Skip to main content
အားကာ
Ads Block

ဂ်ပန္မက္ဆီဟု တင္စားခံေနရသည့္ လူငယ္တိုက္စစ္ကစားသမား တာကီဖူဆာကူဘိုအား ရီးရဲအသင္း ေခၚယူ

စပိန္ကလပ္ ရီးရဲမက္ဒရစ္အသင္းသည္ ဂ်ပန္လူငယ္တုိက္စစ္ကစားသမား တာကီဖူဆာကူဘိုအား ၿပီးခဲ့သည့္ ဇြန္လ ၁၄ ရက္ေန႔တြင္ ဂ်ပန္ကလပ္ အက္ဖ္စီတိုက်ိဳအသင္းထံမွ ေခၚယူလိုက္ၿပီျဖစ္ေၾကာင္း သတင္းမ်ားတြင္ ေရးသားေဖာ္ျပထားသည္။

သတင္း

ဂ်ပန္မက္ဆီဟု တင္စားျခင္းခံေနရသူ အသက္ ၁၈ ႏွစ္အရြယ္ရွိ  တာကီဖူဆာကူဘိုသည္ တုိက္စစ္မွဴးတစ္ဦးအျဖစ္သာ မက ကြင္းလယ္တုိက္စစ္ကစားသမားအျဖစ္ပါ ကစားႏိုင္စြမ္းရွိသူျဖစ္သည္။ ရီးရဲမက္ဒရစ္အသင္းသည္ တုိက္စစ္ကစားသမား တာကီဖူဆာကူဘိုအား ေခၚယူျခင္းအတြက္ အက္ဖ္စီတိုက်ိဳအသင္းထံသို႔ ေျပာင္းေရႊ႕ေၾကးအျဖစ္ ေပါင္ ၁.၇၈ သန္း ေပးေခ်ခဲ့ရၿပီး ၅ ႏွစ္သက္တမ္းရွိ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ျခင္းျဖစ္သည္။ တုိက္စစ္ကစားသမား တာကီဖူဆာကူဘိုသည္ လာမည့္ေဘာလံုးရာသီမွစတင္ကာ စပိန္တတိယတန္းတြင္ ပါ၀င္ယွဥ္ၿပိဳင္ေနသည့္ ရီးရဲမက္ဒရစ္ လူငယ္အသင္းတြင္ စတင္ပါ၀င္ကစားမည္ျဖစ္ၿပီး ရီးရဲမက္ဒရစ္အသင္းထံမွ တစ္ႏွစ္လုပ္ခေငြအျဖစ္ ယူ႐ုိတစ္သန္းရရွိမည္ျဖစ္ေၾကာင္း သတင္းမ်ားတြင္ ဆက္လက္ေရးသားထားသည္။ တုိက္စစ္ကစားသမား တာကီဖူဆာကူဘိုသည္ ၂၀၁၁ ခုႏွစ္မွ ဘာစီလိုနာအသင္း၏ လာမာစီယာအကယ္ဒမီသို႔ေရာက္ ရွိလာခဲ့ၿပီး ထုိစဥ္က အသက္ ၉ ႏွစ္သာရွိေသးသူျဖစ္သည္။ ဘာစီလိုနာအသင္းက ေခၚယူခဲ့သည့္  သတ္မွတ္အသက္ေအာက္ ငယ္ရြယ္သည့္ ကစားသမားမ်ားအနက္မွ တစ္ဦးအျဖစ္ ပါ၀င္ခဲ့သူ တာကီဖူဆာကူဘိုသည္ ၂၀၁၅ ခုႏွစ္ ဘာစီလိုနာလူငယ္အသင္းမ်ားတြင္ ပါ၀င္ကစားခြင့္ ပိတ္ပင္ခံခဲ့ရၿပီးေနာက္ အက္ဖ္စီတုိက်ိဳလူငယ္အသင္းသို႔ ေျပာင္းေရႊ႕လာခဲ့သူျဖစ္ကာ ၂၀၁၆ ခုႏွစ္တြင္ အက္ဖ္စီတုိက်ိဳပထမအသင္း၌ ပါ၀င္ခြင့္ရရွိခဲ့ၿပီး အက္ဖ္စီတုိက်ိဳအသင္း အတြက္ အမွတ္ေပးပြဲေပါင္း ၁၉ ပြဲ ပါ၀င္ကစားခဲ့ရာတြင္ ၄ ဂိုးသြင္းယူႏုိင္ခဲ့သူျဖစ္သည္။ တာကီဖူဆာကူဘိုသည္ ကြင္းလယ္တိုက္စစ္ကစားသမားတစ္ဦးအေနျဖင့္ နည္းစနစ္ပိုင္းၾကြယ္၀စြာျဖင့္ အေကာင္းဆံုး ကစားနုိင္စြမ္းရွိသူျဖစ္ကာ ပြဲတစ္ပြဲအေပၚ ၾကည့္ရႈသံုးသပ္ရာတြင္လည္း အေကာင္းဆံုး သံုးသပ္ႏိုင္စြမ္းရွိသူအျဖစ္ မီဒီယာ မ်ား၏ ခ်ီးက်ဴးေရးသားမႈ ခံေနရသူျဖစ္သည္။ တာကီဖူဆာကူဘိုသည္ ၎၏ ပထမဆံုးႏုိင္ငံတကာပြဲအျဖစ္ ဇြန္လ ၉ ရက္တြင္ ဂ်ပန္အသင္းက အယ္ဆာေဗးဒုိးအသင္းအား ၂-၀ ျဖင့္ အႏုိင္ရရွိခဲ့ေသာ ႏုိင္ငံတကာေျခစစ္ပြဲတြင္ ပါ၀င္ကစား ခြင့္ရရွိခဲ့ၿပီးေနာက္ ရက္အနည္းငယ္အၾကာတြင္ ရီးရဲမက္ဒရစ္အသင္းသုိ႔ ေျပာင္းေရႊ႕ရန္ သေဘာတူညီမႈမ်ား ရရွိခဲ့ျခင္းျဖစ္ သည္။ အဆုိပါေျခစမ္းပြဲတြင္ တာကီဖူဆာကူဘိုသည္ ပြဲခ်ိန္ ၆၇ မိနစ္တြင္ လူစား၀င္ကစားခြင့္ရရွိခဲ့ျခင္းျဖစ္သည္။ တုိက္စစ္ကစားသမား တာကီဖူဆာကူဘိုသည္ ဘရာဇီးႏုိင္ငံ၌ က်င္းပေနသည့္ ၂၀၁၉ ခုႏွစ္ ကိုပါအေမရိကဖလားၿပိဳင္ပြဲ တြင္ ပါ၀င္ယွဥ္ၿပိဳင္မည့္ ဂ်ပန္လက္ေရြးစင္အသင္းအတြက္ ေရြးခ်ယ္ခံထားရသူျဖစ္သည္။

ဂ်ပန္အသင္းသည္ ၂၀၁၉ ခုႏွစ္ကိုပါအေမရိကဖလားၿပိဳင္ပြဲ အုပ္စုပြဲမ်ားအျဖစ္ ဇြန္လ ၁၈ ရက္ေန႔တြင္ ခ်ီလီအသင္းႏွင့္လည္းေကာင္း၊ ဇြန္လ ၂၁ ရက္ေန႔တြင္ ဥ႐ုေဂြးအသင္းႏွင့္လည္းေကာင္း၊ ဇြန္လ ၂၅ ရက္ေန႔တြင္ အီေကြေဒါအသင္းႏွင့္လည္းေကာင္း ယွဥ္ၿပိဳင္ရ မည္ျဖစ္သည္။ 

Unicode Version

စပိန်ကလပ် ရီးရဲမက်ဒရစ်အသင်းသည် ဂျပန်လူငယ်တိုက်စစ်ကစားသမား တာကီဖူဆာကူဘိုအား ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့တွင် ဂျပန်ကလပ် အက်ဖ်စီတိုကျိုအသင်းထံမှ ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သတင်းများတွင် ရေးသားဖော်ပြထား သည်။
ဂျပန်မက်ဆီဟု တင်စားခြင်းခံနေရသူ အသက် ၁၈ နှစ်အရွယ်ရှိ  တာကီဖူဆာကူဘိုသည် တိုက်စစ်မှူးတစ်ဦးအဖြစ်သာ မက ကွင်းလယ်တိုက်စစ်ကစားသမားအဖြစ်ပါ ကစားနိုင်စွမ်းရှိသူဖြစ်သည်။ ရီးရဲမက်ဒရစ်အသင်းသည် တိုက်စစ်ကစား  သမား တာကီဖူဆာကူဘိုအား ခေါ်ယူခြင်းအတွက် အက်ဖ်စီတိုကျိုအသင်းထံသို့ ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၁.၇၈ သန်း ပေးချေခဲ့ရပြီး ၅ နှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ တိုက်စစ်ကစားသမား တာကီဖူဆာကူဘိုသည် လာမည့်ဘောလုံးရာသီမှစတင်ကာ စပိန်တတိယတန်းတွင် ပါဝင်ယှဉ်ပြိုင်နေသည့် ရီးရဲမက်ဒရစ် လူငယ်အသင်းတွင် စတင်ပါဝင်ကစားမည်ဖြစ်ပြီး ရီးရဲမက်ဒရစ်အသင်းထံမှ တစ်နှစ်လုပ်ခငွေအဖြစ် ယူရိုတစ်သန်းရရှိမည်ဖြစ်ကြောင်း သတင်းများတွင် ဆက်လက်ရေးသားထားသည်။ 
တိုက်စစ်ကစားသမား တာကီဖူဆာကူဘိုသည် ၂၀၁၁ ခုနှစ်မှ ဘာစီလိုနာအသင်း၏ လာမာစီယာအကယ်ဒမီသို့ရောက် ရှိလာခဲ့ပြီး ထိုစဉ်က အသက် ၉ နှစ်သာရှိသေးသူဖြစ်သည်။ ဘာစီလိုနာအသင်းက ခေါ်ယူခဲ့သည့်  သတ်မှတ်အသက်အောက် ငယ်ရွယ်သည့် ကစားသမားများအနက်မှ တစ်ဦးအဖြစ် ပါဝင်ခဲ့သူ တာကီဖူဆာကူဘိုသည် ၂၀၁၅ ခုနှစ် ဘာစီလိုနာလူငယ်အသင်းများတွင် ပါဝင်ကစားခွင့် ပိတ်ပင်ခံခဲ့ရပြီးနောက် အက်ဖ်စီတိုကျိုလူငယ်အသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ကာ ၂၀၁၆ ခုနှစ်တွင် အက်ဖ်စီတိုကျိုပထမအသင်း၌ ပါဝင်ခွင့်ရရှိခဲ့ပြီး အက်ဖ်စီတိုကျိုအသင်း အတွက် အမှတ်ပေးပွဲပေါင်း ၁၉ ပွဲ ပါဝင်ကစားခဲ့ရာတွင် ၄ ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်သည်။ 
တာကီဖူဆာကူဘိုသည် ကွင်းလယ်တိုက်စစ်ကစားသမားတစ်ဦးအနေဖြင့် နည်းစနစ်ပိုင်းကြွယ်ဝစွာဖြင့် အကောင်းဆုံး ကစားနိုင်စွမ်းရှိသူဖြစ်ကာ ပွဲတစ်ပွဲအပေါ် ကြည့်ရှုသုံးသပ်ရာတွင်လည်း အကောင်းဆုံး သုံးသပ်နိုင်စွမ်းရှိသူအဖြစ် မီဒီယာ များ၏ ချီးကျူးရေးသားမှု ခံနေရသူဖြစ်သည်။ တာကီဖူဆာကူဘိုသည် ၎င်း၏ ပထမဆုံးနိုင်ငံတကာပွဲအဖြစ် ဇွန်လ ၉ ရက်တွင် ဂျပန်အသင်းက အယ်ဆာဗေးဒိုးအသင်းအား ၂-၀ ဖြင့် အနိုင်ရရှိခဲ့သော နိုင်ငံတကာခြေစစ်ပွဲတွင် ပါဝင်ကစား ခွင့်ရရှိခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် ရီးရဲမက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှုများ ရရှိခဲ့ခြင်းဖြစ် သည်။ အဆိုပါခြေစမ်းပွဲတွင် တာကီဖူဆာကူဘိုသည် ပွဲချိန် ၆၇ မိနစ်တွင် လူစားဝင်ကစားခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ တိုက်စစ်ကစားသမား တာကီဖူဆာကူဘိုသည် ဘရာဇီးနိုင်ငံ၌ ကျင်းပနေသည့် ၂၀၁၉ ခုနှစ် ကိုပါအမေရိကဖလားပြိုင်ပွဲ တွင် ပါဝင်ယှဉ်ပြိုင်မည့် ဂျပန်လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံထားရသူဖြစ်သည်။ ဂျပန်အသင်းသည် ၂၀၁၉ ခုနှစ်ကိုပါအမေရိကဖလားပြိုင်ပွဲ အုပ်စုပွဲများအဖြစ် ဇွန်လ ၁၈ ရက်နေ့တွင် ချီလီအသင်းနှင့်လည်းကောင်း၊ ဇွန်လ ၂၁ ရက်နေ့တွင် ဥရုဂွေးအသင်းနှင့်လည်းကောင်း၊ ဇွန်လ ၂၅ ရက်နေ့တွင် အီကွေဒေါအသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ရ မည်ဖြစ်သည်။ 

   -   အကုန္သိသတင္းဌာန

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။