Skip to main content
ခြင့္ျဖင့္ ျပန္လာေသာ နယ္ျခားေစာင့္ ရဲက ဇနီးသည္ မူလတန္းျပ ဆရာမကို ဓားျဖင့္ ထိုးသတ္
Ads Block

ခြင့္ျဖင့္ ျပန္လာေသာ နယ္ျခားေစာင့္ ရဲက ဇနီးသည္ မူလတန္းျပ ဆရာမကို ဓားျဖင့္ ထိုးသတ္

ခြင့္ျဖင့္ျပန္လာေသာ ရဲ၀န္ထမ္းခင္ပြန္းသည္က မူလတန္းျပ ဆရာမကုိ အလုပ္ထြက္ၿပီး ၎ႏွင့္လိုက္ခဲ့ရန္ ေခၚရာမွ ရန္ျဖစ္ စကားမ်ားၿပီး ဓားျဖင့္ထိုးသတ္ခဲ့သည့္ လူသတ္မႈျဖစ္စဥ္တစ္ခု ေရတာရွည္ၿမိဳ႕နယ္၊ သာဂရနယ္ေျမ ရဲစခန္းအပိုင္တြင္ ျဖစ္ ပြားေၾကာင္း သိရသည္။

ခြင့္ျဖင့္ ျပန္လာေသာ နယ္ျခားေစာင့္ ရဲက ဇနီးသည္ မူလတန္းျပ ဆရာမကို ဓားျဖင့္ ထိုးသတ္


ပဲခူးတိုင္းေဒသႀကီး၊ ေရတာရွည္ၿမိဳ႕နယ္၊ (၁)ရပ္ကြက္ေန မူလတန္းျပ ဆရာမအျဖစ္ တာ၀န္ထမ္းေဆာင္ေနသည့္ မထက္အိ ျႏၵာေဇာ္ (၂၆) ႏွစ္သည္ ဇြန္လ ၁၇ ရက္၊ ညေန ၆ နာရီတြင္ ၎တာ၀န္က်ရာ ေအာင္ခ်မ္းသာရြာသစ္၊ ဘုန္းႀကီးေက်ာင္း ကုန္း ေပၚရွိ ေညာင္ပင္ေအာက္၌ ဖုန္းေျပာေနခဲ့ေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။
ယင္းသို႔ ဖုန္းေျပာေနစဥ္ ခြင့္ျဖင့္ျပန္လာသည့္ ခင္ပြန္းျဖစ္ေသာ ရဲတပ္သား သမိုင္းစည္သူ(၂၉)ႏွစ္ နခခ(၃)၊ စစ္ေၾကာင္း(၁)၊ ဘူး သီးေတာင္ၿမိဳ႕နယ္တြင္ တာ၀န္ထမ္းေဆာင္ေနသူမွ ဖုန္းကိုလု၍ စစ္ေဆးခဲ့ေၾကာင္း သိရသည္။
 “ဇနီးဖုန္းေျပာေနတာကိုေတြ႔တဲ့အတြက္ အလုပ္ထြက္ၿပီးေတာ့ သူနဲ႔လိုက္ေနဖို႔ေျပာဆိုတဲ့အခါမွာ လင္မယားႏွစ္ေယာက္ စကား မ်ား ရန္ျဖစ္ၾကတာပါ။ အဲဒီလိုနဲ႔ ဆရာမက တုတ္နဲ႔လွမ္းေပါက္လိုက္တဲ့အတြက္ အသင့္ပါလာတဲ့ဓားနဲ႔ ထိုးသတ္လိုက္တာလို႔ သိရ တယ္။ ေလာေလာဆယ္ေတာ့ ဒီေလာက္ပါပဲ။ က်န္တာေတြကိုေတာ့ ကြ်န္ေတာ္တို႔လည္း ေျပာပိုင္ခြင့္မရွိေသးဘူး။ စစ္ေဆးအ တည္ျပဳရဦးမွာမို႔လို႔ပါ”ဟု သာဂရနယ္ေျမရဲစခန္းမွ တာ၀န္ရွိသူတစ္ဦးက အကုန္သိသတင္းဌာနသို႔ ေျပာသည္။
ခင္ပြန္းသည္မွ ဓားျဖင့္ထိုးခဲ့သျဖင့္ ဆရာမ မထက္အိေျႏၵာေဇာ္တြင္ ယာလက္ဖ်ံ၊ ယာရင္အံု၊ ယာႏို႔အံု၊ ေနာက္ေက်ာႏွင့္ ၀မ္းဗိုက္ တို႔၌ ထိုးသြင္းဒဏ္ရာမ်ားျဖင့္ ေသဆံုးသြားခဲ့ေၾကာင္း သိရသည္။
ျပစ္မႈက်ဴးလြန္သည့္ ရဲတပ္သား သမိုင္းစည္သူ (၂၉) ႏွစ္ကို (ပ) ၆၃/၂၀၁၉ ၊ ရာဇသတ္ႀကီးပုဒ္မ - ၃၀၂ ျဖင့္ သာဂရနယ္ေျမရဲ စခန္းတြင္ အမႈဖြင့္ စစ္ေဆးေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။  
-  ဒါးဇ ( အကုန္သိ သတင္းဌာန )  | Source - ေနလင္းေအာင္( ေတာင္ငူ )

Unicode Version

 

ခွင့်ဖြင့်ပြန်လာသော ရဲဝန်ထမ်းခင်ပွန်းသည်က မူလတန်းပြ ဆရာမကို အလုပ်ထွက်ပြီး ၎င်းနှင့်လိုက်ခဲ့ရန် ခေါ်ရာမှ ရန်ဖြစ် စကားများပြီး ဓားဖြင့်ထိုးသတ်ခဲ့သည့် လူသတ်မှုဖြစ်စဉ်တစ်ခု ရေတာရှည်မြို့နယ်၊ သာဂရနယ်မြေ ရဲစခန်းအပိုင်တွင် ဖြစ် ပွားကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ (၁)ရပ်ကွက်နေ မူလတန်းပြ ဆရာမအဖြစ် တာဝန်ထမ်းဆောင်နေသည့် မထက်အိ န္ဒြာဇော် (၂၆) နှစ်သည် ဇွန်လ ၁၇ ရက်၊ ညနေ ၆ နာရီတွင် ၎င်းတာဝန်ကျရာ အောင်ချမ်းသာရွာသစ်၊ ဘုန်းကြီးကျောင်း ကုန်း ပေါ်ရှိ ညောင်ပင်အောက်၌ ဖုန်းပြောနေခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ယင်းသို့ ဖုန်းပြောနေစဉ် ခွင့်ဖြင့်ပြန်လာသည့် ခင်ပွန်းဖြစ်သော ရဲတပ်သား သမိုင်းစည်သူ(၂၉)နှစ် နခခ(၃)၊ စစ်ကြောင်း(၁)၊ ဘူး သီးတောင်မြို့နယ်တွင် တာဝန်ထမ်းဆောင်နေသူမှ ဖုန်းကိုလု၍ စစ်ဆေးခဲ့ကြောင်း သိရသည်။
 “ဇနီးဖုန်းပြောနေတာကိုတွေ့တဲ့အတွက် အလုပ်ထွက်ပြီးတော့ သူနဲ့လိုက်နေဖို့ပြောဆိုတဲ့အခါမှာ လင်မယားနှစ်ယောက် စကား များ ရန်ဖြစ်ကြတာပါ။ အဲဒီလိုနဲ့ ဆရာမက တုတ်နဲ့လှမ်းပေါက်လိုက်တဲ့အတွက် အသင့်ပါလာတဲ့ဓားနဲ့ ထိုးသတ်လိုက်တာလို့ သိရ တယ်။ လောလောဆယ်တော့ ဒီလောက်ပါပဲ။ ကျန်တာတွေကိုတော့ ကျွန်တော်တို့လည်း ပြောပိုင်ခွင့်မရှိသေးဘူး။ စစ်ဆေးအ တည်ပြုရဦးမှာမို့လို့ပါ”ဟု သာဂရနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။
ခင်ပွန်းသည်မှ ဓားဖြင့်ထိုးခဲ့သဖြင့် ဆရာမ မထက်အိန္ဒြောဇော်တွင် ယာလက်ဖျံ၊ ယာရင်အုံ၊ ယာနို့အုံ၊ နောက်ကျောနှင့် ဝမ်းဗိုက် တို့၌ ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သည့် ရဲတပ်သား သမိုင်းစည်သူ (၂၉) နှစ်ကို (ပ) ၆၃/၂၀၁၉ ၊ ရာဇသတ်ကြီးပုဒ်မ - ၃၀၂ ဖြင့် သာဂရနယ်မြေရဲ စခန်းတွင် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  
 

-  ဒါးဇ ( အကုန်သိ သတင်းဌာန ) | Source - နေလင်းအောင်( တောင်ငူ )

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။