Skip to main content
စီးပွားဖြစ်သီချင်းဆိုသူများအနေဖြင့် မူရင်းသီချင်းပိုင်ရှင်ထံမှ ခွင့်ပြုချက်တောင်းခံရန်လိုအပ်ဟု ဆို
Ads Block

စီးပွားဖြစ်သီချင်းဆိုသူများအနေဖြင့် မူရင်းသီချင်းပိုင်ရှင်ထံမှ ခွင့်ပြုချက်တောင်းခံရန်လိုအပ်ဟု ဆို

ထို့အပြင် ပြိုင်ပွဲများမှ ဆုရရှိပြီး ဂီတလောကသို့ အလျင်အမြန်ရောက်ရှိသွားသော အဆိုတော်များအနေဖြင့် ကိုယ်ပိုင်သီချင်းများဖြင့် အောင်မြင်မှုရရှိရေးကြိုးစားရန်လိုအပ်ကြောင်းလည်း ၄င်းက ဆက်ပြောသည်။
လက်ရှိ၌ မြန်မာနိုင်ငံတွင် စာပေ၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်၊ ဂီတစသည့် စာပေနှင့် အနုပညာရပ်များနှင့်ပတ်သက်၍ ဥာဏပစ္စည်းပိုင်ဆိုင်မှုဥပဒေ တိတိကျကျမရှိသေးသည့်အတွက် လိုအပ်နေကြောင်း ဝေဖန်ထောက်ပြမှုများ ရှိနေသည်။


Unicode Version

 

စီးပွားဖြစ်သီချင်းသီဆိုသူများအနေဖြင့် မူရင်းသီချင်းပိုင်ရှင်ထံ ခွင့်ပြုချက်တောင်းခံရန်လိုအပ်ကြောင်း တေးရေး မြင့်မိုးအောင်က ပြောလိုက်သည်။
သီချင်းများကို ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ စီးပွားဖြစ်သီဆိုဖျော်ဖြေနေမှုများနှင့်ပတ်သက်ပြီး ယခုကဲ့သို့ ပြောခြင်း ဖြစ်သည်။
“ ပြိုင်ပွဲမှာဆိုရင်တော့ သီချင်းကိုသီချင်းစီစဉ်ပေးသူတွေက အမြဲစီစဉ်ပေးတဲ့အခါ လွတ်လွတ်လပ်လပ် ဆိုလို့ရပေမဲ့လည်း အပြင်မှာတကယ့်စီးပွားဖြစ်ဆိုတဲ့အခါမှာတော့ သီချင်းတွေကိုဆိုဖို့၊ ခွင့်ပြုချက်တောင်းဖို့၊ လိုအပ်သလို ခွင့်ပြုချက်တောင်းစရာမလိုဘူး။ ငါတို့ဆိုချင်သလို ဆိုလို့ရတယ်ဆိုတဲ့ပုံစံမျိုး မလုပ်သင့်ဘူး” ဟု တေးရေးမြင့်မိုးအောင်က ပြောသည်။
ထို့အပြင် ပြိုင်ပွဲများမှ ဆုရရှိပြီး ဂီတလောကသို့ အလျင်အမြန်ရောက်ရှိသွားသော အဆိုတော်များအနေဖြင့် ကိုယ်ပိုင်သီချင်းများဖြင့် အောင်မြင်မှုရရှိရေးကြိုးစားရန်လိုအပ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
လက်ရှိ၌ မြန်မာနိုင်ငံတွင် စာပေ၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်၊ ဂီတစသည့် စာပေနှင့် အနုပညာရပ်များနှင့်ပတ်သက်၍ ဉာဏပစ္စည်းပိုင်ဆိုင်မှုဥပဒေ တိတိကျကျမရှိသေးသည့်အတွက် လိုအပ်နေကြောင်း ဝေဖန်ထောက်ပြမှုများ ရှိနေသည်။

- ကေကေခင် ( အကုန်သိ သတင်းဌာန )

 

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။