Skip to main content
GWGW
Ads Block

ျပည္ခုိင္ၿဖိဳးပါတီအား လြန္ၾကဴးစြာတုိက္ခုိက္ေျပာဆုိမႈမ်ားကို တရားစြဲဆုိသြားမည္ဟု ဦးသိန္းထြန္းဦးေျပာ

 

ပါတီအား တိုက္ခိုက္ေျပာဆိုမႈမ်ားကို အတတ္ႏုိင္ဆံုးသည္းခံၿပီး လြန္လာပါက တရားစြဲဆိုသြားမည္ဟု ျပည္ေထာင္စုၾကံ႕ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ ေျပာေရးဆုိခြင့္ရွိသူဦးသိန္းထြန္းဦးက ေျပာသည္။

ဇြန္လ ၁၇ ရက္၌ အကုန္သိသတင္းဌာန၏ ဆက္သြယ္ေမးျမန္းမႈအေပၚ ယခုကဲ့သို႔ေျဖၾကားေပးျခင္း ျဖစ္သည္။

“ ျပည္ခုိင္ၿဖဳိးပါတီက တုိက္ခုိက္ေျပာဆုိတာမ်ိဳးမရွိေပမဲ့ တစ္ဖက္ကေန တစ္ေန႔တစ္မ်ိဳး၊ တစ္ေယာက္တစ္မ်ိဳး မရုိးရေအာင္ ေရြးေကာက္ပြဲနီးလာတာနဲ႔အမွ် ပုဂၢဳိလ္ေရးတုိက္ခုိက္တာေတြ ေျပာဆုိတာေတြရွိပါတယ္။ ဒါေတြကေတာ့ အတတ္ႏုိင္ဆုံးသည္းခံပါတယ္။ ဒါထက္လြန္လာရင္ တရားစြဲဆုိမွာပါ။ ဇာနည္တိုက္ဆုိလည္း ကြ်န္ေတာ္တုိ႔ အမႈဖြင့္တရားစြဲဆုိထားတာပါပဲ။ ဒါေပမဲ့ သူကေနာက္ account တစ္ခုထပ္သုံးေနတယ္။ ဒီလုိရွိတယ္’’ ဟု ျပည္ေထာင္စုၾကံ႕ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ ေျပာေရးဆုိခြင့္ရွိသူဦးသိန္းထြန္းဦးက ေျပာသည္။

လာမည့္ ၂၀၂၀ ေရြးေကာက္ပြဲအတြက္ ျပည္ခုိင္ၿဖိဳးပါတီမွ ျပင္ဆင္ေဆာင္ရြက္မႈမ်ားရွိေနၿပီး လတ္ရွိတြင္ လြတ္လပ္စြာေျပာဆုိမႈမ်ားအေပၚ ဦးတည္၍ ပုဂၢဳိလ္ေရးတုိက္ခုိက္မႈမ်ားရွိေနေၾကာင္း ျပည္ခုိင္ၿဖိဳးပါတီမွ သိရသည္။

လက္ရွိတြင္ ၂၀၂၀ ေရြးေကာက္ပြဲကုိ တရားမွ်တ၍လြတ္လပ္စြာျဖစ္ေပၚလာေရးအာမခံေၾကာင္း ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္မွအဖြဲ႔၀င္ ဦးျမင့္ႏုိင္ကလည္းေျပာၾကားထားသည္။

မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

ပြည်ခိုင်ဖြိုးပါတီအား လွန်ကြူးစွာတိုက်ခိုက်ပြောဆိုမှုများကို တရားစွဲဆိုသွားမည်ဟု ဦးသိန်းထွန်းဦးပြော

ပါတီအား တိုက်ခိုက်ပြောဆိုမှုများကို အတတ်နိုင်ဆုံးသည်းခံပြီး လွန်လာပါက တရားစွဲဆိုသွားမည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူဦးသိန်းထွန်းဦးက ပြောသည်။

ဇွန်လ ၁၇ ရက်၌ အကုန်သိသတင်းဌာန၏ ဆက်သွယ်မေးမြန်းမှုအပေါ် ယခုကဲ့သို့ဖြေကြားပေးခြင်း ဖြစ်သည်။

“ ပြည်ခိုင်ဖြိုးပါတီက တိုက်ခိုက်ပြောဆိုတာမျိုးမရှိပေမဲ့ တစ်ဖက်ကနေ တစ်နေ့တစ်မျိုး၊ တစ်ယောက်တစ်မျိုး မရိုးရအောင် ရွေးကောက်ပွဲနီးလာတာနဲ့အမျှ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာတွေ ပြောဆိုတာတွေရှိပါတယ်။ ဒါတွေကတော့ အတတ်နိုင်ဆုံးသည်းခံပါတယ်။ ဒါထက်လွန်လာရင် တရားစွဲဆိုမှာပါ။ ဇာနည်တိုက်ဆိုလည်း ကျွန်တော်တို့ အမှုဖွင့်တရားစွဲဆိုထားတာပါပဲ။ ဒါပေမဲ့ သူကနောက် account တစ်ခုထပ်သုံးနေတယ်။ ဒီလိုရှိတယ်’’ ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူဦးသိန်းထွန်းဦးက ပြောသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြည်ခိုင်ဖြိုးပါတီမှ ပြင်ဆင်ဆောင်ရွက်မှုများရှိနေပြီး လတ်ရှိတွင် လွတ်လပ်စွာပြောဆိုမှုများအပေါ် ဦးတည်၍ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများရှိနေကြောင်း ပြည်ခိုင်ဖြိုးပါတီမှ သိရသည်။

လက်ရှိတွင် ၂၀၂၀ ရွေးကောက်ပွဲကို တရားမျှတ၍လွတ်လပ်စွာဖြစ်ပေါ်လာရေးအာမခံကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှအဖွဲ့ဝင် ဦးမြင့်နိုင်ကလည်းပြောကြားထားသည်။

မင်းသီဟန်(အကုန်သိသတင်းဌာန)

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။