Skip to main content
ဂိမ်း မကစားဖို့ တားမြစ်တာကြောင့် မိသားစုဝင်တွေကို အဆိပ်ခတ်သတ်ဖို့ ကြံစည်ခဲ့တဲ့ အမျိုးသား
Ads Block

ဂိမ်း မကစားဖို့ တားမြစ်တာကြောင့် မိသားစုဝင်တွေကို အဆိပ်ခတ်သတ်ဖို့ ကြံစည်ခဲ့တဲ့ အမျိုးသား

ပထွေးဖြစ်သူက ကွန်ပျူတာကို သိမ်းလိုက်ပြီးနောက် ဇွန် ၁၂ ရက်နေ့က  သားဖြစ်သူဟာ ညလယ်ခေါင်ကြီး ၄င်းရဲ့ ဖုန်းနဲ့ ဆူညံစွာအော်ဟစ် ဂိမ်ကစားနေခဲ့တယ်လို့ လည်း မိခင်ဖြစ်သူက ပြောခဲ့ပါတယ်။

Ref : The Nation

Unicode Version

 

ထိုင်းနိုင်ငံ Si Sa Ket ပြည်နယ်မှ အသက် ၂၉ အရွယ် အမျိုးသားတစ်ဦးဟာ အိမ်မှာ ဗွီဒီယိုဂိမ်းကစားတာတွေ မလုပ်တော့ဖို့ တားမြစ်ခံရတာကြောင့် ဒေါသထွက်ကာ အိမ်သုံးရေစည်ထဲကို ပိုးသတ်ဆေးထည့်ပြီး မိသားစုဝင်တွေကို အဆိပ်ခတ်ဖို့ ကြံစည်ခဲ့ပါတယ်။
၎င်း ဖြစ်စဉ်ကြောင့် တစ်ဦးတစ်ယောက်မှတော့ ထိခိုက်ခြင်းမရှိခဲ့ပေမယ့် အတော်လေးစိုးရိမ်ထိတ်လန့်ခဲ့ရကာ အခုထိ ထိတ်လန့်နေတုန်းပဲလို့ မိခင်ဖြစ်သူ Suban Duanjan( ၅၁ နှစ်) က ပြောခဲ့ပါတယ်။
ပထွေးဖြစ်သူက ကွန်ပျူတာကို သိမ်းလိုက်ပြီးနောက် ဇွန် ၁၂ ရက်နေ့က  သားဖြစ်သူဟာ ညလယ်ခေါင်ကြီး ၎င်းရဲ့ ဖုန်းနဲ့ ဆူညံစွာအော်ဟစ် ဂိမ်ကစားနေခဲ့တယ်လို့ လည်း မိခင်ဖြစ်သူက ပြောခဲ့ပါတယ်။
ရေက တစ်ခုခုထူဆန်းနေတာကို သတိပြုမိခဲ့တဲ့အတွက် ထိုအဆိပ်ခတ်မှုမှာ တစ်မိသားစုလုံး ကံဆိုးမိုးမှောင်မကျခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာတစ်ဝန်းမှာ ထိုကဲ့သို့ ဗွီဒီယိုဂိမ်းကို ဆေးစွဲသလိုစွဲ နေတဲ့ လူငယ်ပေါင်း သန်းနဲ့ချီရှိမယ်လို့ ခန့်မှန်းရပြီး ဂိမ်းစွဲတာကနေလည်း မူးယစ်ဆေး၊ အရက်စွဲသလိုပဲ စိတ်ကစဉ့်ကလျားဖြစ်ပေါ်စေတယ်လို့ WHO က မတ်လအတွင်းမှာ တရားဝင် အသိအမှတ်ပြုထားခဲ့ပါတယ်။
ထိုကဲ့သို့ ဂိမ်းစွဲလမ်းပြီး စိတ်ကစဉ့်ကလျားဖြစ်စေခြင်းဟာ ဂိမ်ကစားခြင်းကို ဘယ်လိုမှ ရပ်တန့်လို့ မရတော့ဘဲ ကျောင်း၊ အလုပ်၊ အိပ်ချိန် တွေနဲ မိသားစုဝင်တွေရဲ့ ဆက်ဆံရေးကိုတောင် အနှောက်အယှက်ဖြစ်လာစေပါတယ်။

Ref : The Nation

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။