Skip to main content
swgw
Ads Block
             ရဲတပ်ဖွဲ့ နဲ့ ရေငုပ်သမားအဖွဲ့ ဟာ ၄င်း ပြကွက် ပြသခဲ့တဲ့ ရေပြင်တ၀ိုက် ပိုက်စိပ်တိုက်ရှာဖွေ ခဲ့ကြပေမယ့် တနင်္ဂနွေနေ့  ညနေပိုင်းအထိ မျက်လှည့်ဆရာကို ရှာမတွေ့ ဘဲ ဖြစ်နေခဲ့ပါတယ်။ မစ္စတာ လာ့ခ်ျဟီရီရဲ့ အလောင်းကို ရှာမတွေ့ မချင်းတော့ သူ သေဆုံးသွားပြီလို့  ထုတ်ပြန်ဦးမှာမဟုတ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့ပါတယ်။
           မျက်လှည့်ပြကွက်အတွက် ဘာကြောင့် အသက်နဲ့ ရင်းရသလဲလို့  ၄င်း ရေအောက်မဆင်းမီ ဓါတ်ပုံဆရာတစ်ယောက်က မေးခဲ့ရာမှာ သူ့ လုပ်ရပ် မှန်ကန်တယ်ဆိုရင် မျက်လှည့်ပြကွက်ဖြစ်မှာဖြစ်ပြီး သူ့ လုပ်ရပ် မှားယွင်းခဲ့ရင်တော့ ပူဆွေးစရာပြကွက်ဖြစ်လိမ့်မယ်လို့  မစ္စတာ လာ့ခ်ျဟီလီက ပြန်လည်ပြောဆို ခဲ့ကြောင်း သိရပါတယ်။
BBC
Unicode Version
လက်၊ ခြေတွေကို သံကြိုးနဲ့တုပ် သော့ခတ်ကာ မြစ်ထဲငုပ်ပြခဲ့တဲ့ အိန္ဒိယမျက်လှည့်ပညာရှင်တစ်ဦး ရေအောက်က ပြန်ပေါ်မလာနိုင်ဖြစ်နေ
            လက်တွေ ခြေတွေကို သံကြိုးတစ်ချောင်းနဲ့ပတ်တုပ် သော့ခတ်ကာ မြစ်ထဲကို ခုန်ဆင်းပြီး ပြန်ပေါ်ထွက်လာမယ့် ပြကွက်ကို ပြသခဲ့တဲ့ အိန္ဒိယ မျက်လှည့်ပညာရှင်တစ်ဦး ရေအောက်က ပြန်ပေါ် မလာနိုင်ဖြစ်နေကာ အသက်ဆုံးရှုံးမယ့်အရေး စိုးရိမ်နေရကြောင်း သိရပါတယ်။
          ချန်ချဲလ် လာ့ချ်ဟီရီအမည်ရ မျက်လှည့်ပညာရှင်ဟာ အနှောင်အဖွဲ့ကို ဖြည်ကာ ဘေးကင်းကင်း လွတ်မြောက်လာမယ်လို့ တထစ်ချတွက်ထားကြပေမယ့် အနောက်ဘင်ဂေါပြည်နယ် ဟူဂလီမြစ်ကြမ်းပြင် ကနေ ပြန်ပေါ်မလာခဲ့တော့ပါဘူး။ တနင်္ဂနွေနေ့က ၎င်းကို ရေအောက်နှစ်မြှုပ်ပေးတဲ့ ပြကွက်ကို လူများစွာ လာရောက်ကြည့်ရှုခဲ့ကြသလို ရဲတွေကိုလည်း အသိပေးထားခဲ့ပါတယ်။ အခုအခါ ရေအောက်က ပြန်ပေါ် မလာတဲ့ မျက်လှည့်ဆရာကို လိုက်လံရှာဖွေနေကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
           မန်းဒရိတ်လို့လည်း လူသိများတဲ့ မစ္စတာ လာ့ချ်ဟီရီကို လှေတစ်စင်းပေါ်ကနေ ရေအောက်မြှုပ်ပေး ခဲ့တာဖြစ်ပါတယ်။ သံကြိုးတစ်ချောင်း၊ သော့ ခြောက်လုံး သုံးကာ ချည်တုပ်ထားတဲ့ ၎င်းရဲ့ ရေအောက်က ပြန်ပေါ်လာခြင်းပြကွက်ကို လှေနှစ်စင်းပေါ်ကနေ စောင့်ကြည့်ခဲ့ကြပါတယ်။ ဒါ့အပြင် ကမ်းခြေနဲ့ ကိုလ်ကတ္တာမြို့ရဲ့ အထင်ကရ တံတားပေါ်ကနေလည်း လူများစွာ စုဝေးကြည့်ရှုခဲ့ကြတာပါ။
             ရဲတပ်ဖွဲ့နဲ့ရေငုပ်သမားအဖွဲ့ဟာ ၎င်း ပြကွက် ပြသခဲ့တဲ့ ရေပြင်တဝိုက် ပိုက်စိပ်တိုက်ရှာဖွေ ခဲ့ကြပေမယ့် တနင်္ဂနွေနေ့ ညနေပိုင်းအထိ မျက်လှည့်ဆရာကို ရှာမတွေ့ဘဲ ဖြစ်နေခဲ့ပါတယ်။ မစ္စတာ လာ့ချ်ဟီရီရဲ့ အလောင်းကို ရှာမတွေ့မချင်းတော့ သူ သေဆုံးသွားပြီလို့ ထုတ်ပြန်ဦးမှာမဟုတ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့ပါတယ်။
           မျက်လှည့်ပြကွက်အတွက် ဘာကြောင့် အသက်နဲ့ရင်းရသလဲလို့ ၎င်း ရေအောက်မဆင်းမီ ဓါတ်ပုံဆရာတစ်ယောက်က မေးခဲ့ရာမှာ သူ့ လုပ်ရပ် မှန်ကန်တယ်ဆိုရင် မျက်လှည့်ပြကွက်ဖြစ်မှာဖြစ်ပြီး သူ့လုပ်ရပ် မှားယွင်းခဲ့ရင်တော့ ပူဆွေးစရာပြကွက်ဖြစ်လိမ့်မယ်လို့ မစ္စတာ လာ့ချ်ဟီလီက ပြန်လည်ပြောဆို ခဲ့ကြောင်း သိရပါတယ်။
BBC
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။