Skip to main content
bwsg
Ads Block
egw
bwg
Unicode Version
တန်ဖိုးဖြတ်လို့မရတဲ့လက်ဆောင်က အဖေပါလို့ဆိုတဲ့ ပန်းရောင်ခြယ်
ဖခင်ဖြစ်သူ အဆိုတော်ဂရေဟမ်ဟာ တန်ဖိုးဖြတ်မရတဲ့ပဲ့ကိုင်ရှင်ဖြစ်တယ်လို့ ပန်းရောင်ခြယ်က ပြောလာပါတယ်။
hw
Junction City မှာ ဇွန်လ ၁၆ ရက်ကကျင်းပခဲ့တဲ့ အမျိုးသမီးသုံးသန့်စင်ရည်ဆေးရည်အသစ် မိတ်ဆက်ပွဲမှာ အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။
“ ဘဝမှာ အနုပညာနဲ့ပတ်သက်ပြီးအမှတ်တရအဖြစ်ဆုံးက ပထမဦးဆုံးအနုပညာလောကကို ဝင်တဲ့ခြေလှမ်းအစ အဖေနဲ့အခွေထုတ်ခဲ့တာပါ။ တကယ့်အမှတ်တရပါပဲ။ တန်ဖိုးဖြတ်မရတဲ့အရာထဲမှာ အဓိကက အဖေပါပဲ။ ကလေးတစ်ယောက်အနေနဲ့ လိုချင်တာကိုရတယ်။ကောင်းမွန်တဲ့  အဖေတစ်ယောက် ရထားပါတယ်။ ဒယ်ဒီ့ကိုအရမ်းချစ်ပါတယ်။ သမီးကောင်းတစ်ယောက်ဖြစ်အောင်တော့ ကြိုးစားမှာပါ။ ပန်းရောင်ကတော့တက်နိုင်သလောက်တော့မိဘကျေးဇူးဆပ်မယ်”လို့ ပန်းရောင်ခြယ်က ပြောပါတယ်။
ပန်းရောင်ခြယ်ဟာ ဖခင်ဖြစ်သူဂရေဟမ်နဲ့ အတူWAKE UP DADDY ဆိုတဲ့ အခွေနဲ့အတူ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူဖြစ်ပြီး ပရိသတ်ချစ်တဲ့အနုပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။
ဒါ့အပြင် သူမဟာ ဖခင်ဖြစ်သူနဲ့သီချင်းတွေဆိုသွားဖို့ရှိသလို တစ်ကိုယ်တော်အခွေလည်းထွက်ဖို့ရှိတယ်လို့ သိရပါတယ်။
- အိန္ဒြာ(အကုန်သိသတင်းဌာန)
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။