Skip to main content
bshyw
Ads Block

တုပ္ေကြးေရာဂါျဖစ္ပြားျခင္းကုိ စနစ္တက်ေစာင့္ၾကပ္ၾကည့္ရႈသြားမည္ဟု ေဒါက္တာျမင့္ေထြးေျပာ

 

 

တုပ္ေကြးေရာဂါျဖစ္ပြားျခင္းကုိ စနစ္တက်ေစာင့္ၾကပ္ၾကည့္ရႈသြားမည္ျဖစ္ေၾကာင္း က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာနမွ ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာျမင့္ေထြးက ေျပာသည္။

ဇြန္လဒုတိယပတ္ေက်ာ္အတြင္းရာသီတုပ္ေကြးေရာဂါအတြက္ ႀကိဳတင္ျပင္ဆင္ထားသည့္အေျခအေနမ်ားႏွင့္ စပ္လ်ဥ္းသည့္အစည္းအေ၀းတြင္ ယခုကဲ့သို႔ေျပာျခင္းျဖစ္သည္။

sba

“ ရာသီတုပ္ေကြးေရာဂါျဖစ္ပြားတတ္တဲ့ကာလမုိ႔လုိ႔  ရာသီတုပ္ေကြးေရာဂါႀကဳိတင္ကာကြယ္ဖုိ႔၊ က်န္းမာေရး အသိပညာေတြ ျပည္သူလူထုကုိပုိမုိျဖန္႔ေ၀ေပးသြားရမွာပါ။ ေနာက္ၿပီးတုပ္ေကြးေရာဂါျဖစ္ပြားမႈ၊ ေစာင့္ၾကပ္ ၾကည့္ရႈျခင္းကိုလည္း စနစ္တက်ကြ်န္ေတာ္တုိ႔ေဆာင္ရြက္သြားရမွာျဖစ္ပါတယ္’’ဟု ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာျမင့္ေထြးက ေျပာသည္။

လက္ရွိတြင္ ရာသီတုပ္ေကြးမွာဆက္လက္ျဖစ္ပြားေနၿပီး ေသြးလြန္တုပ္ေကြးျဖစ္ပြားမႈမ်ားလည္း ေနရာအနွံ႔ ရွိလာေၾကာင္း သိရသည္။

bsh

ေသြးလြန္တုပ္ေကြးေရာဂါသည္ ေအဒီးစ္ ေခၚ ဗုိင္းရပ္စ္ပုိးသယ္ေဆာင္သည့္ ျခင္က်ားက လူသုိ႔ကုိက္ရာမွ ျဖစ္ပြားျခင္းျဖစ္ၿပီး အဖ်ားႀကီးျခင္း၊ ေအာ့အန္ျခင္း၊ အနီစက္မ်ားခႏၶာကုိယ္အႏွံ႔ထြက္လာျခင္း၊ ကေလး မွိန္းေနျခင္း၊ ေဆာ့ကစားမႈမရွိျခင္း၊ ၀မ္းမည္းသြားျခင္း၊ ေကာ္ဖီေရာင္မ်ားအန္ျခင္း စသည့္ ေသြးလန္႔လကၡဏာမ်ား ျဖစ္ေပၚႏုိင္ေၾကာင္း သိရသည္။

င္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

တုပ်ကွေးရောဂါဖြစ်ပွားခြင်းကို စနစ်တကျစောင့်ကြပ်ကြည့်ရှုသွားမည်ဟု ဒေါက်တာမြင့်ထွေးပြော


တုပ်ကွေးရောဂါဖြစ်ပွားခြင်းကို စနစ်တကျစောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။

ဇွန်လဒုတိယပတ်ကျော်အတွင်းရာသီတုပ်ကွေးရောဂါအတွက် ကြိုတင်ပြင်ဆင်ထားသည့်အခြေအနေများနှင့် စပ်လျဉ်းသည့်အစည်းအဝေးတွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။

“ ရာသီတုပ်ကွေးရောဂါဖြစ်ပွားတတ်တဲ့ကာလမို့လို့  ရာသီတုပ်ကွေးရောဂါကြိုတင်ကာကွယ်ဖို့၊ ကျန်းမာရေး အသိပညာတွေ ပြည်သူလူထုကိုပိုမိုဖြန့်ဝေပေးသွားရမှာပါ။ နောက်ပြီးတုပ်ကွေးရောဂါဖြစ်ပွားမှု၊ စောင့်ကြပ် ကြည့်ရှုခြင်းကိုလည်း စနစ်တကျကျွန်တော်တို့ဆောင်ရွက်သွားရမှာဖြစ်ပါတယ်’’ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။

လက်ရှိတွင် ရာသီတုပ်ကွေးမှာဆက်လက်ဖြစ်ပွားနေပြီး သွေးလွန်တုပ်ကွေးဖြစ်ပွားမှုများလည်း နေရာအနှံ့ ရှိလာကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးရောဂါသည် အေဒီးစ် ခေါ် ဗိုင်းရပ်စ်ပိုးသယ်ဆောင်သည့် ခြင်ကျားက လူသို့ကိုက်ရာမှ ဖြစ်ပွားခြင်းဖြစ်ပြီး အဖျားကြီးခြင်း၊ အော့အန်ခြင်း၊ အနီစက်များခန္ဓာကိုယ်အနှံ့ထွက်လာခြင်း၊ ကလေး မှိန်းနေခြင်း၊ ဆော့ကစားမှုမရှိခြင်း၊ ဝမ်းမည်းသွားခြင်း၊ ကော်ဖီရောင်များအန်ခြင်း စသည့် သွေးလန့်လက္ခဏာများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။