Skip to main content
ghwqegf
Ads Block

ေတြ႔ဆံုပြဲတိုင္းတြင္ေျပာခဲ့ေသာစကားမ်ားမွာ ႏိုုင္ငံ၏ျပႆနာမ်ားကို ေ၀ဖန္ေထာက္ျပျခင္းျဖစ္ဟု ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ဆို

 

ေတြ႕ဆံုပြဲတိုင္းတြင္ ေျပာၾကားခဲ့ေသာစကားမ်ားမွာ ျမန္မာႏိုုင္ငံ၏ျပႆနာမ်ားကို ေ၀ဖန္ေထာက္ျပျခင္း ျဖစ္ေၾကာင္း ျပည္ေထာင္စု ႀကံ႕ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီဥကၠ႒ ဦးသန္းေဌးက ေျပာသည္။

ရန္ကုန္ၿမိဳ႕၊ ေက်ာက္တန္းၿမိဳ႕နယ္တြင္ ဇြန္လ ၁၇ ရက္ကက်င္းပေသာလူထုေတြ႕ဆံုပြဲတြင္ အထက္ပါအတိ္ုင္း ေျပာျခင္းျဖစ္သည္။

agqa

 

“ကၽြန္ေတာ္တို႔ အခုေျပာေနတဲ့စကားေတြ၊ ေတြ႕ဆံုပြဲေတြမွာေျပာခဲ့တဲ့ စကားေတြဟာ ဒီႏုိင္ငံရဲ႕ျဖစ္ပ်က္ေနတဲ့ ျပႆနာေတြကို ေ၀ဖန္ေထာက္ျပေနတာပါ။ ဒါေတြကိုအခုေရာက္ေနတဲ့သူေတြကနားေထာင္လိုက္ၾကရုံနဲ႕ မၿပီးၾကပါနဲ႔။ နားနဲ႔နားေထာင္လိုက္တဲ့အဆင့္ကေန ကိုယ့္ရဲ႕ရပ္ရြာကိုေရာက္ရင္ အမ်ားျပည္သူေတြသိေအာင္ ျပန္ေျပာၾကပါ၊ ဒီလိုလုပ္ဖို႔ကအရမ္းကိုအေရးႀကီးပါတယ္။ ဒါေတြကတစ္ႏုိင္ငံလံုး၊ လူမ်ိဳးတစ္ခုလံုးနဲ႕ သက္ဆိုင္ပါတယ္။ ကိုယ့္ကိစၥမဟုတ္တဲ့အတိုင္းလက္ပိုက္ၾကည္မေနၾကပါနဲ႔” ဟု ျပည္ေထာင္စုႀကံ႕ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီဥကၠ႒ ဦးသန္းေဌးက ေျပာသည္။

ASV

ယေန႔လူထုေတြ႕ဆံုပြဲတြင္ ျပည္ေထာင္စုလႊတ္ေတာ္မွ ျပ႒ာန္းလိုက္သည့္ ကေလးသူငယ္အခြင့္အေရး ေစာင့္ေရွာက္ေရးဥပေဒကို ျပင္ဆင္ေပးေရးအတြက္ သေဘာထားထုတ္ျပန္ခ်က္ကိုပါ ရွင္းလင္းခဲ့ၾကေသးသည္။

ျပည္ေထာင္စုႀကံ႕ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီသည္ ၿပီးခဲ့သည့္ ၂၀၁၀ ခုႏွစ္၊ ေရြးေကာက္ပြဲတြင္ အႏုိင္ရရွိၿပီး ၂၀၁၅ ခုႏွစ္အေထြေထြေရြးေကာက္ပြဲတြင္ ရႈံးနိမ့္ခဲ့ျခင္းျဖစ္သည္။

ထက္ေ၀လင္း(အကုန္သိသတင္းဌာန)

 

Unicode Version

တွေ့ဆုံပွဲတိုင်းတွင်ပြောခဲ့သောစကားများမှာ နိုင်ငံ၏ပြဿနာများကို ဝေဖန်ထောက်ပြခြင်းဖြစ်ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဆို

တွေ့ဆုံပွဲတိုင်းတွင် ပြောကြားခဲ့သောစကားများမှာ မြန်မာနိုင်ငံ၏ပြဿနာများကို ဝေဖန်ထောက်ပြခြင်း ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။

ရန်ကုန်မြို့၊ ကျောက်တန်းမြို့နယ်တွင် ဇွန်လ ၁၇ ရက်ကကျင်းပသောလူထုတွေ့ဆုံပွဲတွင် အထက်ပါအတိုင်း ပြောခြင်းဖြစ်သည်။

“ကျွန်တော်တို့ အခုပြောနေတဲ့စကားတွေ၊ တွေ့ဆုံပွဲတွေမှာပြောခဲ့တဲ့ စကားတွေဟာ ဒီနိုင်ငံရဲ့ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို ဝေဖန်ထောက်ပြနေတာပါ။ ဒါတွေကိုအခုရောက်နေတဲ့သူတွေကနားထောင်လိုက်ကြရုံနဲ့ မပြီးကြပါနဲ့။ နားနဲ့နားထောင်လိုက်တဲ့အဆင့်ကနေ ကိုယ့်ရဲ့ရပ်ရွာကိုရောက်ရင် အများပြည်သူတွေသိအောင် ပြန်ပြောကြပါ၊ ဒီလိုလုပ်ဖို့ကအရမ်းကိုအရေးကြီးပါတယ်။ ဒါတွေကတစ်နိုင်ငံလုံး၊ လူမျိုးတစ်ခုလုံးနဲ့ သက်ဆိုင်ပါတယ်။ ကိုယ့်ကိစ္စမဟုတ်တဲ့အတိုင်းလက်ပိုက်ကြည်မနေကြပါနဲ့” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။

ယနေ့လူထုတွေ့ဆုံပွဲတွင် ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းလိုက်သည့် ကလေးသူငယ်အခွင့်အရေး စောင့်ရှောက်ရေးဥပဒေကို ပြင်ဆင်ပေးရေးအတွက် သဘောထားထုတ်ပြန်ချက်ကိုပါ ရှင်းလင်းခဲ့ကြသေးသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်၊ ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ထက်ဝေလင်း(အကုန်သိသတင်းဌာန)

 

 

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။