Skip to main content
bhwsg
Ads Block

အသင္းလိုက္ကစားတတ္သည့္ ကစားသမားမ်ားသာအလိုရွိဟု ျမန္မာႏုိင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္ ဥကၠ႒ ေျပာ

 

ျမန္မာ့လက္ေရြးစင္ေဘာလံုးအသင္းမ်ားတြင္ ကစားသမားေရြးခ်ယ္ရာ၌ တစ္ဦးခ်င္းစြမ္းေဆာင္ရည္ ေကာင္းမြန္ေသာကစားသမားထက္ အသင္းလုိက္ကစားတတ္သူမ်ားကို အလိုရွိေၾကာင္း ျမန္မာႏုိင္ငံ ေဘာလံုးအဖြဲ႕ခ်ဳပ္ဥကၠ႒ ဦးေဇာ္ေဇာ္က ေျပာလိုက္သည္။

djza

ျမန္မာႏုိင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္အစည္းအေ၀းခန္းမတြင္ ဇြန္လ(၁၀)ရက္က မီဒီယာမ်ား၏ေမးျမန္းမႈကို အထက္ပါအတိုင္းျပန္လည္ေျဖၾကားလိုက္ျခင္းျဖစ္သည္။

“ကၽြန္ေတာ္တို႔က ေဘာလံုးအသင္းတစ္သင္းကတစ္ေယာက္တည္း ကစားလို႔ရတဲ့ေနရာမဟုတ္ပါဘူး၊ တစ္ေယာက္တည္းနဲ႔လည္း အသင္းကေကာင္းတာမဟုတ္ဘူး။ အဲဒီေတာ့ ကၽြန္ေတာ္တို႔က တစ္ဦးခ်င္းေကာင္းတဲ့ကစားသမားထက္ အသင္းလိုက္ စုစုစည္းစည္းနဲ႔ကစားတတ္တဲ့၊ ေနာက္ၿပီး နည္းျပဆရာရဲ႕ နည္းစနစ္အတိုင္းလိုက္လုပ္ႏုိ္္င္တဲ့ကစားသမားကိုပဲ ကၽြန္ေတာ္တို႔အသင္းေတြအတြက္ အလိုရွိပါေတာ့တယ္” ဟု ျမန္မာႏုိင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္ဥကၠ႒ ဦးေဇာ္ေဇာ္က ေျပာသည္။

We

လက္ရွိကစားသမားမ်ား၏ ၿပိဳင္ပြဲအတြင္းယွဥ္ၿပိဳင္ႏုိင္မႈစြမ္းရည္မွာ က်ဆင္းေနသည္ဟုပရိတ္သတ္မ်ား၏ ေ၀ဖန္မႈမ်ား ရွိေနသည္။

“ကၽြန္ေတာ္တို႔ကေတာ့ တစ္ဦးခ်င္းစြမ္းရည္လည္းေကာင္းေအာင္လုပ္မယ္၊ ၿပိဳင္ပြဲမွာ နည္းျပဆရာ ေျပာတဲ့အတိုင္း အသင္းလိုက္စုစည္းကစားမယ္၊ အခုလည္းအေကာင္းဆံုးေလ့က်င့္ေနတာပါ”ဟု ျမန္မာယူ ၁၈အသင္းမွ ကြင္းလယ္ကစားသမားေနလင္းထက္က ေျပာသည္။

vwsgw

ျမန္မာလက္ေရြးစင္ ေဘာလံုးအသင္းမ်ားအတြက္ လက္ေရြးစင္ကစားသမားမ်ားကိုေရြးခ်ယ္ရာတြင္ သက္ဆိုင္ရာ အသင္း၏ နည္းျပခ်ဳပ္မွ ျပည္တြင္းၿပိဳင္ပြဲမ်ားယွဥ္ၿပိဳင္ကစားမႈမ်ားကိုလိုက္လံၾကည့္ရႈေရြးခ်ယ္ျခင္း ျဖစ္ၿပီး ျမန္မာႏုိင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္၏နည္းစနစ္အဖြဲ႕ႏွင့္ တိုင္ပင္ေရြးခ်ယ္ေၾကာင္းလည္း သိရသည္။

 

ထက္ေ၀လင္း(အကုန္သိသတင္းဌာန)

 

Unicode Version

အသင်းလိုက်ကစားတတ်သည့် ကစားသမားများသာအလိုရှိဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြော

 

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းများတွင် ကစားသမားရွေးချယ်ရာ၌ တစ်ဦးချင်းစွမ်းဆောင်ရည် ကောင်းမွန်သောကစားသမားထက် အသင်းလိုက်ကစားတတ်သူများကို အလိုရှိကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောလိုက်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အစည်းအဝေးခန်းမတွင် ဇွန်လ(၁၀)ရက်က မီဒီယာများ၏မေးမြန်းမှုကို အထက်ပါအတိုင်းပြန်လည်ဖြေကြားလိုက်ခြင်းဖြစ်သည်။

“ကျွန်တော်တို့က ဘောလုံးအသင်းတစ်သင်းကတစ်ယောက်တည်း ကစားလို့ရတဲ့နေရာမဟုတ်ပါဘူး၊ တစ်ယောက်တည်းနဲ့လည်း အသင်းကကောင်းတာမဟုတ်ဘူး။ အဲဒီတော့ ကျွန်တော်တို့က တစ်ဦးချင်းကောင်းတဲ့ကစားသမားထက် အသင်းလိုက် စုစုစည်းစည်းနဲ့ကစားတတ်တဲ့၊ နောက်ပြီး နည်းပြဆရာရဲ့ နည်းစနစ်အတိုင်းလိုက်လုပ်နို်င်တဲ့ကစားသမားကိုပဲ ကျွန်တော်တို့အသင်းတွေအတွက် အလိုရှိပါတော့တယ်” ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောသည်။

လက်ရှိကစားသမားများ၏ ပြိုင်ပွဲအတွင်းယှဉ်ပြိုင်နိုင်မှုစွမ်းရည်မှာ ကျဆင်းနေသည်ဟုပရိတ်သတ်များ၏ ဝေဖန်မှုများ ရှိနေသည်။

“ကျွန်တော်တို့ကတော့ တစ်ဦးချင်းစွမ်းရည်လည်းကောင်းအောင်လုပ်မယ်၊ ပြိုင်ပွဲမှာ နည်းပြဆရာ ပြောတဲ့အတိုင်း အသင်းလိုက်စုစည်းကစားမယ်၊ အခုလည်းအကောင်းဆုံးလေ့ကျင့်နေတာပါ”ဟု မြန်မာယူ ၁၈အသင်းမှ ကွင်းလယ်ကစားသမားနေလင်းထက်က ပြောသည်။

မြန်မာလက်ရွေးစင် ဘောလုံးအသင်းများအတွက် လက်ရွေးစင်ကစားသမားများကိုရွေးချယ်ရာတွင် သက်ဆိုင်ရာ အသင်း၏ နည်းပြချုပ်မှ ပြည်တွင်းပြိုင်ပွဲများယှဉ်ပြိုင်ကစားမှုများကိုလိုက်လံကြည့်ရှုရွေးချယ်ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏နည်းစနစ်အဖွဲ့နှင့် တိုင်ပင်ရွေးချယ်ကြောင်းလည်း သိရသည်။

 ထက်ဝေလင်း(အကုန်သိသတင်းဌာန)

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။