Skip to main content
v asv
Ads Block

ယာဥ္ေမာင္းနဲ ့ခရီးသည္ စကားမ်ားစဥ္ ခရီးသည္က စတီယာတုိင္ကုိ ဆြဲလုခဲ့တာေၾကာင့္ ယာဥ္တုိက္မႈျဖစ္ပြားကာ ၁၂ ဦး ေသဆုံး

 

 

 

အင္ဒိုနီးရွားႏိုင္ငံမွာ (ဇြန္ ၁၇) တနလၤာေန႔က ယာဥ္ေမာင္းနဲ ့ ခရီးသည္တစ္ဦးတုိ ့စကားမ်ားရာမွ ခရီးသည္က ကားစတီယာတိုင္ကုိ ဆြဲလုခဲ့တဲ့အတြက္ ယာဥ္တိုက္မႈျဖစ္ၿပီး လူ ၁၂ ဦးေသဆံုးကာ အမ်ားအျပား ဒဏ္ရာရရွိခဲ့ေၾကာင္း သိရပါတယ္။

 

Cikopo-Paliman အေ၀းေျပးလမ္းမေပၚမွာ ေဒသစံေတာ္ခ်ိန္ မနက္ ၁ နာရီ၀န္းက်င္ေလာက္က အဆုိပါ ယာဥ္တုိက္မႈ ျဖစ္ခဲ့တာျဖစ္ပါတယ္။ ဂ်ာကာတာေန Cirebon ကို ဦးတည္ေမာင္းႏွင္ေနတဲ့ အဆိုပါ အေ၀းေျပး ခရီးသည္တင္ဘတ္စ္ကားဟာ တစ္ဖက္ယာဥ္ေၾကာကို ရုတ္တရက္ေကြ႔လာခဲ့ၿပီး ကားႏွစ္စီးကို၀င္တိုက္မိခဲ့ကာ ထရပ္ကားတစ္စီးကေတာ့ လိမ့္သြားခဲ့တယ္လို႔ ရဲေတြကေျပာပါတယ္။ ၄င္းယာဥ္တိုက္မႈေၾကာင့္ လူ ၄၃ ဦး ထိခိုက္ဒဏ္ရာ ရွိခဲ့ၿပီး ေဆးရံုသို႔ ခ်က္ခ်င္းပို႔ေဆာင္ခဲ့တယ္လို႔လည္း ေျပာခဲ့ပါတယ္။

 

ဘတ္စ္ကားဒရုိင္ဘာကေတာ့ ေသဆုံးသြားခဲ့ၿပီး အဆိုပါ ယာဥ္တိုက္မႈျဖစ္ေစခဲ့တဲ့ အသက္ ၂၉ ႏွစ္အရြယ္ ခရီးသည္ကေတာ့ ျပင္းျပင္းထန္ထန္ ဒဏ္ရာရရွိသြားခဲ့ေၾကာင္း သိရပါတယ္။

 

အေရွ႕ေတာင္အာရွ ႏိုင္ငံျဖစ္တဲ့ အင္ဒိုနီးရွားမွာ ေမာ္ေတာ္ဟာဥ္ေတြဟာ အုိေဟာင္းေနသလုိ ျပဳျပင္ ထိန္းသိမ္းမႈလည္း အားနည္းၿပီး ယာဥ္စည္းကမ္းလိုက္နာမႈလည္း မရွိတာေၾကာင့္ ယာဥ္မေတာ္တဆမႈေတြ အၿမဲလုိုလို ျဖစ္ပြားေလ့ရွိပါတယ္။

 

ၿပီးခဲ့တဲ့ စက္တင္ဘာလက အေနာက္ဂ်ာဗားျပည္နယ္ Sukabumi ေဒသမွာ လွ်ိဳေျမာင္ထဲကို ခရီးသည္တင္ ကားတစ္စီးက်ခဲ့တာေၾကာင့္ အနည္းဆံုး လူ ၂၁ ဦးေသဆံုးခဲ့ပါတယ္။

CNA

Unicode Version

ယာဉ်မောင်းနဲ့ခရီးသည် စကားများစဉ် ခရီးသည်က စတီယာတိုင်ကို ဆွဲလုခဲ့တာကြောင့် ယာဉ်တိုက်မှုဖြစ်ပွားကာ ၁၂ ဦး သေဆုံး

အင်ဒိုနီးရှားနိုင်ငံမှာ (ဇွန် ၁၇) တနင်္လာနေ့က ယာဉ်မောင်းနဲ့ ခရီးသည်တစ်ဦးတို့စကားများရာမှ ခရီးသည်က ကားစတီယာတိုင်ကို ဆွဲလုခဲ့တဲ့အတွက် ယာဉ်တိုက်မှုဖြစ်ပြီး လူ ၁၂ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

Cikopo-Paliman အဝေးပြေးလမ်းမပေါ်မှာ ဒေသစံတော်ချိန် မနက် ၁ နာရီဝန်းကျင်လောက်က အဆိုပါ ယာဉ်တိုက်မှု ဖြစ်ခဲ့တာဖြစ်ပါတယ်။ ဂျာကာတာနေ Cirebon ကို ဦးတည်မောင်းနှင်နေတဲ့ အဆိုပါ အဝေးပြေး ခရီးသည်တင်ဘတ်စ်ကားဟာ တစ်ဖက်ယာဉ်ကြောကို ရုတ်တရက်ကွေ့လာခဲ့ပြီး ကားနှစ်စီးကိုဝင်တိုက်မိခဲ့ကာ ထရပ်ကားတစ်စီးကတော့ လိမ့်သွားခဲ့တယ်လို့ ရဲတွေကပြောပါတယ်။ ၎င်းယာဉ်တိုက်မှုကြောင့် လူ ၄၃ ဦး ထိခိုက်ဒဏ်ရာ ရှိခဲ့ပြီး ဆေးရုံသို့ ချက်ချင်းပို့ဆောင်ခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။

ဘတ်စ်ကားဒရိုင်ဘာကတော့ သေဆုံးသွားခဲ့ပြီး အဆိုပါ ယာဉ်တိုက်မှုဖြစ်စေခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် ခရီးသည်ကတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရပါတယ်။

အရှေ့တောင်အာရှ နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားမှာ မော်တော်ဟာဉ်တွေဟာ အိုဟောင်းနေသလို ပြုပြင် ထိန်းသိမ်းမှုလည်း အားနည်းပြီး ယာဉ်စည်းကမ်းလိုက်နာမှုလည်း မရှိတာကြောင့် ယာဉ်မတော်တဆမှုတွေ အမြဲလိုလို ဖြစ်ပွားလေ့ရှိပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက အနောက်ဂျာဗားပြည်နယ် Sukabumi ဒေသမှာ လျှိုမြောင်ထဲကို ခရီးသည်တင် ကားတစ်စီးကျခဲ့တာကြောင့် အနည်းဆုံး လူ ၂၁ ဦးသေဆုံးခဲ့ပါတယ်။

CNA

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။