Skip to main content
GWSGYWG
Ads Block

၂၀၀၈ ဖြဲ႕စည္းပံုကို ပယ္ဖ်က္/ျပင္ဆင္/အသစ္ျဖည့္စြက္ရန္အခ်က္မ်ား အၿပီးသတ္စုစည္းၿပီးၿပီဟု ဆို

 

၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒအနက္ ပယ္ဖ်က္ရန္ ၊ျပင္ဆင္ရန္၊ အသစ္ျဖည့္စြက္ရန္အခ်က္မ်ားအၿပီးသတ္ စုစည္းေဆာင္ရြက္ၿပီးစီးေၾကာင္း ျပည္ေထာင္စုလႊတ္ေတာ္ ဥပေဒၾကမ္းပူးေပါင္းေကာ္မတီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။

hwe

ဇြန္လဒုတိယပတ္ေက်ာ္အတြင္း ျပည္ေထာင္စုလႊတ္ေတာ္ ဥပေဒၾကမ္းပူးေပါင္းေကာ္မတီ၏ Facebook စာမ်က္နွာတြင္ ထုတ္ျပန္ထားခ်က္အရသိရွိရျခင္း ျဖစ္သည္။ 

ထုတ္ျပန္ခ်က္အရဖြဲ႕စည္းပုံအေျခခံဥပေဒ(၂၀၀၈ ခုႏွစ္) အခန္း (၁) မွ အခန္း (၁၅) အထိႏွင့္ ေနာက္ဆက္တြဲ ဇယား- ၁ မွ ဇယား- ၅ တို႔ အေပၚတြင္ ေလ့လာသုံးသပ္၍ ပူးေပါင္းေကာ္မတီသို႔တင္ျပခဲ့သည့္ ပယ္ဖ်က္ရန္၊ ျပင္ဆင္ရန္၊ အသစ္ျဖည့္စြက္ရန္ႏွင့္ မူလအတိုင္းထားရွိရန္ အဆိုျပဳတင္ျပခ်က္မ်ားကိုအၿပီးသတ္ စုစည္းေဆာင္႐ြက္ၿပီးျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

“အရင္ပထမအႀကိမ္ ျပင္ဆင္တုန္းက တစ္တုိင္းျပည္လုံးကအဖြဲ႔အစည္းေတြ၊ လူပုဂၢဳိလ္ေတြ အႀကံျပဳခ်က္ကုိ ယူတယ္ဗ်။ အခုက ၄၅ ဦးေကာ္မတီက သူ႔ဘာသာအခ်ိဳးက်ဆုိၿပီးလုပ္တယ္။ ဒီေတာ့ ပထမအႀကိမ္ကေလာက္ က်ယ္က်ယ္ျပန္႔ျပန္႔ျဖစ္မယ္လုိ႔ေတာ့မထင္ဘူး။ ေနာက္ၿပီးဒီဥပေဒၾကမ္းေကာ္မတီကုိက ဥပေဒနဲ႔ညီညြတ္စြာ ဖြဲ႔ထားတာမဟုတ္ဘူးေလ။ တစ္ဆင့္ေက်ာ္ထားတယ္။အဲဒီေတာ့ ထြက္ေပၚလာတဲ့အခါက်မွပဲ သုံးသပ္ေျပာဆုိလုိ႔ ရမယ္’’ဟု ျပည္ခုိင္ၿဖဳိးပါတီမွ ေျပာေရးဆုိခြင့္ရွိသူဦးသိန္းထြန္းဦးကေျပာသည္။

aVAQ

၂၀၀၈ ခုႏွစ္ဖြဲ႔စည္းပုံအေျခခံဥပေဒကုိျပင္ဆင္ရန္ ၂၀၁၉ ခုနွစ္၊ ဇန္န၀ါရီလ ၂၉ ရက္က ျပည္ေထာင္စု လႊတ္ေတာ္တြင္ အေရးႀကီးအဆုိအျဖစ္ NLD ပါတီမွ အမ်ိဳးသားလႊတ္ေတာ္ကုိယ္စားလွယ္ ဦးေအာင္ၾကည္ညြန္႔မွ တင္သြင္းခဲ့ျခင္းျဖစ္သည္။

၄င္းေနာက္ ျပည္ေထာင္စုလႊတ္ေတာ္မွ အခ်ိဳးက်ျဖင့္ ကုိယ္စားလွယ္မ်ားကုိစုဖြဲ႔ကာ ဥပေဒၾကမ္းပူးေပါင္း ေကာ္မတီ ဖြဲ႔စည္းခဲ့ျခင္းျဖစ္သည္။

မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

 

၂၀၀၈ ဖွဲ့စည်းပုံကို ပယ်ဖျက်/ပြင်ဆင်/အသစ်ဖြည့်စွက်ရန်အချက်များ အပြီးသတ်စုစည်းပြီးပြီဟု ဆို

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအနက် ပယ်ဖျက်ရန် ၊ပြင်ဆင်ရန်၊ အသစ်ဖြည့်စွက်ရန်အချက်များအပြီးသတ် စုစည်းဆောင်ရွက်ပြီးစီးကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇွန်လဒုတိယပတ်ကျော်အတွင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ Facebook စာမျက်နှာတွင် ထုတ်ပြန်ထားချက်အရသိရှိရခြင်း ဖြစ်သည်။

ထုတ်ပြန်ချက်အရဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) အခန်း (၁) မှ အခန်း (၁၅) အထိနှင့် နောက်ဆက်တွဲ ဇယား- ၁ မှ ဇယား- ၅ တို့ အပေါ်တွင် လေ့လာသုံးသပ်၍ ပူးပေါင်းကော်မတီသို့တင်ပြခဲ့သည့် ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ အသစ်ဖြည့်စွက်ရန်နှင့် မူလအတိုင်းထားရှိရန် အဆိုပြုတင်ပြချက်များကိုအပြီးသတ် စုစည်းဆောင်ရွက်ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

“အရင်ပထမအကြိမ် ပြင်ဆင်တုန်းက တစ်တိုင်းပြည်လုံးကအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ အကြံပြုချက်ကို ယူတယ်ဗျ။ အခုက ၄၅ ဦးကော်မတီက သူ့ဘာသာအချိုးကျဆိုပြီးလုပ်တယ်။ ဒီတော့ ပထမအကြိမ်ကလောက် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်မယ်လို့တော့မထင်ဘူး။ နောက်ပြီးဒီဥပဒေကြမ်းကော်မတီကိုက ဥပဒေနဲ့ညီညွတ်စွာ ဖွဲ့ထားတာမဟုတ်ဘူးလေ။ တစ်ဆင့်ကျော်ထားတယ်။အဲဒီတော့ ထွက်ပေါ်လာတဲ့အခါကျမှပဲ သုံးသပ်ပြောဆိုလို့ ရမယ်’’ဟု ပြည်ခိုင်ဖြိုးပါတီမှ ပြောရေးဆိုခွင့်ရှိသူဦးသိန်းထွန်းဦးကပြောသည်။

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်က ပြည်ထောင်စု လွှတ်တော်တွင် အရေးကြီးအဆိုအဖြစ် NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်မှ တင်သွင်းခဲ့ခြင်းဖြစ်သည်။

၎င်းနောက် ပြည်ထောင်စုလွှတ်တော်မှ အချိုးကျဖြင့် ကိုယ်စားလှယ်များကိုစုဖွဲ့ကာ ဥပဒေကြမ်းပူးပေါင်း ကော်မတီ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

မင်းသီဟန်(အကုန်သိသတင်းဌာန)

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။