Skip to main content
bsg
Ads Block

တကၠသုိလ္၀င္တန္းစာေမးပြဲေအာင္ျမင္ေရး ဘာသာတြဲေရြးခ်ယ္မႈမွန္ကန္ရန္လိုအပ္ဟု ပညာေရး၀န္ႀကီး ေျပာ

 

 

တကၠသုိလ္၀င္တန္းစာေမးပြဲေအာင္ျမင္ေရး၏အေျခခံအခ်က္မွာ ေက်ာင္းသား၊ ေက်ာင္းသူမ်ား ဘာသာတြဲေရြးခ်ယ္မႈမွန္ကန္ရန္လိုအပ္ျခင္းျဖစ္ေၾကာင္း ပညာေရး၀န္ႀကီးဌာနမွ ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးက ေျပာသည္။

yw

ရန္ကုန္တုိင္းေဒသႀကီး၊ ေကာ့မွဴးၿမိဳ႕နယ္တြင္ ဇြန္လဒုတိယပတ္ေက်ာ္ကက်င္းပခဲ့ေသာ ေက်ာင္းေဆာင္သစ္ လွဴဒါန္းပြဲႏွင့္ တကၠသုိလ္၀င္တန္းစာေမးပြဲ ဂုဏ္ထူးႏွင့္ေအာင္ျမင္သည့္ေက်ာင္းသားမ်ားဂုဏ္ျပဳပြဲတြင္ ယခုကဲ့သို႔ ေျပာျခင္းျဖစ္သည္။

hsw

“ စာေမးပြဲမေအာင္တဲ့ ေက်ာင္းသားေက်ာင္းသူမ်ားအတြက္ စိတ္မေကာင္းပါဘူး။ ဆရာဆရာမမ်ား၊ မိဘအုပ္ထိန္းသူမ်ားလည္းေမွ်ာ္မွန္းသလိုျဖစ္မလာလို႔ အားရေက်နပ္မွာ မဟုတ္ပါဘူး။ တကၠသိုလ္၀င္ စာေမးပြဲေျဖဆိုေအာင္ျမင္ရန္ အေျခခံက်တဲ့အခ်က္ေတြကေတာ့ ေက်ာင္းသားေက်ာင္းသူမ်ားအေနနဲ႔ ဘာသာတြဲေရြးခ်ယ္မႈ မွန္ကန္ရန္လိုပါတယ္” ဟု ျပည္ေထာင္စု၀န္ႀကီးေဒါက္တာမ်ိဳးသိမ္းႀကီးက ေျပာသည္။

၂၀၁၉ ခုႏွစ္ တကၠသိုလ္၀င္စာေမးပြဲတြင္ တစ္ႏုိင္ငံလံုး၌ ေျဖဆိုသူ ၈၅၁၅၂၄ ဦးရွိၿပီး ေအာင္ျမင္သူ ၂၆၇၆၉၆ ဦးရွိခဲ့ကာ ေအာင္ခ်က္မွာ ၃၁.၄၄ ရာခိုင္ႏႈန္းျဖစ္ေၾကာင္း သိရသည္။

ၿပီးခဲ့ေသာ ၂၀၁၈ ခုႏွစ္တကၠသုိလ္၀င္တန္းစာေမးပြဲတြင္ေျဖဆုိသူ ၇၈၉၈၄၅ ဦး၊ ေအာင္ျမင္သူ ၂၅၉၁၉၃ ဦး ရွိခဲ့ၿပီးရာခုိင္ႏႈန္းအားျဖင့္ ၃၂ ဒႆမ ၈၂ ရာခုိင္ႏႈန္းျဖစ္ေၾကာင္း သိရသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ရေး ဘာသာတွဲရွေးချယ်မှုမှန်ကန်ရန်လိုအပ်ဟု ပညာရေးဝန်ကြီး ပြော


တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ရေး၏အခြေခံအချက်မှာ ကျောင်းသား၊ ကျောင်းသူများ ဘာသာတွဲရွေးချယ်မှုမှန်ကန်ရန်လိုအပ်ခြင်းဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်တွင် ဇွန်လဒုတိယပတ်ကျော်ကကျင်းပခဲ့သော ကျောင်းဆောင်သစ် လှူဒါန်းပွဲနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဂုဏ်ထူးနှင့်အောင်မြင်သည့်ကျောင်းသားများဂုဏ်ပြုပွဲတွင် ယခုကဲ့သို့ ပြောခြင်းဖြစ်သည်။

“ စာမေးပွဲမအောင်တဲ့ ကျောင်းသားကျောင်းသူများအတွက် စိတ်မကောင်းပါဘူး။ ဆရာဆရာမများ၊ မိဘအုပ်ထိန်းသူများလည်းမျှော်မှန်းသလိုဖြစ်မလာလို့ အားရကျေနပ်မှာ မဟုတ်ပါဘူး။ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုအောင်မြင်ရန် အခြေခံကျတဲ့အချက်တွေကတော့ ကျောင်းသားကျောင်းသူများအနေနဲ့ ဘာသာတွဲရွေးချယ်မှု မှန်ကန်ရန်လိုပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံး၌ ဖြေဆိုသူ ၈၅၁၅၂၄ ဦးရှိပြီး အောင်မြင်သူ ၂၆၇၆၉၆ ဦးရှိခဲ့ကာ အောင်ချက်မှာ ၃၁.၄၄ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သော ၂၀၁၈ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်ဖြေဆိုသူ ၇၈၉၈၄၅ ဦး၊ အောင်မြင်သူ ၂၅၉၁၉၃ ဦး ရှိခဲ့ပြီးရာခိုင်နှုန်းအားဖြင့် ၃၂ ဒဿမ ၈၂ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။