Skip to main content
အိႏၵိယမွာ အပူလႈိင္းျဖတ္လုိ ့ လူ ၄၀ ခန္ ့ေသဆုံး
Ads Block

အိႏၵိယမွာ အပူလႈိင္းျဖတ္လုိ ့ လူ ၄၀ ခန္ ့ေသဆုံး

အိႏၵိယႏိုင္ငံရဲ႕ အေရွ႕ေျမာက္ပိုင္းျပည္နယ္တစ္ခုျဖစ္တဲ့ ဘီဟာမွာ စေနေန ့က အပူလႈိင္းျဖတ္ခဲ့တာေၾကာင့္ အနည္းဆံုး လူ ၄၀ ေလာက္ ေသဆံုးခဲ့ေၾကာင္း NDTV သတင္းမွာ ေဖာ္ျပပါတယ္။
ယခုလအတြင္း အဆိုပါျပည္နယ္ရဲ႕ Muzzafurpur ၿမိဳ ့မွာ   ျပင္းထန္တဲ့ ဦးေႏွာက္အေျမွးေရာင္းရမ္း ေရာဂါလကၡဏာေတြျဖစ္ေပၚခဲ့ၿပီး ကေလးငယ္ ၇၃ ဦးေသဆံုးခဲ့ရတဲ့ျဖစ္စဥ္ေနာက္ပုိင္း အခုျဖစ္ရပ္ေတြျဖစ္ခဲ့တာပါ။
ဒါေပမယ့္ အပူလႈိင္းေၾကာင့္ ေသဆံုးရသူအမ်ားစုဟာ Aurangabad, Gaya နဲ႔ Nawada ၿမိဳ ့ေတြကျဖစ္ၿပီး Aurangabad တစ္ၿမိဳ ့တည္းမွာပင္ ေသဆံုးသူ ၂၇ ဦးရွိတယ္လို႔ NDTV သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။
ျမင့္မားတဲ့ အပူဒဏ္ေၾကာင့္ ေသလုေမ်ာပါးလူနာေတြ ေဒသတြင္းမွာ အေတာ္ေလးျမင့္တက္လာၿပီး ေဆးရံုေတြမွာလည္း ထိုကဲ့သို႔ လူနာအမ်ားအျပားကို ကုသေပးေနရေၾကာင္းနဲ ့ ေသဆံုးခဲ့သူအားလုံးဟာ ျမင့္မားတဲ့အပူဒဏ္ အဖ်ားေရာဂါေတြေၾကာင့္ ေသဆုံးခဲ့ရတာျဖစ္ေၾကာင္းAurangabad ေဒသတြင္း ေဆးရံုတစ္ခုရဲ႕ ဆရာ၀န္ Surendra Prasad Singh က ANT သတင္းဌာနကိုေျပာၾကားခဲ့ပါတယ္။
ဂါယာၿမိဳ႕မွာလည္း အပူဒဏ္ေၾကာင့္ ကံမေကာင္းစြာနဲ႔ပဲ လူ ၁၂ ဦးေသဆံုးခဲ့ရၿပီး အပူခိ်န္ေလ်ာ့သြားတဲ့ အခ်ိန္ထိ အတတ္ႏိုင္ဆံုးအျပင္မထြက္ၾကဖို႔ က်န္းမာေရး၀န္ႀကီးဌာနက ေဒါက္တာ Harsh Vardhan က အႀကံျပဳထားပါတယ္။ အပူခ်ိန္လြန္ကဲမႈေၾကာင့္ ဦးေႏွာက္ကို ထိခိုက္ေစၿပီး အမ်ိဳးမ်ိဳးေသာ က်န္းမာေရးျပႆနာေတြကို ျဖစ္ေပၚေစနိုင္တယ္လို႔ ၄င္းကေျပာထားပါေသးတယ္။
အိႏၵိယနိုင္ငံရဲ႕ ေျမာက္ပိုင္းျပည္နယ္ ေလးခု ရဲ႕ ၄၈ ဒီဂရီနဲ႔ အထက္ထိ ရွိခဲ့တဲ့ ျမင့္မားတဲ့အပူခ်ိန္မွတ္တမ္းအရ ဒီႏွစ္ရဲ႕ အဆိုး၀ါးဆံုး အပူလႈိင္းျဖတ္မႈကို ႏိုင္ငံအေနနဲ႔ ႀကံဳေတြ႔ခဲ့ရတာပဲျဖစ္ပါတယ္။
ႏွစ္ရက္ဆက္တိုက္ အပူခ်ိန္ ၄၅ ဒီဂရီ ဆဲလ္ဆီးယက္ နဲ႔အထက္ ျဖစ္ကတည္းက အပူလႈိင္းျဖတ္သန္းမႈကို ႏိုင္ငံေတာ္က တရား၀င္ေၾကညာခဲ့ပါတယ္။
 

Ref : bdnews24

Unicode Version

 

အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ပိုင်းပြည်နယ်တစ်ခုဖြစ်တဲ့ ဘီဟာမှာ စနေနေ့က အပူလှိုင်းဖြတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၄၀ လောက် သေဆုံးခဲ့ကြောင်း NDTV သတင်းမှာ ဖော်ပြပါတယ်။
ယခုလအတွင်း အဆိုပါပြည်နယ်ရဲ့ Muzzafurpur မြို့မှာ   ပြင်းထန်တဲ့ ဦးနှောက်အမြှေးရောင်းရမ်း ရောဂါလက္ခဏာတွေဖြစ်ပေါ်ခဲ့ပြီး ကလေးငယ် ၇၃ ဦးသေဆုံးခဲ့ရတဲ့ဖြစ်စဉ်နောက်ပိုင်း အခုဖြစ်ရပ်တွေဖြစ်ခဲ့တာပါ။
ဒါပေမယ့် အပူလှိုင်းကြောင့် သေဆုံးရသူအများစုဟာ Aurangabad, Gaya နဲ့ Nawada မြို့တွေကဖြစ်ပြီး Aurangabad တစ်မြို့တည်းမှာပင် သေဆုံးသူ ၂၇ ဦးရှိတယ်လို့ NDTV သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
မြင့်မားတဲ့ အပူဒဏ်ကြောင့် သေလုမျောပါးလူနာတွေ ဒေသတွင်းမှာ အတော်လေးမြင့်တက်လာပြီး ဆေးရုံတွေမှာလည်း ထိုကဲ့သို့ လူနာအများအပြားကို ကုသပေးနေရကြောင်းနဲ့ သေဆုံးခဲ့သူအားလုံးဟာ မြင့်မားတဲ့အပူဒဏ် အဖျားရောဂါတွေကြောင့် သေဆုံးခဲ့ရတာဖြစ်ကြောင်းAurangabad ဒေသတွင်း ဆေးရုံတစ်ခုရဲ့ ဆရာဝန် Surendra Prasad Singh က ANT သတင်းဌာနကိုပြောကြားခဲ့ပါတယ်။
ဂါယာမြို့မှာလည်း အပူဒဏ်ကြောင့် ကံမကောင်းစွာနဲ့ပဲ လူ ၁၂ ဦးသေဆုံးခဲ့ရပြီး အပူချိန်လျော့သွားတဲ့ အချိန်ထိ အတတ်နိုင်ဆုံးအပြင်မထွက်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက ဒေါက်တာ Harsh Vardhan က အကြံပြုထားပါတယ်။ အပူချိန်လွန်ကဲမှုကြောင့် ဦးနှောက်ကို ထိခိုက်စေပြီး အမျိုးမျိုးသော ကျန်းမာရေးပြဿနာတွေကို ဖြစ်ပေါ်စေနိုင်တယ်လို့ ၎င်းကပြောထားပါသေးတယ်။
အိန္ဒိယနိုင်ငံရဲ့ မြောက်ပိုင်းပြည်နယ် လေးခု ရဲ့ ၄၈ ဒီဂရီနဲ့ အထက်ထိ ရှိခဲ့တဲ့ မြင့်မားတဲ့အပူချိန်မှတ်တမ်းအရ ဒီနှစ်ရဲ့ အဆိုးဝါးဆုံး အပူလှိုင်းဖြတ်မှုကို နိုင်ငံအနေနဲ့ ကြုံတွေ့ခဲ့ရတာပဲဖြစ်ပါတယ်။
နှစ်ရက်ဆက်တိုက် အပူချိန် ၄၅ ဒီဂရီ ဆဲလ်ဆီးယက် နဲ့အထက် ဖြစ်ကတည်းက အပူလှိုင်းဖြတ်သန်းမှုကို နိုင်ငံတော်က တရားဝင်ကြေညာခဲ့ပါတယ်။
Ref : bdnews24

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။