Skip to main content
ေပ့ါဘာ
Ads Block

မန္ယူတြင္သာ ဆက္ေနရန္ ကြင္းလယ္ကစားသမား ေပါ့ဂ္ဘာအား ေပရက္စ္ တိုက္တြန္း

မန္ယူအသင္းကြင္းလယ္ကစားသမား ေပါလ္ေပါ့ဂ္ဘာအား မန္ယူအသင္းတြင္သာ ဆက္လက္ကစားသြားရန္ ျပင္သစ္ႏွင့္ အာဆင္နယ္အသင္း ကြင္းလယ္တိုက္စစ္ကစားသမားေဟာင္း ေရာဘတ္ေပရက္စ္က တုိက္တြန္းေျပာဆုိလုိက္သည္။

အားကာ

ေပါဂ့္ဘာအေနျဖင့္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲတြင္ ၎၏ စြမ္းေဆာင္ႏုိင္မႈကို ျပသႏုိင္မည္ျဖစ္ေၾကာင္းႏွင့္ မန္ယူအသင္းက ၎အေပၚထားရွိသည့္ ယံုၾကည္မႈအတြက္ ျပန္လည္ေပးဆပ္ရန္လိုအပ္ေၾကာင္းလည္း ေပရက္စ္က ဆက္လက္ေျပာဆုိခဲ့သည္။ ျပင္သစ္ကစားသမားတစ္ဦးျဖစ္သူ ကြင္းလယ္ကစားသမား ေပါ့ဂ္ဘာသည္ ရီးရဲမက္ဒရစ္အသင္းက ယခုေႏြရာသီအတြင္း တြင္ ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၁၅၀ ျဖင့္ေခၚယူရန္ စိတ္၀င္စားျခင္းခံေနရသူျဖစ္ၿပီး ေပါ့ဂ္ဘာအေနျဖင့္ ရီးရဲသို႔ ေျပာင္း ေရႊ႕ခဲ့မည္ဆိုပါက တစ္ႏုိင္ငံတည္းသားျဖစ္သူ နည္းျပ ဇီဒန္း၏ လက္ေအာက္တြင္ ကစားခြင့္ရရွိမည္ျဖစ္သည္။ ကြင္းလယ္ကစားသမား ေပါ့ဂ္ဘာသည္ ယခုေႏြရာသီေစ်းကြက္ကာလအတြင္းတြင္ ရီးရဲမက္ဒရစ္အသင္းထံသုိ႔ ေျပာင္း ေရႊ႕လုိေၾကာင္း မန္ယူအသင္းတာ၀န္ရွိသူမ်ားကို အသိေပးေျပာဆုိထားသည္ဟု သတင္းမ်ား ထြက္ေပၚေနသူျဖစ္သည္။ ၂၀၀၀ ျပည့္ႏွစ္မွ ၂၀၀၆ ခုႏွစ္အထိ အာဆင္နယ္အသင္းတြင္ ပါ၀င္ကစားခဲ့သူ ေပရက္စ္က “ေပါ့ဂ္ဘာဟာ ပရီးမီးယား လိဂ္မွာ အေကာင္းဆံုးကစားႏုိင္စြမ္းရွိသူပါ။  ၿပီးခဲ့တဲ့ ေဘာလံုးရာသီက သူ႔အတြက္ အလြန္ခက္ခဲခဲ့တဲ့ ေဘာလံုးရာသိတစ္ ခုျဖစ္တယ္ဆိုတာကို ကၽြန္ေတာ္သိပါတယ္။ မန္ယူအသင္းဟာ အခုေႏြရာသီကစားသမားအေျပာင္းအေရႊ႕ေစ်းကြက္ ကာလအတြင္းတြင္မွ ေငြေၾကးအမ်ားအျပားသံုးစြဲၿပီး ကစားသမားသစ္ေတြ ေခၚယူလိိမ့္မယ္လုိ႔ ေျပာဆုိေနၾကတယ္။ ဒါက ေပါ့ဂ္ဘာအတြက္ ခက္ခဲမႈတစ္ခုျဖစ္လာႏုိင္တယ္။ ရီးရဲမက္ဒရစ္အသင္းနဲ႔ နည္းျပ ဇီဒန္းတို႔က ေပါ့ဂ္ဘာကို ေခၚယူဖို႔ စိတ္ ၀င္စားေနတယ္တယ္ဆုိတာကို ကၽြန္ေတာ္ သိပါတယ္။ ဒါေပမယ့္ ေပါ့ဂ္ဘာအတြက္ အေရးအႀကီးဆံုးက မန္ယူအသင္း မွာ ဆက္လက္ကစားေနဖုိ႔ပဲျဖစ္ပါတယ္။ မန္ယူအသင္းဟာ ကမၻာ့အေကာင္းဆံုးကလပ္ေတြအနက္က တစ္သင္းျဖစ္ပါ တယ္”ဟု ေျပာဆုိခဲ့သည္။ ဆက္လက္၍ ေပရက္စ္က “မန္ယူအသင္းဟာ လာမယ့္ေဘာလံုးရာသီမွာ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲသာ ကစားရမွာျဖစ္ပါတယ္။ ကစားသမားတုိင္းကေတာ့ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ကစားခ်င္ၾကတာပါပဲ။ ေပ့ါဂ္ဘာအတြက္ အေရးအႀကီးဆံုးက မန္ယူ အသင္းမွာပဲ ဆက္ရွိေနဖု႔ိျဖစ္ပါတယ္။ ကလပ္အသင္းတစ္သင္းက ကိုယ့္ကို ေျပာင္းေရႊ႕ေၾကးအမ်ားအျပားေပးေခ်ၿပီး ေခၚ ယူျခင္းက အဲဒီအသင္းအေနနဲ႔ ကိုယ့္အေပၚမွာ ယံုၾကည္မႈေပးခဲ့တာေၾကာင့္ျဖစ္ပါတယ္”ဟု ေျပာဆုိခဲ့သည္။

မန္ယူအသင္းသည္ ကြင္းလယ္ကစားသမား ေပါ့ဂ္ဘာအား ၂၀၁၆ ခုႏွစ္ ၾသဂုတ္လအတြင္း ဂ်ဴဗင္တပ္အသင္းထံမွ ေခၚယူခဲ့စဥ္က ေျပာင္းေရႊ႕ေၾကးအျဖစ္ ယူ႐ို ၁၀၅ သန္း ေပးေခ်ခဲ့ရၿပီး အဆိုပါ ေျပာင္းေရႊ႕ေၾကးသည္ ထုိစဥ္က ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးအျဖစ္ မွတ္တမ္း၀င္ခဲ့သည္။

Unicode Version

မန်ယူအသင်းကွင်းလယ်ကစားသမား ပေါလ်ပေါ့ဂ်ဘာအား မန်ယူအသင်းတွင်သာ ဆက်လက်ကစားသွားရန် ပြင်သစ်နှင့် အာဆင်နယ်အသင်း ကွင်းလယ်တိုက်စစ်ကစားသမားဟောင်း ရောဘတ်ပေရက်စ်က တိုက်တွန်းပြောဆိုလိုက်သည်။ ပေါဂ့်ဘာအနေဖြင့် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ၎င်း၏ စွမ်းဆောင်နိုင်မှုကို ပြသနိုင်မည်ဖြစ်ကြောင်းနှင့် မန်ယူအသင်းက ၎င်းအပေါ်ထားရှိသည့် ယုံကြည်မှုအတွက် ပြန်လည်ပေးဆပ်ရန်လိုအပ်ကြောင်းလည်း ပေရက်စ်က ဆက်လက်ပြောဆိုခဲ့ သည်။
ပြင်သစ်ကစားသမားတစ်ဦးဖြစ်သူ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာသည် ရီးရဲမက်ဒရစ်အသင်းက ယခုနွေရာသီအတွင်း တွင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၅၀ ဖြင့်ခေါ်ယူရန် စိတ်ဝင်စားခြင်းခံနေရသူဖြစ်ပြီး ပေါ့ဂ်ဘာအနေဖြင့် ရီးရဲသို့ ပြောင်း ရွှေ့ခဲ့မည်ဆိုပါက တစ်နိုင်ငံတည်းသားဖြစ်သူ နည်းပြ ဇီဒန်း၏ လက်အောက်တွင် ကစားခွင့်ရရှိမည်ဖြစ်သည်။ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာသည် ယခုနွေရာသီဈေးကွက်ကာလအတွင်းတွင် ရီးရဲမက်ဒရစ်အသင်းထံသို့ ပြောင်း ရွှေ့လိုကြောင်း မန်ယူအသင်းတာဝန်ရှိသူများကို အသိပေးပြောဆိုထားသည်ဟု သတင်းများ ထွက်ပေါ်နေသူဖြစ်သည်။
၂၀၀၀ ပြည့်နှစ်မှ ၂၀၀၆ ခုနှစ်အထိ အာဆင်နယ်အသင်းတွင် ပါဝင်ကစားခဲ့သူ ပေရက်စ်က “ပေါ့ဂ်ဘာဟာ ပရီးမီးယား လိဂ်မှာ အကောင်းဆုံးကစားနိုင်စွမ်းရှိသူပါ။  ပြီးခဲ့တဲ့ ဘောလုံးရာသီက သူ့အတွက် အလွန်ခက်ခဲခဲ့တဲ့ ဘောလုံးရာသိတစ် ခုဖြစ်တယ်ဆိုတာကို ကျွန်တော်သိပါတယ်။ မန်ယူအသင်းဟာ အခုနွေရာသီကစားသမားအပြောင်းအရွှေ့ဈေးကွက် ကာလအတွင်းတွင်မှ ငွေကြေးအများအပြားသုံးစွဲပြီး ကစားသမားသစ်တွေ ခေါ်ယူလိမ့်မယ်လို့ ပြောဆိုနေကြတယ်။ ဒါက ပေါ့ဂ်ဘာအတွက် ခက်ခဲမှုတစ်ခုဖြစ်လာနိုင်တယ်။ ရီးရဲမက်ဒရစ်အသင်းနဲ့ နည်းပြ ဇီဒန်းတို့က ပေါ့ဂ်ဘာကို ခေါ်ယူဖို့ စိတ် ဝင်စားနေတယ်တယ်ဆိုတာကို ကျွန်တော် သိပါတယ်။ ဒါပေမယ့် ပေါ့ဂ်ဘာအတွက် အရေးအကြီးဆုံးက မန်ယူအသင်း မှာ ဆက်လက်ကစားနေဖို့ပဲဖြစ်ပါတယ်။ မန်ယူအသင်းဟာ ကမ္ဘာ့အကောင်းဆုံးကလပ်တွေအနက်က တစ်သင်းဖြစ်ပါ တယ်”ဟု ပြောဆိုခဲ့သည်။
ဆက်လက်၍ ပေရက်စ်က “မန်ယူအသင်းဟာ လာမယ့်ဘောလုံးရာသီမှာ ယူရိုပါလိဂ်ပြိုင်ပွဲသာ ကစားရမှာဖြစ်ပါတယ်။ ကစားသမားတိုင်းကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကစားချင်ကြတာပါပဲ။ ပေ့ါဂ်ဘာအတွက် အရေးအကြီးဆုံးက မန်ယူ အသင်းမှာပဲ ဆက်ရှိနေဖု့ိဖြစ်ပါတယ်။ ကလပ်အသင်းတစ်သင်းက ကိုယ့်ကို ပြောင်းရွှေ့ကြေးအများအပြားပေးချေပြီး ခေါ် ယူခြင်းက အဲဒီအသင်းအနေနဲ့ ကိုယ့်အပေါ်မှာ ယုံကြည်မှုပေးခဲ့တာကြောင့်ဖြစ်ပါတယ်”ဟု ပြောဆိုခဲ့သည်။
မန်ယူအသင်းသည် ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာအား ၂၀၁၆ ခုနှစ် သြဂုတ်လအတွင်း ဂျူဗင်တပ်အသင်းထံမှ ခေါ်ယူခဲ့စဉ်က ပြောင်းရွှေ့ကြေးအဖြစ် ယူရို ၁၀၅ သန်း ပေးချေခဲ့ရပြီး အဆိုပါ ပြောင်းရွှေ့ကြေးသည် ထိုစဉ်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

   -  အကုန္သိသတင္းဌာန

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။