Skip to main content
vgwqetgqw
Ads Block

ျပည္ၿမိဳ႕တြင္ NLD ပါတီ၀င္တစ္ဦး ဓားျဖင့္အထိုးခံရ

 
 
 
 
ပဲခူးတိုင္းေဒသႀကီး၊ ျပည္ၿမိဳ႕နယ္တြင္ NLD ပါတီ၀င္အမ်ိဳးသားတစ္ဦး ခိုက္ရန္ျဖစ္ပြားရာမွ ဓားျဖင့္ အထုိးခံရေၾကာင္း သိရသည္။
 
ျဖစ္စဥ္မွာ ျပည္ၿမိဳ႕၊ ဖုန္းမလင္းေက်းရြာအုပ္စု၊ နန္းရြာေက်းရြာရွိစာသင္ေက်ာင္းေရွ႕တြင္ ဇြန္လ ၁၆ ရက္၊ ည ၁၁ နာရီခန္႔က NLD ပါတီအဖြဲ႔၀င္ ကိုေက်ာ္ေက်ာ္ခိုင္(၄၀)ႏွစ္ႏွင့္ လူ ၃ ဦးတို႔ခိုက္ရန္ျဖစ္ပြားၾကရာမွ ကိုေက်ာ္ေက်ာ္ခုိင္မွာ ဓားျဖင့္အထုိးခံရၿပီး ၀မ္းဗိုက္ထိုးသြင္းဒဏ္ရာ(၂)ခ်က္တို႔ရရွိသြားသျဖင့္ ျပည္ၿမိဳ႕ေဆးရံုသို႔ ပို႔ေဆာင္ကာ အေရးေပၚခြဲစိတ္ေပးခဲ့ရေၾကာင္း သိရသည္။
 
“ အထိုးခံလိုက္ရတဲ့ေက်ာ္ေက်ာ္ခိုင္ဆိုတာက ကြ်န္ေတာ့္ညီပါ။ ခိုက္ရန္ျဖစ္ပြားတာလို႔ပဲ ကြ်န္ေတာ္တို႔သိရတယ္။ အခုေတာ့ျပစ္မႈက်ဴးလြန္သူေတြကိုရဲစခန္းကဖမ္းဆီးထားၿပီးၿပီလို႔ၾကားတယ္။ ဒဏ္ရာကျပင္းတယ္ဗ်။ ၀မ္းဗိုက္မွာထိုးသြင္းဒဏ္ရာႀကီး ၂ ခ်က္အပါအ၀င္အေပါက္ေသး ၃ ခုေလာက္လည္းေတြ႔တယ္” ဟု ျပည္ၿမိဳ႕၊ နန္းရြာေက်းရြာ NLD ပါတီဥကၠ႒ ကိုသန္းေဇာ္ကအကုန္သိသတင္းဌာနသို႔ ေျပာသည္။
 
ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ျပစ္မႈက်ဴးလြန္သူ ၃ ဦးကို ျပည္ၿမိဳ႕၊ အမွတ္(၁)နယ္ေျမရဲစခန္း၌ အမႈဖြင့္ရန္ စီစဥ္ေနေၾကာင္း သိရသည္။
 
ၿပီးခဲ့သည့္ ဇြန္လ ၁၀ ရက္၊ ေန႔လယ္ပိုင္းကလည္း ျပည္ၿမိဳ႕နယ္ NLD ပါတီၿမိဳ႕နယ္သတင္းျပန္ၾကားေရးတာ၀န္ခံ ဦးေက်ာ္ေက်ာ္ဥာဏ္၀င္း၏လည္ပင္းကို လူငယ္တစ္ဦးကဓားျဖင့္ထိုးသြင္းသြားသျဖင့္ ေဆးကုသမႈခံယူေနရဆဲ ျဖစ္ေၾကာင္း သိရသည္။
ဒါးဇ(အကုန္သိသတင္းဌာန)
 
Unicode Version

ပြည်မြို့တွင် NLD ပါတီဝင်တစ်ဦး ဓားဖြင့်အထိုးခံရ


ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် NLD ပါတီဝင်အမျိုးသားတစ်ဦး ခိုက်ရန်ဖြစ်ပွားရာမှ ဓားဖြင့် အထိုးခံရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြည်မြို့၊ ဖုန်းမလင်းကျေးရွာအုပ်စု၊ နန်းရွာကျေးရွာရှိစာသင်ကျောင်းရှေ့တွင် ဇွန်လ ၁၆ ရက်၊ ည ၁၁ နာရီခန့်က NLD ပါတီအဖွဲ့ဝင် ကိုကျော်ကျော်ခိုင်(၄၀)နှစ်နှင့် လူ ၃ ဦးတို့ခိုက်ရန်ဖြစ်ပွားကြရာမှ ကိုကျော်ကျော်ခိုင်မှာ ဓားဖြင့်အထိုးခံရပြီး ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ(၂)ချက်တို့ရရှိသွားသဖြင့် ပြည်မြို့ဆေးရုံသို့ ပို့ဆောင်ကာ အရေးပေါ်ခွဲစိတ်ပေးခဲ့ရကြောင်း သိရသည်။

“ အထိုးခံလိုက်ရတဲ့ကျော်ကျော်ခိုင်ဆိုတာက ကျွန်တော့်ညီပါ။ ခိုက်ရန်ဖြစ်ပွားတာလို့ပဲ ကျွန်တော်တို့သိရတယ်။ အခုတော့ပြစ်မှုကျူးလွန်သူတွေကိုရဲစခန်းကဖမ်းဆီးထားပြီးပြီလို့ကြားတယ်။ ဒဏ်ရာကပြင်းတယ်ဗျ။ ဝမ်းဗိုက်မှာထိုးသွင်းဒဏ်ရာကြီး ၂ ချက်အပါအဝင်အပေါက်သေး ၃ ခုလောက်လည်းတွေ့တယ်” ဟု ပြည်မြို့၊ နန်းရွာကျေးရွာ NLD ပါတီဥက္ကဋ္ဌ ကိုသန်းဇော်ကအကုန်သိသတင်းဌာနသို့ ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ပြစ်မှုကျူးလွန်သူ ၃ ဦးကို ပြည်မြို့၊ အမှတ်(၁)နယ်မြေရဲစခန်း၌ အမှုဖွင့်ရန် စီစဉ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်၊ နေ့လယ်ပိုင်းကလည်း ပြည်မြို့နယ် NLD ပါတီမြို့နယ်သတင်းပြန်ကြားရေးတာဝန်ခံ ဦးကျော်ကျော်ဉာဏ်ဝင်း၏လည်ပင်းကို လူငယ်တစ်ဦးကဓားဖြင့်ထိုးသွင်းသွားသဖြင့် ဆေးကုသမှုခံယူနေရဆဲ ဖြစ်ကြောင်း သိရသည်။


ဒါးဇ(အကုန်သိသတင်းဌာန)

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။