Skip to main content
wg
Ads Block

အိႏၵိယတြင္ ဆရာဝန္မ်ား သပိတ္ထပ္ေမွာက္၊ ေဆး႐ုံတြင္း အၾကမ္းဖက္ရန္ျပဳမႈကုိ ေထာင္ ၇ ႏွစ္နဲ႔ အထက္ ျပစ္ဒဏ္သတ္မွတ္ရန္ အေရးဆုိ

 

အိႏၵိယမွာ ေဆး႐ုံတြင္း အၾကမ္းဖက္တုိက္ခုိက္ခံရမႈေဘးရန္ကုိ အစိုးရအေနျဖင့္ ကုိင္တြယ္ ေျဖရွင္းေပးဖို႔ အေရးဆုိေနတဲ့ ဆရာဝန္ေတြဟာ ဇြန္လ ၁၇ ရက္ေန႔မွာေတာ့ ဒုတိယအႀကိမ္ ႏုိင္ငံအဆင့္ သပိတ္ထပ္ေမွာက္ၾကၿပီ ျဖစ္ပါတယ္။

 

ယခုတစ္ေခါက္ဟာလည္း ဇြန္ ၁၄ ရက္ေန႔ကအတိုင္း တစ္ရက္သပိတ္သာျဖစ္ေၾကာင္း ၊ အေရးေပၚက်န္းမာေရးဝန္ေဆာင္မႈမ်ားမွအပ က်န္ဝန္ေဆာင္မႈမ်ားအားလုံး ရပ္ဆုိင္းထားေၾကာင္း သိရၿပီး ဆရာဝန္အင္အား ေသာင္းဂဏန္းပါဝင္ေၾကာင္း ခန္႔မွန္းရပါတယ္။

 

အိႏၵိယဆရာဝန္မ်ားအဖြဲ႕ (IMA) ကေတာ့ ယခင္အပတ္မွာျဖစ္ပြားခဲ့တဲ့ ေဆး႐ုံတြင္း အၾကမ္းဖက္ ရန္ျပဳမႈနဲ႔ ပတ္သက္ၿပီး အေျခခံအေဆာက္အအုံမ်ား ခ်ိဳ႕တဲ့ညံ့ဖ်င္းျခင္း၊ ဝန္ထမ္းအင္အား မလုံေလာက္ျခင္းတုိ႔အျပင္ ဆရာဝန္ေတြအေပၚ လူနာေတြ ေမွ်ာ္လင့္အထင္ႀကီးလြန္းေနျခင္းကိုလည္း ျပစ္တင္႐ႈတ္ခ်ခဲ့ပါတယ္။

 

ဒါ့ျပင္ ထုိသုိ႔ အၾကမ္းဖက္မႈျဖစ္ရပ္ေတြမွာ က်ဴးလြန္သူအတြက္ ျပစ္ဒဏ္ကုိ ေထာင္ဒဏ္အနည္းဆုံး ၇ ႏွစ္အျဖစ္ တုိးႁမွင့္သတ္မွတ္ေပးဖို႔ လုံျခဳံေရးကင္မရာမ်ား တပ္ဆင္ေပးဖို႔စသျဖင့္ IMA က ေတာင္းဆုိ ထားပါတယ္။

 

ယခင္အပတ္တုန္းက အေနာက္ဘန္ေဂါျပည္နယ္ အစုိးရေဆး႐ုံတစ္ခုမွာ ေသဆုံးခဲ့ရတဲ့ လူနာတစ္ဦး အတြက္ အငယ္တန္းဆရာဝန္ ၃ ဦးကုိ လူနာရွင္မိသားစုေတြက ဝုိင္း႐ုိက္ႏွက္ခဲ့ၾကပါတယ္။ ထုိျဖစ္ရပ္ အတြက္ ျပည္နယ္တြင္းဆရာဝန္ေတြက ဇြန္ ၁၄ ရက္ေန႔မွာ စတင္သပိတ္ေမွာက္ခဲ့ၾကပါတယ္။

 

၄င္းသပိတ္နဲ႔စပ္လ်ဥ္းၿပီး ရဲသားေတြဆုိလွ်င္ လုပ္ေဖာ္ကုိင္ဖက္ေသလွ်င္ေတာင္ သပိတ္ မေမွာက္ေၾကာင္း၊ အငယ္တန္းဆရာဝန္ေတြ သပိတ္မလွန္လွ်င္ အေဆာင္မွ ထုတ္ပယ္ မည္ျဖစ္ေၾကာင္း ျပည္နယ္ဝန္ႀကီးခ်ဳပ္က ေျပာလုိက္ရာ သပိတ္မီးဟာ တစ္ႏုိင္ငံလုံးသုိ႔ ပ်ံ႕သြားခဲ့ပါတယ္။

 

အဆုိပါ လုပ္ငန္းခြင္ဆုိင္ရာ ေတာင္းဆုိခ်က္ေတြအတြက္ အေနာက္ဘန္ေဂါဆရာဝန္ေတြနဲ႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္တုိ႔ ဇြန္ ၁၇ ရက္ေန႔မွာ ေတြ႕ဆုံၫွိႏႈိင္းမည္ျဖစ္ေၾကာင္း သိရပါတယ္။

 

လူဦးေရ သန္း ၁,၃၀၀ ေက်ာ္ရွိတဲ့ အိႏၵိယဟာ က်န္းမာေရးက႑အတြက္ GDP ရဲ႕ ၂ ရာခုိင္ႏႈန္း ေအာက္ကုိသာ သုံးစြဲတဲ့အတြက္ ႏႈန္းထားအရဆုိလွ်င္ ဗင္နီဇြဲလားနဲ႔ အီရတ္ထက္ေတာင္ နည္းပါးေနပါ ေသးတယ္။

 

(Ref : APF, thehindubussinessline)

 

Unicode Version

အိန္ဒိယတွင် ဆရာဝန်များ သပိတ်ထပ်မှောက်၊ ဆေးရုံတွင်း အကြမ်းဖက်ရန်ပြုမှုကို ထောင် ၇ နှစ်နဲ့ အထက် ပြစ်ဒဏ်သတ်မှတ်ရန် အရေးဆို

 

အိန္ဒိယမှာ ဆေးရုံတွင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုဘေးရန်ကို အစိုးရအနေဖြင့် ကိုင်တွယ် ဖြေရှင်းပေးဖို့ အရေးဆိုနေတဲ့ ဆရာဝန်တွေဟာ ဇွန်လ ၁၇ ရက်နေ့မှာတော့ ဒုတိယအကြိမ် နိုင်ငံအဆင့် သပိတ်ထပ်မှောက်ကြပြီ ဖြစ်ပါတယ်။

 

ယခုတစ်ခေါက်ဟာလည်း ဇွန် ၁၄ ရက်နေ့ကအတိုင်း တစ်ရက်သပိတ်သာဖြစ်ကြောင်း ၊ အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုများမှအပ ကျန်ဝန်ဆောင်မှုများအားလုံး ရပ်ဆိုင်းထားကြောင်း သိရပြီး ဆရာဝန်အင်အား သောင်းဂဏန်းပါဝင်ကြောင်း ခန့်မှန်းရပါတယ်။

 

အိန္ဒိယဆရာဝန်များအဖွဲ့ (IMA) ကတော့ ယခင်အပတ်မှာဖြစ်ပွားခဲ့တဲ့ ဆေးရုံတွင်း အကြမ်းဖက် ရန်ပြုမှုနဲ့ ပတ်သက်ပြီး အခြေခံအဆောက်အအုံများ ချို့တဲ့ညံ့ဖျင်းခြင်း၊ ဝန်ထမ်းအင်အား မလုံလောက်ခြင်းတို့အပြင် ဆရာဝန်တွေအပေါ် လူနာတွေ မျှော်လင့်အထင်ကြီးလွန်းနေခြင်းကိုလည်း ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

 

ဒါ့ပြင် ထိုသို့ အကြမ်းဖက်မှုဖြစ်ရပ်တွေမှာ ကျူးလွန်သူအတွက် ပြစ်ဒဏ်ကို ထောင်ဒဏ်အနည်းဆုံး ၇ နှစ်အဖြစ် တိုးမြှင့်သတ်မှတ်ပေးဖို့ လုံခြုံရေးကင်မရာများ တပ်ဆင်ပေးဖို့စသဖြင့် IMA က တောင်းဆို ထားပါတယ်။

 

ယခင်အပတ်တုန်းက အနောက်ဘန်ဂေါပြည်နယ် အစိုးရဆေးရုံတစ်ခုမှာ သေဆုံးခဲ့ရတဲ့ လူနာတစ်ဦး အတွက် အငယ်တန်းဆရာဝန် ၃ ဦးကို လူနာရှင်မိသားစုတွေက ဝိုင်းရိုက်နှက်ခဲ့ကြပါတယ်။ ထိုဖြစ်ရပ် အတွက် ပြည်နယ်တွင်းဆရာဝန်တွေက ဇွန် ၁၄ ရက်နေ့မှာ စတင်သပိတ်မှောက်ခဲ့ကြပါတယ်။

 

၎င်းသပိတ်နဲ့စပ်လျဉ်းပြီး ရဲသားတွေဆိုလျှင် လုပ်ဖော်ကိုင်ဖက်သေလျှင်တောင် သပိတ် မမှောက်ကြောင်း၊ အငယ်တန်းဆရာဝန်တွေ သပိတ်မလှန်လျှင် အဆောင်မှ ထုတ်ပယ် မည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ပြောလိုက်ရာ သပိတ်မီးဟာ တစ်နိုင်ငံလုံးသို့ ပျံ့သွားခဲ့ပါတယ်။

 

အဆိုပါ လုပ်ငန်းခွင်ဆိုင်ရာ တောင်းဆိုချက်တွေအတွက် အနောက်ဘန်ဂေါဆရာဝန်တွေနဲ့ ပြည်နယ်ဝန်ကြီးချုပ်တို့ ဇွန် ၁၇ ရက်နေ့မှာ တွေ့ဆုံညှိနှိုင်းမည်ဖြစ်ကြောင်း သိရပါတယ်။

 

လူဦးရေ သန်း ၁,၃၀၀ ကျော်ရှိတဲ့ အိန္ဒိယဟာ ကျန်းမာရေးကဏ္ဍအတွက် GDP ရဲ့ ၂ ရာခိုင်နှုန်း အောက်ကိုသာ သုံးစွဲတဲ့အတွက် နှုန်းထားအရဆိုလျှင် ဗင်နီဇွဲလားနဲ့ အီရတ်ထက်တောင် နည်းပါးနေပါ သေးတယ်။

 

(Ref : APF, thehindubussinessline)

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။