Skip to main content
qafq
Ads Block

အေထာက္အထားမဲ့ ေရႊ ့ေျပာင္း ၈၀၀ နီးပါးကုိ မကၠဆီကုိ အာဏာပုိင္မ်ား ဖမ္းဆီး

 
 
 မကၠဆီကုိ တာ၀န္ရွိသူေတြဟာ စေနေန ့က အေထာက္အထားမဲ့ ေရႊ ့ေျပာင္း၀င္ေရာက္သူ ၈၀၀ နီးပါးကုိ ဖမ္းဆီးလုိက္ေၾကာင္း သိရပါတယ္။ ဒါ ၿပီးခဲ့တဲ့လအနည္းငယ္အတြင္း တရားမ၀င္ ေရႊ ့ေျပာင္း ၀င္ေရာက္မႈေတြကုိ ႏွိမ္နင္းေနမႈမွာ ပမာဏအမ်ားဆုံး ဖမ္းဆီးခဲ့မႈျဖစ္ေၾကာင္းနဲ ့ႏုိင္ငံေတာင္ပုိင္းနယ္စပ္မွာ အမ်ဳိးသားအေစာင့္တပ္ဖြဲ ့၀င္ေတြရဲ႕ ကင္းလွည့္ေစာင့္ၾကပ္မႈ အစီအစဥ္ စတင္ေနၿပီျဖစ္ေၾကာင္း အစုိးရက ေျပာဆုိခဲ့ပါတယ္။
vgweg
 
အေရွ ့ပိုင္းျပည္နယ္ ဗီရာခရုဇ္မွာ ထရပ္ကား ေလးစီးေပၚကေန ႏုိင္ငံျခားသား ၇၉၁ ဦးေတြ ့ရွိ ခဲ့တာျဖစ္ေၾကာင္း မကၠဆီကုိ အမ်ဳိးသား ေရႊ ့ေျပာင္းေနထုိင္မႈဆုိင္ရာ အင္စတီက်ဴ (INM) က စေနေန ့ အေႏွာင္းပုိင္းက ထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။
 
အေမရိကန္သမၼတ ေဒၚနယ္ထရန္ ့ရဲ႕ ဖိအားေပးမႈေၾကာင့္ အေမရိကန္နယ္စပ္ကုိ ဦးတည္လာတဲ့ ေရႊ ့ေျပာင္းအေျခခ်လူအုပ္ေတြ ေလွ်ာ့ခ်ႏုိင္ေရး မကၠဆီကုိ အစုိးရက အားထုတ္လာခဲ့ရာမွာ အခုလုိ အစုလုိက္ ဖမ္းဆီးမႈထြက္ေပၚလာတာပါ။ မကၠဆီကုိ အစုိးရအေနနဲ ့တရားမ၀င္ ေရႊ ့ေျပာင္း၀င္ေရာက္မႈျပႆနာကုိ ေျဖရွင္းဖုိ ့ပိုမုိအားစုိက္မႈမရွိပါက မကၠဆီကုိ ကုန္စည္ေတြအေပၚ အခြန္စည္းၾကပ္သြားမယ္လုိ ့ ထရန္ ့က အခုိင္အမာ ေျပာဆုိထားခဲ့ပါတယ္။
vgw
 
ယင္း ျပႆနာ ေျဖရွင္းေရး တစ္စိတ္တစ္ပုိင္းအျဖစ္ ဂြါတီမာလာႏုိင္ငံနဲ ့နယ္စပ္မွာ အမ်ဳိးသား အေစာင့္တပ္ဖြဲ ့၀င္ ၆၀၀၀ ခန္ ့ တပ္ျဖန္ ့ခ်ထားဖုိ ့ မကၠဆီကုိက ကတိျပဳခဲ့ပါတယ္။ အခြန္စည္းၾကပ္မႈကုိ ေရွာင္လႊဲႏုိင္ေရးအလုိ ့ငွာ အေမရိကန္နယ္စပ္ကုိ တရားမ၀င္ ၀င္ေရာက္ဖုိ ့ႀကိဳးစားတဲ့ လူဦးေရ ေလ်ာ့က် သြားၿပီဆုိတဲ့ လက္ေတြ ့လုပ္ေဆာင္ျပမႈမ်ဳိး ၄၅ ရက္တာ ကာလအတြင္း မကၠဆီကုိ အစုိးရက ျပသဖုိ ့ အေမရိကန္နဲ ့ မကၠဆီကုိ တာ၀န္ရွိသူေတြ သေဘာတူခဲ့ၾကပါတယ္။
 
ကုိလင္း(အကုန္သိ သတင္းဌာန)
 
Reuters
 
Unicode Version
 

အထောက်အထားမဲ့ ရွှေ့ပြောင်း ၈၀၀ နီးပါးကို မက္ကဆီကို အာဏာပိုင်များ ဖမ်းဆီး

 

မက္ကဆီကို တာဝန်ရှိသူတွေဟာ စနေနေ့က အထောက်အထားမဲ့ ရွှေ့ပြောင်းဝင်ရောက်သူ ၈၀၀ နီးပါးကို ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။ ဒါ ပြီးခဲ့တဲ့လအနည်းငယ်အတွင်း တရားမဝင် ရွှေ့ပြောင်း ဝင်ရောက်မှုတွေကို နှိမ်နင်းနေမှုမှာ ပမာဏအများဆုံး ဖမ်းဆီးခဲ့မှုဖြစ်ကြောင်းနဲ့နိုင်ငံတောင်ပိုင်းနယ်စပ်မှာ အမျိုးသားအစောင့်တပ်ဖွဲ့ဝင်တွေရဲ့ ကင်းလှည့်စောင့်ကြပ်မှု အစီအစဉ် စတင်နေပြီဖြစ်ကြောင်း အစိုးရက ပြောဆိုခဲ့ပါတယ်။

wsvgws

အရှေ့ပိုင်းပြည်နယ် ဗီရာခရုဇ်မှာ ထရပ်ကား လေးစီးပေါ်ကနေ နိုင်ငံခြားသား ၇၉၁ ဦးတွေ့ရှိ ခဲ့တာဖြစ်ကြောင်း မက္ကဆီကို အမျိုးသား ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ အင်စတီကျူ (INM) က စနေနေ့ အနှောင်းပိုင်းက ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ဖိအားပေးမှုကြောင့် အမေရိကန်နယ်စပ်ကို ဦးတည်လာတဲ့ ရွှေ့ပြောင်းအခြေချလူအုပ်တွေ လျှော့ချနိုင်ရေး မက္ကဆီကို အစိုးရက အားထုတ်လာခဲ့ရာမှာ အခုလို အစုလိုက် ဖမ်းဆီးမှုထွက်ပေါ်လာတာပါ။ မက္ကဆီကို အစိုးရအနေနဲ့တရားမဝင် ရွှေ့ပြောင်းဝင်ရောက်မှုပြဿနာကို ဖြေရှင်းဖို့ပိုမိုအားစိုက်မှုမရှိပါက မက္ကဆီကို ကုန်စည်တွေအပေါ် အခွန်စည်းကြပ်သွားမယ်လို့ ထရန့်က အခိုင်အမာ ပြောဆိုထားခဲ့ပါတယ်။

ယင်း ပြဿနာ ဖြေရှင်းရေး တစ်စိတ်တစ်ပိုင်းအဖြစ် ဂွါတီမာလာနိုင်ငံနဲ့နယ်စပ်မှာ အမျိုးသား အစောင့်တပ်ဖွဲ့ဝင် ၆၀၀၀ ခန့် တပ်ဖြန့်ချထားဖို့ မက္ကဆီကိုက ကတိပြုခဲ့ပါတယ်။ အခွန်စည်းကြပ်မှုကို ရှောင်လွှဲနိုင်ရေးအလို့ငှာ အမေရိကန်နယ်စပ်ကို တရားမဝင် ဝင်ရောက်ဖို့ကြိုးစားတဲ့ လူဦးရေ လျော့ကျ သွားပြီဆိုတဲ့ လက်တွေ့လုပ်ဆောင်ပြမှုမျိုး ၄၅ ရက်တာ ကာလအတွင်း မက္ကဆီကို အစိုးရက ပြသဖို့ အမေရိကန်နဲ့ မက္ကဆီကို တာဝန်ရှိသူတွေ သဘောတူခဲ့ကြပါတယ်။


ကိုလင်း(အကုန်သိ သတင်းဌာန)

Reuters

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။