Skip to main content
bag
Ads Block

ရန္ကုန္ၿမိဳ႕ရွိ ေစ်းေပါင္း ၃၇ ခုကို အဆင့္ျမွင့္တင္မည္

ရန္ကုန္ၿမိဳ႕တြင္းရွိ ေစ်းေပါင္း ၃၇ ခုကို ႏိုင္ငံတကာမွ ေစ်းရံုႀကီးမ်ားကဲ့သို႔ျဖစ္ေစရန္ အဆင့္ျမွင့္တင္သြားမည္ ျဖစ္ေၾကာင္း ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွ တြဲဖက္အတြင္းေရးမွဴး ဦးသန္းက ေျပာသည္။

ရန္ကုန္ၿမိဳ႕ေတာ္ခန္းမတြင္ ဇြန္လ ၁၇ ရက္ကက်င္းပသည့္ တညင္းကုန္းေစ်းသစ္သို႔ ေစ်းသည္မ်ား ေျပာင္းေရႊ႕ေနရာခ်ထားျခင္းသတင္းစာရွင္းလင္းပြဲတြင္ အထက္ပါအတိုင္း ေျပာႀကားလိုက္ျခင္း ျဖစ္သည္။

ph

“ ကၽြန္ေတာ္တို႔ ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီပိုင္ ၃၇ ေစ်းကို PPP စနစ္နဲ႕ အဆင့္ျမွင့္တင္သြားဖို႔ ရွိပါတယ္။ ဒါကလည္း ႏုိင္ငံတကာက Wholesale ေစ်းရုံႀကီးမ်ားလို အဆင့္မွီေအာင္ လုပ္သြားမွာျဖစ္ၿပီး Operator စနစ္နဲ႕ ထိန္းခ်ဳပ္လို႔ရမယ့္အေနအထားရေအာင္ ဒီေစ်း ၃၇ ခုကို စျပီး အဆင့္ျမင့္တင္သြားဖို႔ ျဖစ္ပါတယ္” ဟု ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွ တြဲဖက္အတြင္းေရးမွဴး ဦးသန္းက ေျပာသည္။

zrh

ေစ်းမ်ား အဆင့္ျမွင့္တင္ျခင္းကို ၂၀၁၈ ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီဥပေဒသစ္အရ လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရသည္။

 

“ ဒီလုိအဆင့္ျမွင့္တင္တာေတြက ရန္ကုန္စည္ပင္ဥပေဒသစ္အရ လုပ္ဆာင္တာပါ။ ဒါေၾကာင့္လည္း တညင္းကုန္းေစ်းသစ္ႀကီးကေနစၿပီး Wholesale လက္ကားေစ်းသစ္ႀကီးအျဖစ္ ႏုိင္ငံတကာ အဆင့္မွီေအာင္ လုပ္ေဆာင္ေနတာပါ” ဟု ဦးသန္းက ဆက္ေျပာသည္။

ရန္ကုန္ၿမိဳ႕အတြင္း၌ စည္ပင္သာယာေရးေကာ္မတီပိုင္ ေစ်းေပါင္း ၁၈၄၀ ရွိျပီး ေစ်းအမ်ားစုမွာ ျပင္ဆင္ရန္ လိုအပ္ခ်က္မ်ားရွိေနေၾကာင္း သိရသည္။

 

လက္ရွိ၌ တညင္းကုန္းေစ်းေဟာင္းမွ ေစ်းသစ္သို႔ ေစ်းသည္ ၁၀၈၇ ဦးေျပာင္းေရႊ႕ရန္ က်န္ရွိေနေသာေၾကာင့္ တညင္းကုန္းေစ်းသစ္တည္ေဆာက္ေရးလုပ္ငန္းတတိယပိုင္းကို ေဆာင္ရြက္ႏုိင္ျခင္းမရွိေသးေၾကာင္း သိရသည္။

- ထက္ေဝလင္း(အကုန္သိသတင္းဌာန)

Unicode Version

ရန်ကုန်မြို့ရှိ ဈေးပေါင်း ၃၇ ခုကို အဆင့်မြှင့်တင်မည်

ရန်ကုန်မြို့တွင်းရှိ ဈေးပေါင်း ၃၇ ခုကို နိုင်ငံတကာမှ ဈေးရုံကြီးများကဲ့သို့ဖြစ်စေရန် အဆင့်မြှင့်တင်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောသည်။

ရန်ကုန်မြို့တော်ခန်းမတွင် ဇွန်လ ၁၇ ရက်ကကျင်းပသည့် တညင်းကုန်းဈေးသစ်သို့ ဈေးသည်များ ပြောင်းရွှေ့နေရာချထားခြင်းသတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ ကျွန်တော်တို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင် ၃၇ ဈေးကို PPP စနစ်နဲ့ အဆင့်မြှင့်တင်သွားဖို့ ရှိပါတယ်။ ဒါကလည်း နိုင်ငံတကာက Wholesale ဈေးရုံကြီးများလို အဆင့်မှီအောင် လုပ်သွားမှာဖြစ်ပြီး Operator စနစ်နဲ့ ထိန်းချုပ်လို့ရမယ့်အနေအထားရအောင် ဒီဈေး ၃၇ ခုကို စပြီး အဆင့်မြင့်တင်သွားဖို့ ဖြစ်ပါတယ်” ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောသည်။

ဈေးများ အဆင့်မြှင့်တင်ခြင်းကို ၂၀၁၈ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥပဒေသစ်အရ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

“ ဒီလိုအဆင့်မြှင့်တင်တာတွေက ရန်ကုန်စည်ပင်ဥပဒေသစ်အရ လုပ်ဆာင်တာပါ။ ဒါကြောင့်လည်း တညင်းကုန်းဈေးသစ်ကြီးကနေစပြီး Wholesale လက်ကားဈေးသစ်ကြီးအဖြစ် နိုင်ငံတကာ အဆင့်မှီအောင် လုပ်ဆောင်နေတာပါ” ဟု ဦးသန်းက ဆက်ပြောသည်။

ရန်ကုန်မြို့အတွင်း၌ စည်ပင်သာယာရေးကော်မတီပိုင် ဈေးပေါင်း ၁၈၄၀ ရှိပြီး ဈေးအများစုမှာ ပြင်ဆင်ရန် လိုအပ်ချက်များရှိနေကြောင်း သိရသည်။

လက်ရှိ၌ တညင်းကုန်းဈေးဟောင်းမှ ဈေးသစ်သို့ ဈေးသည် ၁၀၈၇ ဦးပြောင်းရွှေ့ရန် ကျန်ရှိနေသောကြောင့် တညင်းကုန်းဈေးသစ်တည်ဆောက်ရေးလုပ်ငန်းတတိယပိုင်းကို ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

- ထက်ဝေလင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။