Skip to main content
bvwg
Ads Block

ယာဥ္မေတာ္တဆမႈျဖင့္ေသဆုံးသူအား ေဆး႐ုံ၌စစ္ေဆးရာမွ ေသနတ္ဒဏ္ရာျဖင့္ ေသဆုံးခဲ့ေၾကာင္း ေပၚေပါက္

 

ဘားအံၿမိဳ႕တြင္ ယာဥ္မေတာ္တဆမႈျဖင့္ေသဆုံးသူအား ေဆး႐ုံ၌စစ္ေဆးရာမွ ေသနတ္ဒဏ္ရာျဖင့္ ေသဆုံးခဲ့ျခင္း ျဖစ္သည္ဟု စစ္ေဆးေပၚေပါက္ခဲ့ေၾကာင္း သိရသည္။

sbr

ျဖစ္စဥ္မွာ ဘားအံၿမိဳ႕၊ ေကာ့ကေသာင္ဂူဘုရားအလြန္ ေနာင္လုံေတာင္ၾကားတြင္ ဇြန္လ ၁၅ ရက္၊ ည ၉ နာရီ ၄၅ မိနစ္ခန္႔က ကားတစ္စီးလမ္းေဘးထိုးက်ပုံစံျဖင့္ယာဥ္မေတာ္တဆမႈျဖစ္ပြားကာ ယာဥ္ေမာင္းျဖစ္သူ ေသဆုံးေနၾကာင္းအေၾကာင္းၾကားခ်က္အရ မာဃ လူမႈကူညီေရးအသင္းမွ သြားေရာက္ကူညီကာ ေသဆုံးသူအား ဘားအံေဆး႐ုံသို႔ ပို႔အပ္ခဲ့ေၾကာင္း သိရသည္။

vav

“ က်ေနာ္တို႔ကေတာ့ ကားက မိုးတအားရြာေနတဲ့အခ်ိန္ အရွိန္လြန္ၿပီး လမ္းေဘးထိုးက်ၿပီး ယာဥ္ေမာင္း ေသဆုံးေနတယ္ ထင္ထားတာ။ ေဆး႐ုံမွာ စစ္ေတာ့မွ နားထင္မွာ ေသနတ္ဒဏ္ရာနဲ႔ ခြဲစိတ္ထုတ္လိုက္ေတာ့ က်ည္ဖူးကို ေတြ႕ရတယ္ ။ရဲမႈခင္းတပ္ဖြဲ႕ကေတာ့ အေလာင္းကို မိသားစုသၿဂိဳလ္ဖို႕ ခြင့္ျပဳေပးထားလို႕ အေအးခန္းေသတၱာနဲ႔ေတာ့ အသုဘ အခမ္းအနားျပင္ေပးထားတယ္လို႔ေတာ့ သိရတယ္” ဟု မာဃ လူမႈကူညီေရးအသင္းတြင္ ပါ၀င္ကူညီခဲ့သူတစ္ဦးက ေျပာသည္။

စစ္ေဆးခ်က္အရ ေသဆံုးသူမွာ KNU/KNLA/PC အပစ္ရပ္ လက္နက္ကိုင္အဖြဲ႕အစည္းမွ စီးပြားေရးတာဝန္ခံ နန္းျမင့္ရာဇာပိုးထည္ဆိုင္ပိုင္ရွင္ ကိုရာဇာ၊ (၃၉ႏွစ္)ဟု ပတ္၀န္းက်င္မွ ေျပာၾကားခ်က္မ်ားအရ သိရွိခဲ့ရသည္။

af

ေဆး႐ုံမွ ေဆးစစ္ခ်က္အရ ယာဥ္မေတာ္တဆမႈေၾကာင့္ ထိခိုက္ဒဏ္ရာရရွိကာ ေသဆုံးေနျခင္း မဟုတ္ဘဲ ဦးေခါင္းဘယ္နားထင္က်ည္ေပါက္ဝင္ဒဏ္ရာ၊ ႏွာေခါင္းေသြးထြက္၊ ဝမ္းဗိုက္ေသြးထြက္၊ ဝဲလက္ က်ိဳးပဲ့ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ အမႈႏွင့္ပတ္သက္၍ အိႏၵဳနယ္ေျမရဲစခန္း၌ ပုဒ္မ ၃၀၂ အရ အမႈဖြင့္ကာ စုံစမ္းစစ္ေဆးေနေၾကာင္း သိရသည္။

ေစာေဘာသိုလ္(အကုန္သိသတင္းဌာန)

 

Unicode Version

 

 

ယာဉ်မတော်တဆမှုဖြင့်သေဆုံးသူအား ဆေးရုံ၌စစ်ဆေးရာမှ သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ပေါ်ပေါက်

ဘားအံမြို့တွင် ယာဉ်မတော်တဆမှုဖြင့်သေဆုံးသူအား ဆေးရုံ၌စစ်ဆေးရာမှ သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဘားအံမြို့၊ ကော့ကသောင်ဂူဘုရားအလွန် နောင်လုံတောင်ကြားတွင် ဇွန်လ ၁၅ ရက်၊ ည ၉ နာရီ ၄၅ မိနစ်ခန့်က ကားတစ်စီးလမ်းဘေးထိုးကျပုံစံဖြင့်ယာဉ်မတော်တဆမှုဖြစ်ပွားကာ ယာဉ်မောင်းဖြစ်သူ သေဆုံးနေကြာင်းအကြောင်းကြားချက်အရ မာဃ လူမှုကူညီရေးအသင်းမှ သွားရောက်ကူညီကာ သေဆုံးသူအား ဘားအံဆေးရုံသို့ ပို့အပ်ခဲ့ကြောင်း သိရသည်။

“ ကျနော်တို့ကတော့ ကားက မိုးတအားရွာနေတဲ့အချိန် အရှိန်လွန်ပြီး လမ်းဘေးထိုးကျပြီး ယာဉ်မောင်း သေဆုံးနေတယ် ထင်ထားတာ။ ဆေးရုံမှာ စစ်တော့မှ နားထင်မှာ သေနတ်ဒဏ်ရာနဲ့ ခွဲစိတ်ထုတ်လိုက်တော့ ကျည်ဖူးကို တွေ့ရတယ် ။ရဲမှုခင်းတပ်ဖွဲ့ကတော့ အလောင်းကို မိသားစုသဂြိုလ်ဖို့ ခွင့်ပြုပေးထားလို့ အအေးခန်းသေတ္တာနဲ့တော့ အသုဘ အခမ်းအနားပြင်ပေးထားတယ်လို့တော့ သိရတယ်” ဟု မာဃ လူမှုကူညီရေးအသင်းတွင် ပါဝင်ကူညီခဲ့သူတစ်ဦးက ပြောသည်။

စစ်ဆေးချက်အရ သေဆုံးသူမှာ KNU/KNLA/PC အပစ်ရပ် လက်နက်ကိုင်အဖွဲ့အစည်းမှ စီးပွားရေးတာဝန်ခံ နန်းမြင့်ရာဇာပိုးထည်ဆိုင်ပိုင်ရှင် ကိုရာဇာ၊ (၃၉နှစ်)ဟု ပတ်ဝန်းကျင်မှ ပြောကြားချက်များအရ သိရှိခဲ့ရသည်။

ဆေးရုံမှ ဆေးစစ်ချက်အရ ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိကာ သေဆုံးနေခြင်း မဟုတ်ဘဲ ဦးခေါင်းဘယ်နားထင်ကျည်ပေါက်ဝင်ဒဏ်ရာ၊ နှာခေါင်းသွေးထွက်၊ ဝမ်းဗိုက်သွေးထွက်၊ ဝဲလက် ကျိုးပဲ့ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အမှုနှင့်ပတ်သက်၍ အိန္ဒုနယ်မြေရဲစခန်း၌ ပုဒ်မ ၃၀၂ အရ အမှုဖွင့်ကာ စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

စောဘောသိုလ်(အကုန်သိသတင်းဌာန)

 

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။