Skip to main content
hewwe
Ads Block

တညင္းကုန္းေစ်းသစ္သို႔ ေျပာင္းေရႊ႕ရန္ ေစ်းသည္ ၁၀၈၇ ဦးက်န္ရွိေနေသးဟု ဆို

 
 
 
 
တညင္းကုန္းေစ်းေဟာင္းမွ ေစ်းသစ္သို႔ ေစ်းသည္ ၁၀၈၇ ဦးေျပာင္းေရႊ႕ရန္ က်န္ရွိေနေသာေၾကာင့္ ေစ်းသစ္ တည္ေဆာက္ေရးလုပ္ငန္း တတိယပိုင္းကို ေဆာင္ရြက္ႏုိင္ျခင္းမရွိေသးေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီမွတြဲဖက္အတြင္းေရးမွဴး ဦးသန္းက ေျပာသည္။
ehw
 
 
ရန္ကုန္ၿမိဳ႕ေတာ္ခန္းမတြင္ ဇြန္လ ၁၇ ရက္ကက်င္းပသည့္ တညင္းကုန္းေစ်းသစ္သို႔ ေစ်းသည္မ်ား ေျပာင္းေရႊ႕ေနရာခ်ထားျခင္းသတင္းစာရွင္းလင္းပြဲတြင္ အထက္ပါအတိုင္း ေျပာျခင္းျဖစ္သည္။
“ အခုဟာက ေစ်းေဟာင္းေနရာမွာ ေစ်းသစ္ရဲ႕ တည္ေဆာက္မႈတတိယပိုင္းကို မစႏုိင္ေသးတာက အဲဒီေစ်းေဟာင္းေနရာမွာ ေရာင္းခ်ေနတဲ့ေစ်းသည္ ၁၀၈၇ ဦးက ေစ်းသစ္ကိုမေျပာင္းေသးတဲ့အတြက္ လုပ္ငန္းက ႀကန္႔ၾကာေနပါတယ္။ အစိုးရအဖြဲ႕ကလည္း လာမယ့္ ၂၀ ရက္ေန႔ကို အၿပီးဖယ္ရွားေပးဖို႔ ညႊန္ႀကားထားတာ ျဖစ္ပါတယ္” ဟု ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွ တြဲဖက္အတြင္းေရးမွဴး ဦးသန္းက ေျပာသည္။
 
sehe
 
ေစ်းသည္မ်ားႏွင့္ ဆိုင္ခန္းေစ်းႏႈန္း ညွိႏႈိင္းမႈကိုလည္း ၄ ႀကိမ္အထိ ျပဳလုပ္ခဲ႔ျပီး အသက္သာဆံုး ေစ်းႏႈန္းအေနအထားကို ညွိႏႈိင္းခဲ့ေႀကာင္း သိရသည္။
 
“ ေစ်းသည္ေတြနဲ႕ ဆိုင္ခန္းက ညွိႏႈိင္းမႈဆိုရင္ ၅ ေပဆိုင္ခန္းကို ၁၅၀၀၀ က်ပ္အထိ ေလွ်ာ့ေပးခဲ့ၿပီး ကၽြန္ေတာ္တို႔ ၄ ႀကိမ္ညွိႏႈိင္းခဲ့ၿပီး ၅ ႏွစ္အတြင္းမွာ ေစ်းႏႈန္းေတြကို ေလွ်ာ့ၿပီးေပးထားပါတယ္။ သူတို႔ ေျပာင္းေရႊ႕တဲ့အခါမွာလည္း ေစ်းမ်ားဌာနရဲ႕အကူအညီနဲ႕ေျပာင္းေရႊ႕ႏုိင္မွာ ျဖစ္ပါတယ္” ဟု ဦးသန္းက ဆက္ေျပာသည္။
 
တညင္းကုန္းေစ်းသစ္တြင္ ၿပီးခဲ့သည့္ ၂၀၁၇ ခုႏွစ္၊ ဧၿပီလမွစတင္ကာ ဆိုင္ခန္းမ်ားကို ျပန္လည္ခြင့္ျပဳခဲ့ရာ ေစ်းသည္အားလံုး၏ ၃ ပံု ၁ ပံုခန္႔သာ ေစ်းသစ္သို႔ေျပာင္းေရႊ႕ေရာင္းခ်ေနၿပီး က်န္ေစ်းသည္အမ်ားစုမွာ ဘူတာေစ်းတြင္သာ ေရာင္းခ်ေနေၾကာင္း သိရသည္။
 
တညင္းကုန္းေစ်းသစ္တြင္ ဆိုင္ခန္းေပါင္း ၁၉၀၀ ေက်ာ္ရွိၿပီး ဆိုင္ခန္းတစ္ခန္းငွားခမွာ တစ္လလွ်င္ က်ပ္ ၅၀၀၀၀ မွ က်ပ္ ၂ သိန္းေက်ာ္နီးပါးခန္႔ရွိေၾကာင္း သိရသည္။
 
ထက္ေဝလင္း(အကုန္သိသတင္းဌာန)
 
Unicode Version
 

တညင်းကုန်းဈေးသစ်သို့ ပြောင်းရွှေ့ရန် ဈေးသည် ၁၀၈၇ ဦးကျန်ရှိနေသေးဟု ဆို


တညင်းကုန်းဈေးဟောင်းမှ ဈေးသစ်သို့ ဈေးသည် ၁၀၈၇ ဦးပြောင်းရွှေ့ရန် ကျန်ရှိနေသောကြောင့် ဈေးသစ် တည်ဆောက်ရေးလုပ်ငန်း တတိယပိုင်းကို ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှတွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောသည်။

ရန်ကုန်မြို့တော်ခန်းမတွင် ဇွန်လ ၁၇ ရက်ကကျင်းပသည့် တညင်းကုန်းဈေးသစ်သို့ ဈေးသည်များ ပြောင်းရွှေ့နေရာချထားခြင်းသတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောခြင်းဖြစ်သည်။
“ အခုဟာက ဈေးဟောင်းနေရာမှာ ဈေးသစ်ရဲ့ တည်ဆောက်မှုတတိယပိုင်းကို မစနိုင်သေးတာက အဲဒီဈေးဟောင်းနေရာမှာ ရောင်းချနေတဲ့ဈေးသည် ၁၀၈၇ ဦးက ဈေးသစ်ကိုမပြောင်းသေးတဲ့အတွက် လုပ်ငန်းက ကြန့်ကြာနေပါတယ်။ အစိုးရအဖွဲ့ကလည်း လာမယ့် ၂၀ ရက်နေ့ကို အပြီးဖယ်ရှားပေးဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်” ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောသည်။

ဈေးသည်များနှင့် ဆိုင်ခန်းဈေးနှုန်း ညှိနှိုင်းမှုကိုလည်း ၄ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး အသက်သာဆုံး ဈေးနှုန်းအနေအထားကို ညှိနှိုင်းခဲ့ကြောင်း သိရသည်။

“ ဈေးသည်တွေနဲ့ ဆိုင်ခန်းက ညှိနှိုင်းမှုဆိုရင် ၅ ပေဆိုင်ခန်းကို ၁၅၀၀၀ ကျပ်အထိ လျှော့ပေးခဲ့ပြီး ကျွန်တော်တို့ ၄ ကြိမ်ညှိနှိုင်းခဲ့ပြီး ၅ နှစ်အတွင်းမှာ ဈေးနှုန်းတွေကို လျှော့ပြီးပေးထားပါတယ်။ သူတို့ ပြောင်းရွှေ့တဲ့အခါမှာလည်း ဈေးများဌာနရဲ့အကူအညီနဲ့ပြောင်းရွှေ့နိုင်မှာ ဖြစ်ပါတယ်” ဟု ဦးသန်းက ဆက်ပြောသည်။

တညင်းကုန်းဈေးသစ်တွင် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဧပြီလမှစတင်ကာ ဆိုင်ခန်းများကို ပြန်လည်ခွင့်ပြုခဲ့ရာ ဈေးသည်အားလုံး၏ ၃ ပုံ ၁ ပုံခန့်သာ ဈေးသစ်သို့ပြောင်းရွှေ့ရောင်းချနေပြီး ကျန်ဈေးသည်အများစုမှာ ဘူတာဈေးတွင်သာ ရောင်းချနေကြောင်း သိရသည်။

တညင်းကုန်းဈေးသစ်တွင် ဆိုင်ခန်းပေါင်း ၁၉၀၀ ကျော်ရှိပြီး ဆိုင်ခန်းတစ်ခန်းငှားခမှာ တစ်လလျှင် ကျပ် ၅၀၀၀၀ မှ ကျပ် ၂ သိန်းကျော်နီးပါးခန့်ရှိကြောင်း သိရသည်။


ထက်ဝေလင်း(အကုန်သိသတင်းဌာန)

 

 

 
 
အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။