Skip to main content
အိန္ဒိယမှာ မိလ္လာကန်သန့် ရှင်းရေးလုပ်ရင်း လူ ၇ ဦး သေဆုံး
Ads Block
အိန္ဒိယမှာ မိလ္လာကန်သန့် ရှင်းရေးလုပ်ရင်း လူ ၇ ဦး သေဆုံး
အရေးပေါ်ကယ်ဆယ်ရေးသမားတွေက ပျောက်ဆုံးနေတဲ့ ၄င်းတို့ ၇ ဦးကို ရှာဖွေပြီး ၃ နာရီကြာ အပေါ်ကို ဆွဲတင်ခဲ့ရတာဖြစ်ပါတယ်။ ၄င်းတို့ သေဆုံးမှုနဲ့ ပတ်သက်ပြီး ဟိုတယ်ပိုင်ရှင်ကို စွဲချက်တင်ထားပါတယ်။
Unicode Version
အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်ရှိ ဟိုတယ်တစ်ခုမှာ မိလ္လာကန် သန့်ရှင်းရေးလုပ်နေစဉ်အတွင်း အလုပ်သမား ၇ ဦး သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။
သေဆုံးသူ ၇ ဦးမှာ ၄ ဦးက မိလ္လာသန့်ရှင်းရေးသမားတွေဖြစ်ပြီး ၃ ဦးကတာ့ Darshsan ဟိုတယ်က ဝန်ထမ်းတွေဖြစ်တယ်လို့ သိရပါတယ်။ ၎င်း ၇ ဦးဟာ မိလ္လာကန်ထဲက ထွက်လာတဲ့ အဆိပ်အတောက် ဓာတ်ငွေ့တွေကို ရှူမိပြီးနောက် သတိလစ်ကာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။
ရဲတွေရဲ့ပြောကြားချက်အရ အဆိုပါမိလ္လာကန်ထဲကို သန့်ရှင်းရေးသမားတစ်ဦး စဆင်းသွားခဲ့ပြီးနောက် ပြန်တက်မလာတာကြောင့် အခြားသန့်ရှင်းရေးသမား သုံးဦးကလည်း ကန်ထဲလိုက်ဝင်သွားခဲ့တာဖြစ်ပါတယ်။ ထို့နောက် ၎င်းတို့တွေလည်းပြန်တက်မလာတာကြောင့် ဟိုတယ်ဝန်ထမ်းသုံးဦးကလည်း ကူညီဖို့ဆင်းသွားခဲ့ကြတာလို့ဆိုပါတယ်။ ဒါပေမဲ့လည်း အဆိပ်အတောက် ဓာတ်ငွေ့တွေကြောင့် ၎င်းတို့အကုန်လုံး သတိလစ်ကာ အခုလိုသေဆုံးခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
အရေးပေါ်ကယ်ဆယ်ရေးသမားတွေက ပျောက်ဆုံးနေတဲ့ ၎င်းတို့ ၇ ဦးကို ရှာဖွေပြီး ၃ နာရီကြာ အပေါ်ကို ဆွဲတင်ခဲ့ရတာဖြစ်ပါတယ်။ ၎င်းတို့ သေဆုံးမှုနဲ့ ပတ်သက်ပြီး ဟိုတယ်ပိုင်ရှင်ကို စွဲချက်တင်ထားပါတယ်။
ဂှုဂျာရတ်ပြည်နယ် အာဏာပိုင်တွေ့က သေဆုံးသူတွေအတွက် ငွေကြေးထောက်ပံ့မှုတွေ ပေးသွားမှာဖြစ်ကြောင်း ကတိပြုခဲ့ကြပါတယ်။
- မေ (အကုန်သိ သတင်းဌာန ) | Ref : BBC
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။