Skip to main content
vbsge
Ads Block


 

လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုဖြင့် စွဲချက်တင်ခံထားရတဲ့ ဘောလိဝုဒ် မင်သားကြီး Nana Pateka မှာ ၄င်းအမှုနဲ့ပတ်သက်လို့  ခိုင်လုံတဲ့သက်သေ အထောက်အထားမတွေ့ရှိရကြောင်း ကြာသပေတေးနေ့မှာ ရဲတွေက ပြောကြားခဲ့တဲ့အတွက်  အဆိုပါအမှုကနေ လွတ်မြောက်သွားခဲ့ပါတယ်။

sg


Pateka ကတော့ စွပ်စွဲချက်တွေဟာ မှန်ကန်မှုမရှိဘူးလို့ တောက်လျှောက်ငြင်းဆို ထားခဲ့ပေမယ့်လည်း လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေကို ဆန့်ကျင်တဲ့ “Me Too’’ လှုပ်ရှားမှု အိန္ဒိယနိုင်ငံအထိ ပျံ့နှံ့လာခဲ့ချိန် မင်းသမီး Dutta ရဲ့အမှုကနေ အစပျိုးလှုပ်ရှားလာခဲ့တာကြောင့် ၂၀၁၈ ခုနှစ်မှာ ၄င်းတို့ရဲ့အမှု တစ်ဖန်ပြန်လည်ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

vag

 


Pateka ကတော့ ၄င်းကိစ္စကို ငြင်းဆိုထားခဲ့ကာ အဆိုပါရုပ်ရှင်ရိုက်တုန်းက လူ ၂၀၀ လောက် နဲ့ သူတို့ အတူရှိနေတာဖြစ်ပြီး သူမပြောတဲ့ လိင်ပိုင်းဆိုင်ရာခြိမ်းခြောက်တယ်ဆိုတာ ဘာကိုဆိုလိုချင်တာလဲလို့  အင်တာဗျူး တစ်ခုမှာလည်း မေးခွန်းထုတ်ထားခဲ့ပါတယ်။


မင်းသမီး Dutta ကတော့ ၄င်းကိစ္စနဲ့ပတ်သက်ပြီး မွန်ဘိုင်းမြို့ရဲ့ အမြင်ဆုံးထိ အသနားခံစာတင်ပြီး အမှုပြန်ဖွင့် သွားမှာဖြစ်တယ်လို့ သူမရဲ့ ရှေ့နေကပြောကြားခဲ့ပါတယ်။

BBC

Unicode Version

 

ခိုင်လုံတဲ့ သက်သေအထောက်အထားမရှိတာကြောင့် ဘောလိဝုဒ်မင်းသားကြီး Nana Patekar အပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု စွဲချက်ကို ပယ်ဖျက်

လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုဖြင့် စွဲချက်တင်ခံထားရတဲ့ ဘောလိဝုဒ် မင်သားကြီး Nana Pateka မှာ ၎င်းအမှုနဲ့ပတ်သက်လို့  ခိုင်လုံတဲ့သက်သေ အထောက်အထားမတွေ့ရှိရကြောင်း ကြာသပေတေးနေ့မှာ ရဲတွေက ပြောကြားခဲ့တဲ့အတွက်  အဆိုပါအမှုကနေ လွတ်မြောက်သွားခဲ့ပါတယ်။

၂၀၀၈ ခုနှစ်က ရုပ်ရှင်ဇာတ်ကားတစ်ကားမှာ အတူသရုပ်ဆောင်စဉ် သူမကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် ခဲ့ကြောင်း မင်းသမီး Tanushree Dutta က မင်းသားကြီး Pateka ကို စွပ်စွဲထားခဲ့တာဖြစ်ပါတယ်။

Pateka ကတော့ စွပ်စွဲချက်တွေဟာ မှန်ကန်မှုမရှိဘူးလို့ တောက်လျှောက်ငြင်းဆို ထားခဲ့ပေမယ့်လည်း လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေကို ဆန့်ကျင်တဲ့ “Me Too’’ လှုပ်ရှားမှု အိန္ဒိယနိုင်ငံအထိ ပျံ့နှံ့လာခဲ့ချိန် မင်းသမီး Dutta ရဲ့အမှုကနေ အစပျိုးလှုပ်ရှားလာခဲ့တာကြောင့် ၂၀၁၈ ခုနှစ်မှာ ၎င်းတို့ရဲ့အမှု တစ်ဖန်ပြန်လည်ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ 

၎င်းတို့ အတူသရုပ်ဆောင်ခဲ့တဲ့ ရှပ်ရှင် ဇာတ်ဝင်တေးတစ်ပုဒ်မှာ လွန်လွန်ကျူးကျူးဘကကွက်တွေနဲ့ကဖို့ မင်းသားကြီး Pateka က တောင်းဆိုခဲ့ကြောင်း၊ သူမအနေနဲ့ အဲဒီလိုကဖို့ စိတ်သက်တောင့်သက်သာမရှိဘူးလို့ ပြောဆိုခဲ့ပေမယ့်လည်း ကခဲ့ရကြောင်း Dutta,  ၃၅ နှစ်က ပြောခဲ့ပါတယ်။ သူမ သူ့ကိုငြင်းတဲ့အခါတွေတိုင်း ခြိမ်းခြောက်ခံရလေ့ရှိပြီး ယင်းအချိန်က သူမ အသက် ၂၄ နှစ်ပဲရှိသေးတယ်လို့ လည်း Dutta ကပြောခဲ့ပါတယ်။

Pateka ကတော့ ၎င်းကိစ္စကို ငြင်းဆိုထားခဲ့ကာ အဆိုပါရုပ်ရှင်ရိုက်တုန်းက လူ ၂၀၀ လောက် နဲ့ သူတို့ အတူရှိနေတာဖြစ်ပြီး သူမပြောတဲ့ လိင်ပိုင်းဆိုင်ရာခြိမ်းခြောက်တယ်ဆိုတာ ဘာကိုဆိုလိုချင်တာလဲလို့  အင်တာဗျူး တစ်ခုမှာလည်း မေးခွန်းထုတ်ထားခဲ့ပါတယ်။

လူမှုကွန်ရက် တွစ်တာကနေ မင်းသမီး Dutta ဘက်က အမျိုးသမီးနှစ်ဦး ထောက်ခံခဲ့ပေမယ့်လည်း ခိုင်လုံတဲ့သက်သေ အထာက်အထားတွေမတွေ့ရတာကြောင့် Pateka ကို စစ်ဆေးမေးမြန်းတာတွေ ဆက်လက် လုပ်ဆောင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ မွန်ဘိုင်း ရဲဌာနက ပြောကြားခဲ့ပါတယ်။

မင်းသမီး Dutta ကတော့ ၎င်းကိစ္စနဲ့ပတ်သက်ပြီး မွန်ဘိုင်းမြို့ရဲ့ အမြင်ဆုံးထိ အသနားခံစာတင်ပြီး အမှုပြန်ဖွင့် သွားမှာဖြစ်တယ်လို့ သူမရဲ့ ရှေ့နေကပြောကြားခဲ့ပါတယ်။

BBC

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။