ့၌ စုပေါင်းရာဇဝတ်တရားရုံးတည်ဆောက်မည့် ကိစ္စအပါအ၀င် ငွေကျပ် ၁၆ဘီလျံ တောင်းခံသည့် ကိစ္စ တိုင်းအစိုးရ ပယ်ဖျက်


ရန်ကုန်တိုင်ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တည်ဆောက်ရန်အတွက် ကျပ် ၅ ဘီလျံ၊ စုပေါင်င်းရာဇဝတ်ရုံးတည် ဆောက်ရန်အတွက် ၆ ဘီလျံ၊ ကိုကိုးကျွန်း သဘောင်္ဝယ်ယူရန်အတွက် ကျပ် ၅ ဘီလျံတို့ကို ၂၀၁၉ -၂၀ ဘဏ္ဍာနှစ် အရအသုံးခန့်မှန်းငွေ စာရင်းတွင် ထည့်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်အများစုက ကန့်ကွက်ဆွေးနွေးခဲ့ပြီး လျာထားငွေစာရင်းတွင် ထည့်သွင်းခြင်းမပြုတော့ ခြင်းဖြစ်ကြောင်း သိရသည်။


Unicode Version

 

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အတွင်း တည်ဆောင်မည့် တိုင်းရဲတပ်ဖွဲ့မှူးရုံး၊ အင်းစိန်အကျဉ်းထောင်ရှေ့တွင် ဆောက်လုပ် မည့် စုပေါင်းရာဇဝတ်တရားရုံးနှင့် ကိုကိုးကျွန်းသို့ သွားရောက်ရန် သဘောၤဝယ်ယူရေးအတွက် လျာထားငွေ ၁၆ ဘီလျံကို လျား ထားဘတ်ဂျက်မှ ပယ်ဖျက်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောသည်။
ဇွန်လ ၁၈ ရက်က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် နဝမပုံမှန် အစည်းအဝေး ဒုတိယမြောက်နေ့တွင် ရန်ကုန် တိုင်းဒေသကြီး၏ ၂၀၁၉ -၂၀ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေ ငွေစာရင်း(လျာထားချက်)ကို လွှတ်တော်သို့ ပြန်လည် ရှင်းလင်း တင်ပြရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ စုပေါင်းရာဇာဝတ် တရားရုံးနဲ့ ကိုကိုးကျွန်းသင်္ဘောဝယ်ယူရန်အတွက် စုစုပေါင်း ၁၆ ဘီလျံကို ၂၀၁၉ -၂၀ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေငွေစာရင်းမှ လျာထားခြင်းမပြုတော့ပါဘူး။” ဟု ဦးမြင့်သောင်းက ပြော သည်။
အဆိုပါ လျာထားချက် ကျပ် ၁၆ ဘီလျံကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအဖြစ် ခွဲဝေဆောင်ရွက် ပေး မည်ဖြစ်ကြောင်း ၎င်းကပြောသည်။
ရန်ကုန်တိုင်ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တည်ဆောက်ရန်အတွက် ကျပ် ၅ ဘီလျံ၊ စုပေါင်င်းရာဇဝတ်ရုံးတည် ဆောက်ရန်အတွက် ၆ ဘီလျံ၊ ကိုကိုးကျွန်း သဘောၤဝယ်ယူရန်အတွက် ကျပ် ၅ ဘီလံျတို့ကို ၂၀၁၉ -၂၀ ဘဏ္ဍာနှစ် အရအသုံးခန့်မှန်းငွေ စာရင်းတွင် ထည့်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်အများစုက ကန့်ကွက်ဆွေးနွေးခဲ့ပြီး လျာထားငွေစာရင်းတွင် ထည့်သွင်းခြင်းမပြုတော့ ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်ရန် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် စုစုပေါင်း ၇၇၂.၀၄၈ ဘီလျံသုံးစွဲသွားရန် လွှတ်တော်က သဘောတူခဲ့ကြောင်း သိရသည်။

- ချမ်းငြိမ်း ( အကုန်သိ သတင်းဌာန )

 

 

 

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။