Skip to main content
vag
Ads Block

ဘုရင့္ေနာင္ဆန္ကုန္စည္ဒိုင္သုိ႔ ဆန္၀င္ေရာက္မႈ ထက္ဝက္ေက်ာ္က်ဆင္း

ဘုရင့္ေနာင္ဆန္ကုန္စည္ဒိုင္သုိ႔ ဆန္အိတ္ဝင္ေရာက္မႈအေရအတြက္မွာ ထက္ဝက္ေက်ာ္ က်ဆင္းသြားေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ေမလအတြင္း ဘုရင့္ေနာင္ဆန္ကုန္စည္ဒိုင္သုိ႔ တစ္ေန႔လွ်င္ ဆန္အိတ္ေရအနည္းဆံုး ငါးေသာင္းမွ တစ္သိန္းၾကားဝင္ေရာက္ခဲ့ေသာ္လည္း ယခု(ဇြန္လ) ရက္ပိုင္းတြင္ တစ္ေန႔လွ်င္ ဆန္အိတ္ေရ သံုးေသာင္းဝန္းက်င္သာဝင္ေရာက္ေတာ့ေၾကာင္း သိရသည္။

 

“တစ္ေန႔ကို ဆန္အိတ္ သံုးေသာင္ေလာက္ပဲဝင္ေတာ့တယ္။ အရင္ကေလာက္မဝင္ေတာ့ဘူး။ အခုကလယ္ကရိတ္သိမ္းၿပီးစစပါးေတြကို ႀကိတ္ထားတဲ့ဆန္ေတြ သိပ္မလာေတာ့ဘူး။ ေလွာင္သမားဆီကစပါးေတြကို ႀကိတ္ထားတဲ့ ဆန္ေတြပဲလာေတာ့တယ္” ဟု ဘုရင့္ေနာင္ကုန္စည္ဒိုင္မွ အတြင္းေရးမွဴး ဦးသန္းဦးက ေျပာသည္။

 

ၿပီးခဲ့သည့္ေမလ၌ ျမန္မာႏိုင္ငံ၌ ေႏြစပါးေပၚခ်ိန္ျဖစ္ကာတရုတ္ႏိုင္ငံသုိ႔ ဆန္တင္ပို႔ေနသည့္ လမ္းေၾကာင္း ရပ္ဆိုင္းလုနီးပါးျဖစ္ခဲ့ကာ မူဆယ္နယ္စပ္တြင္ ဆန္တန္ခ်ိန္တစ္သိန္းနီးပါး ပိတ္မိေနျခင္းေၾကာင့္ တစ္ႏိုင္ငံလံုးမွ ထြက္ရွိလာသည့္ဆန္မ်ားသည္ ဘုရင့္ေနာင္ကုန္စည္ဒိုင္သို႔ ဝင္ေရာက္ခဲ့ျခင္း ျဖစ္သည္။

- သင္းသင္းလိႈင္(အကုန္သိသတင္းဌာန)

Unicode Version

ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်သို့ ဆန်ဝင်ရောက်မှု ထက်ဝက်ကျော်ကျဆင်း

ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်သို့ ဆန်အိတ်ဝင်ရောက်မှုအရေအတွက်မှာ ထက်ဝက်ကျော် ကျဆင်းသွားကြောင်း သိရသည်။

ပြီးခဲ့သည့်မေလအတွင်း ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်သို့ တစ်နေ့လျှင် ဆန်အိတ်ရေအနည်းဆုံး ငါးသောင်းမှ တစ်သိန်းကြားဝင်ရောက်ခဲ့သော်လည်း ယခု(ဇွန်လ) ရက်ပိုင်းတွင် တစ်နေ့လျှင် ဆန်အိတ်ရေ သုံးသောင်းဝန်းကျင်သာဝင်ရောက်တော့ကြောင်း သိရသည်။

“တစ်နေ့ကို ဆန်အိတ် သုံးသောင်လောက်ပဲဝင်တော့တယ်။ အရင်ကလောက်မဝင်တော့ဘူး။ အခုကလယ်ကရိတ်သိမ်းပြီးစစပါးတွေကို ကြိတ်ထားတဲ့ဆန်တွေ သိပ်မလာတော့ဘူး။ လှောင်သမားဆီကစပါးတွေကို ကြိတ်ထားတဲ့ ဆန်တွေပဲလာတော့တယ်” ဟု ဘုရင့်နောင်ကုန်စည်ဒိုင်မှ အတွင်းရေးမှူး ဦးသန်းဦးက ပြောသည်။

ပြီးခဲ့သည့်မေလ၌ မြန်မာနိုင်ငံ၌ နွေစပါးပေါ်ချိန်ဖြစ်ကာတရုတ်နိုင်ငံသို့ ဆန်တင်ပို့နေသည့် လမ်းကြောင်း ရပ်ဆိုင်းလုနီးပါးဖြစ်ခဲ့ကာ မူဆယ်နယ်စပ်တွင် ဆန်တန်ချိန်တစ်သိန်းနီးပါး ပိတ်မိနေခြင်းကြောင့် တစ်နိုင်ငံလုံးမှ ထွက်ရှိလာသည့်ဆန်များသည် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

- သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)

 

 

 

 

 

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။