Skip to main content
bsg
Ads Block

ခ်င္းျပည္နယ္မွထြက္ရွိသည့္ ဝဥေျခာက္တန္ခ်ိန္ ၅၀၀ ကိုတရုတ္ႏုိင္ငံသို႔တင္ပို႔မည္

 

ခ်င္းျပည္နယ္မွထြက္ရွိသည့္ ဝဥေျခာက္တန္ခ်ိန္ ၅၀၀ ကိုတရုတ္ျပည္သူ႔သမၼတႏုိင္ငံသို႔ တင္ပို႔ႏုိင္ရန္ သေဘာလက္မွတ္ေရးထုိးထားၿပီျဖစ္ေၾကာင္းသိရသည္။

ခ်င္းေတာင္ရတနာကုမၸဏီအေနျဖင့္ တရုတ္ႏုိင္ငံကူမင္းၿမိဳ႕ရွိတရုတ္ျပည္၏ အၾကီးဆံုးဝဥကုမၸဏီတစ္ခုႏွင့္ ဇြန္လ ၁၂ ရက္က နားလည္မႈသေဘာတူညီခ်က္လက္မွတ္ေရးထုိးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

et

“ လက္မွတ္ေရးထုိးတာကေတာ့ အေရာင္းအဝယ္ပဲမဟုတ္ဘူး။ နည္းပညာပူးေပါင္းဖုိ႔လည္းပါတယ္။ သုေတသန ကိစၥေတြလည္းပါတယ္။ တရုတ္ေစ်းကြက္မွာေတာ့ ဝဥေျခာက္တန္ခ်ိန္ တစ္သိန္းခြဲလိုတာေပါ့။ ျမန္မာဘက္က ဝဥေျခာက္ကိုအရည္အေသြးေကာင္းမယ္ဆုိရင္ အရည္အေသြးအလုိက္တန္ ၁၀၀၀ ေက်ာ္ဆုိရင္လည္း လုိခ်င္တယ္။ ခ်င္းကေတာင္သူေတြ ပံ့ပိုးေပးႏုိင္တာက အနည္းဆံုးတန္ ၅၀၀ ေလာက္ကေနစၿပီးေရာင္းမယ္လုိ႔ သေဘာတူခဲ့ပါတယ္” ဟုခ်င္းေတာင္ရတနာကုမၸဏီဖြဲ႔စည္းရာတြင္ ဦးေဆာင္သူေဒၚစႏၵာမ်ိဳးကေျပာသည္။

swg

ဝဥေျခာက္တင္ပို႔ရန္ သေဘာတူညီခဲ့ၿပီး ဝဥေစ်းႏႈန္းမွာအမ်ိဳးမ်ိဳးေျပာင္းလဲေနသည့္အတြက္ မည္သည့္ ေစ်းႏႈန္းျဖင့္ ေရာင္းခ်ရန္ ေစ်းႏႈန္းသတ္မွတ္ျခင္းမရွိေသးဘဲ ေအာက္တိုဘာလမွသာအရည္အေသြးအလုိက္ ေစ်းႏႈန္းသတ္မွတ္ၿပီးေရာင္းခ်သြားမည္ျဖစ္ေၾကာင္း ၎က ဆက္ေျပာသည္။

တရုတ္ႏုိင္ငံတြင္ ဝဥကို ၾကက္ဥေခ်ာင္း၊ က်န္းမာေရးဓာတ္စာ၊ ေခါက္ဆြဲ၊ စက္မႈကုန္ၾကမ္းအျဖစ္ အမ်ိဳးမ်ိဳး အသံုးျပဳၾကေၾကာင္း သိရသည္။

eh

ယခင္ကခ်င္းျပည္နယ္ကထြက္ရွိသည့္ဝဥမ်ားကို မႏၱေလးၿမိဳ႕သို႔တင္ပို႔ၿပီး ထုိမွတစ္ဆင့္ကုန္သည္မ်ားက တရုတ္ႏုိင္ငံသို႔ ေရာင္းခ်ခဲ့ရေၾကာင္း သိရသည္။

ခ်မ္းၿငိမ္း(အကုန္သိသတင္းဌာန)

Unicode Version

 

ချင်းပြည်နယ်မှထွက်ရှိသည့် ဝဥခြောက်တန်ချိန် ၅၀၀ ကိုတရုတ်နိုင်ငံသို့တင်ပို့မည်

ချင်းပြည်နယ်မှထွက်ရှိသည့် ဝဥခြောက်တန်ချိန် ၅၀၀ ကိုတရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့နိုင်ရန် သဘောလက်မှတ်ရေးထိုးထားပြီဖြစ်ကြောင်းသိရသည်။

ချင်းတောင်ရတနာကုမ္ပဏီအနေဖြင့် တရုတ်နိုင်ငံကူမင်းမြို့ရှိတရုတ်ပြည်၏ အကြီးဆုံးဝဥကုမ္ပဏီတစ်ခုနှင့် ဇွန်လ ၁၂ ရက်က နားလည်မှုသဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ လက်မှတ်ရေးထိုးတာကတော့ အရောင်းအဝယ်ပဲမဟုတ်ဘူး။ နည်းပညာပူးပေါင်းဖို့လည်းပါတယ်။ သုတေသန ကိစ္စတွေလည်းပါတယ်။ တရုတ်ဈေးကွက်မှာတော့ ဝဥခြောက်တန်ချိန် တစ်သိန်းခွဲလိုတာပေါ့။ မြန်မာဘက်က ဝဥခြောက်ကိုအရည်အသွေးကောင်းမယ်ဆိုရင် အရည်အသွေးအလိုက်တန် ၁၀၀၀ ကျော်ဆိုရင်လည်း လိုချင်တယ်။ ချင်းကတောင်သူတွေ ပံ့ပိုးပေးနိုင်တာက အနည်းဆုံးတန် ၅၀၀ လောက်ကနေစပြီးရောင်းမယ်လို့ သဘောတူခဲ့ပါတယ်” ဟုချင်းတောင်ရတနာကုမ္ပဏီဖွဲ့စည်းရာတွင် ဦးဆောင်သူဒေါ်စန္ဒာမျိုးကပြောသည်။

ဝဥခြောက်တင်ပို့ရန် သဘောတူညီခဲ့ပြီး ဝဥဈေးနှုန်းမှာအမျိုးမျိုးပြောင်းလဲနေသည့်အတွက် မည်သည့် ဈေးနှုန်းဖြင့် ရောင်းချရန် ဈေးနှုန်းသတ်မှတ်ခြင်းမရှိသေးဘဲ အောက်တိုဘာလမှသာအရည်အသွေးအလိုက် ဈေးနှုန်းသတ်မှတ်ပြီးရောင်းချသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

တရုတ်နိုင်ငံတွင် ဝဥကို ကြက်ဥချောင်း၊ ကျန်းမာရေးဓာတ်စာ၊ ခေါက်ဆွဲ၊ စက်မှုကုန်ကြမ်းအဖြစ် အမျိုးမျိုး အသုံးပြုကြကြောင်း သိရသည်။

ယခင်ကချင်းပြည်နယ်ကထွက်ရှိသည့်ဝဥများကို မန္တလေးမြို့သို့တင်ပို့ပြီး ထိုမှတစ်ဆင့်ကုန်သည်များက တရုတ်နိုင်ငံသို့ ရောင်းချခဲ့ရကြောင်း သိရသည်။

ချမ်းငြိမ်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။