Skip to main content
bwgw
Ads Block

ခ်င္းမုိင္ မာဆတ္တစ္ခုမွာ ရုိက္ကူးထားတဲ့ အျပာကားထြက္လာတာေၾကာင့္ ေဒသခံေတြ ေဒါသထြက္

 

              ေဒသတြင္းက မာဆတ္တစ္ခုမွာ ရုိက္ကူးထားတဲ့ အျပာဗီဒီယုိကား ထြက္ရွိလာတဲ့အေပၚ ခ်င္းမုိင္ေဒသခံအခ်ဳိ ့ေဒါသတႀကီး ျပစ္တင္ေ၀ဖန္မႈေတြ လုပ္ခဲ့ၾကပါတယ္။

           “Thai VIP Massage” လုိ ့ အမည္ေပးထားတဲ့ ယင္းဗီဒီယုိကားကုိ ThaiSwinger.com က တင္ဆက္ထားတာလုိ ့ ေဖာ္ျပထားပါတယ္။ ႏုိင္ငံေျမာက္ပုိင္းၿမိဳ႕မွာ ရုိက္ကူးထားတဲ့ ယင္း အျပာဇာတ္ကား နဲ ့ပတ္သက္ၿပီး စုံစမ္းစစ္ေဆးေပးဖုိ ့ ေဒသခံ လူမႈကြန္ရက္သုံးသူေတြက ရဲတပ္ဖြဲ ့ကုိ ေတာင္းဆုိခဲ့ပါတယ္။ ယင္း ဇာတ္ကားမွာ ၿမိဳ ့တြင္းက ေနရာမ်ားစြာကုိလည္း ထည့္သြင္းရုိက္ကူးထားတယ္လုိ ့ ဆုိပါတယ္။

               ဇာတ္ကြက္အရ Loi Kroh လမ္းအနီး တည္ရွိတဲ့ ထုိင္း မာဆတ္ဆုိင္ကုိ အေနာက္တုိင္းသား ခရီးသြား အမ်ဳိးသားတစ္ဦး ေရာက္ရွိလာခဲ့တာနဲ ့ အစျပဳထားပါတယ္။ ယင္း အမ်ဳိးသားကုိ ရုိးရာ၀တ္စုံ ၀တ္ထားတဲ့ အမ်ဳိးသမီးတစ္ဦးက ဧည့္၀တ္ႀကိဳခဲ့ပါတယ္။ ယင္းေနာက္ သူမဟာ ဧည့္သည္ကုိ ရုိးရာ အႏွိပ္ပညာနဲ ့ စတင္ ႏွိပ္နယ္ေပးခဲ့ပါတယ္။ ဒါေပမဲ့ ေနာက္ပုိင္းမွာ သူမရဲ႕ လက္လႈပ္ရွားမႈေတြက လိင္ပုိင္း ဆုိင္ရာ ႏႈိးဆြမႈဘက္ပါလာၿပီး ေရွ ့ဆက္ ဘာေတြျဖစ္ကုန္တယ္ဆုိတာေတာ့ စာရႈသူေတြ ေတြးဆၾကဖုိ ့ သတင္းမွာ ေဖာ္ျပထားပါတယ္။

           ရဲတပ္ဖြဲ ့ကေတာ့ ဗီဒီယုိကားနဲ ့ပတ္သက္ၿပီး တရား၀င္ သတင္းေပးတုိင္ၾကားသူမရွိေသးေၾကာင္း ဒါေပမဲ့လည္း ၄င္းတုိ ့အေနနဲ ့ တင္ကူး စုံစမ္းစစ္ေဆးမႈေတြလုပ္ေနေၾကာင္း ေျပာဆုိခဲ့ပါတယ္။

           ဒီဇာတ္ကားဟာ ေျမာက္ပုိင္းေန ထုိင္းလူမ်ဳိးေတြနဲ ့ခ်င္းမုိင္ၿမိဳ႕ရဲ႕ ေကာင္းမြန္တဲ့ နာမည္ ဂုဏ္ သတင္းကုိ အမည္းစက္ထင္ေစမွာျဖစ္ေၾကာင္း ယင္း ဇာတ္ကားရုိက္ကးခဲ့မႈအေပၚ မေက်နပ္တဲ့ အခ်ဳိ ့ေဒသခံ ေတြက ေျပာဆုိခဲ့ပါတယ္။ ဒါ့အျပင္ ထုိင္း မာဆတ္ေတြနဲ ့ပတ္သက္ၿပီး လူေတြအၾကား လြဲမွားတဲ့ အျမင္ေတြ ရရွိသြားႏုိင္ေၾကာင္းလည္း ၄င္းတုိ ့က ဆုိခဲ့ပါတယ္။

The Nation

 

Unicode Version

ချင်းမိုင် မာဆတ်တစ်ခုမှာ ရိုက်ကူးထားတဲ့ အပြာကားထွက်လာတာကြောင့် ဒေသခံတွေ ဒေါသထွက်

 

              ဒေသတွင်းက မာဆတ်တစ်ခုမှာ ရိုက်ကူးထားတဲ့ အပြာဗီဒီယိုကား ထွက်ရှိလာတဲ့အပေါ် ချင်းမိုင်ဒေသခံအချို့ဒေါသတကြီး ပြစ်တင်ဝေဖန်မှုတွေ လုပ်ခဲ့ကြပါတယ်။

           “Thai VIP Massage” လို့ အမည်ပေးထားတဲ့ ယင်းဗီဒီယိုကားကို ThaiSwinger.com က တင်ဆက်ထားတာလို့ ဖော်ပြထားပါတယ်။ နိုင်ငံမြောက်ပိုင်းမြို့မှာ ရိုက်ကူးထားတဲ့ ယင်း အပြာဇာတ်ကား နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးဖို့ ဒေသခံ လူမှုကွန်ရက်သုံးသူတွေက ရဲတပ်ဖွဲ့ကို တောင်းဆိုခဲ့ပါတယ်။ ယင်း ဇာတ်ကားမှာ မြို့တွင်းက နေရာများစွာကိုလည်း ထည့်သွင်းရိုက်ကူးထားတယ်လို့ ဆိုပါတယ်။

               ဇာတ်ကွက်အရ Loi Kroh လမ်းအနီး တည်ရှိတဲ့ ထိုင်း မာဆတ်ဆိုင်ကို အနောက်တိုင်းသား ခရီးသွား အမျိုးသားတစ်ဦး ရောက်ရှိလာခဲ့တာနဲ့ အစပြုထားပါတယ်။ ယင်း အမျိုးသားကို ရိုးရာဝတ်စုံ ဝတ်ထားတဲ့ အမျိုးသမီးတစ်ဦးက ဧည့်ဝတ်ကြိုခဲ့ပါတယ်။ ယင်းနောက် သူမဟာ ဧည့်သည်ကို ရိုးရာ အနှိပ်ပညာနဲ့ စတင် နှိပ်နယ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူမရဲ့ လက်လှုပ်ရှားမှုတွေက လိင်ပိုင်း ဆိုင်ရာ နှိုးဆွမှုဘက်ပါလာပြီး ရှေ့ဆက် ဘာတွေဖြစ်ကုန်တယ်ဆိုတာတော့ စာရှုသူတွေ တွေးဆကြဖို့ သတင်းမှာ ဖော်ပြထားပါတယ်။

           ရဲတပ်ဖွဲ့ကတော့ ဗီဒီယိုကားနဲ့ပတ်သက်ပြီး တရားဝင် သတင်းပေးတိုင်ကြားသူမရှိသေးကြောင်း ဒါပေမဲ့လည်း ၎င်းတို့အနေနဲ့ တင်ကူး စုံစမ်းစစ်ဆေးမှုတွေလုပ်နေကြောင်း ပြောဆိုခဲ့ပါတယ်။

           ဒီဇာတ်ကားဟာ မြောက်ပိုင်းနေ ထိုင်းလူမျိုးတွေနဲ့ချင်းမိုင်မြို့ရဲ့ ကောင်းမွန်တဲ့ နာမည် ဂုဏ် သတင်းကို အမည်းစက်ထင်စေမှာဖြစ်ကြောင်း ယင်း ဇာတ်ကားရိုက်ကးခဲ့မှုအပေါ် မကျေနပ်တဲ့ အချို့ဒေသခံ တွေက ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ထိုင်း မာဆတ်တွေနဲ့ပတ်သက်ပြီး လူတွေအကြား လွဲမှားတဲ့ အမြင်တွေ ရရှိသွားနိုင်ကြောင်းလည်း ၎င်းတို့က ဆိုခဲ့ပါတယ်။

The Nation

            

 

            

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။